နားထဲမှာ ပိုးဟတ် မိသားစုလိုက် ၀င်နေတဲ့ တရုတ်အမျိုးသား

Twitter / Latestly

တရုတ်နိုင်ငံက အသက်(၂၄)နှစ်အရွယ် Mr. Lv ဆိုတဲ့အမျိုးသားဟာ သူ့နားထဲစူးရှရှနာကျင်လာလို့ ကြည့်လိုက်ရာမှ ပိုးဟတ်မိသားစုလိုက် နားထဲမှာ အိမ်လုပ်ပြီး နေနေကြတာကိုတွေ့လိုက်ရပါတယ်။

 Lvက သူ့နားထဲမှာ တစ်ခုခုက ကုတ်ခြစ်သွားလာနေတာကြောင့် ဘာလဲဆိုပြီး အိမ်ကလူတွေကို နားထဲမီးထိုးကြည့်ခိုင်းတဲ့အခါ ပိုးဟတ်သားပေါက်လေးတွေ ရှိနေတာကို တွေ့ရှိခဲ့ကြတာပါ။

အဲဒီအချိန်မှာပဲ Sanhe ဆေးရုံမှာရှိတဲ့ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန် Dr. Zhong Yijinဆီအပြေးသွားခဲ့ကြပါတယ်။

Weibo

ဆရာဝန်ကြည့်တဲ့အခါမှာတော့ LV နားထဲမှာ ပိုးဟတ်လေးတွေပြေးနေတာကိုတွေ့ခဲ့ပြီး၊ ဇာကနာနဲ့ ဆွဲထုတ်တဲ့အခါ နားထဲကနေ ပိုးဟတ်ပေါက်(၁၀)ကောင်ကျော်နဲ့ ပိုးဟတ်အမေကြီးတစ်ကောင်ထွက်ရှိလာခဲ့ပါတယ်။ ဒါဟာ ရှားပါးဖြစ်ရပ်တစ်ခုပါ။ အခုလိုဖြစ်တာဟာ စားပြီးသားအစားအစာတွေကို မရှင်းလင်းဘဲအိပ်ရာနား ထားအိပ်တာကြောင့် ဒီပြဿနာဖြစ်ရတာလို့ဆရာဝန်က AsiaWireမီဒီယာကို ပြောပါတယ်။

အိမ်တွင်းသန့်ရှင်းမှုရှိခြင်းဟာ ပိုးဟတ်တွေရောက်ရှိလာခြင်းနဲ့ပျံ့ပွားလာခြင်းကို အကောင်းဆုံးတားဆီးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အိမ်တစ်အိမ်သန့်ရှင်းဖို့က အရေးကြီးဆုံးဖြစ်ပြီး၊ ရေနုတ်မြောင်းတွေ ၊မိလ္လာရေပိုက်လိုင်းတွေကို မကြာခဏပိုးသတ်ဖို့၊ ခြင်လုံဇကာတွေတပ်ဆင်ဖို့နဲ့ ပြတင်းပေါက်တွေကိုဖွင့်ထားဖို့ လိုအပ်ပါတယ်။

Weibo

တရုတ်အမျိုးသား Lvရဲ့နားထဲမှာ ပိုးဟတ်မိသားစု ဘယ်နှစ်ရက်ကြာနေခဲ့သလဲဆိုတာတော့ သေချာမသိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က ဖလော်ရီဒါမှာ  Lvလို အလားတူ ဖြစ်ရပ်မျိုး Katie Holleyဆိုတဲ့အမျိုးသမီးတစ်ယောက်လည်းဖြစ်ခဲ့ပါသေးတယ်။ သူမဆိုရင် နားထဲမှ ပိုးဟတ်တွေက ကိုးရက်ကြာအောင်နေထိုင်ခဲ့ကြတာပါ။  တစ်ညအိပ်ရာကနိုးလာတော့သူမဘယ်ဘက်နားတစ်ခုလုံးရေခဲတုံးထည့်ထားသလို တစ်စစ်စစ်နဲ့ဖြစ်လာတာကြောင့်၊ ဂွမ်းတံနဲ့နားကို လုပ်ကြည့်လိုက်တဲ့အခါမှာ အညိုရောင်ခြေထောင်အပိုင်းအစလေးနှစ်ဆထွက်လာခဲ့ပါတယ်။ သူမကြောက်လန့်ပြီး ဆရာဝန်ဆီပြေးရာ ဆေးရုံရောက်တော့မှ ဆရာဝန်က ပိုးဟတ်တစ်ကောင်လုံးကို ဆွဲထုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။

Khaing

SHARE