လူနာတင်ကားကို စိတ်ကူးထဲက အိမ်လေးအဖြစ် ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အမျိုးသား

imgur.com

အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လူနာတင်ကားအဟောင်းကြီးကို စိတ်ကူးထဲက အိမ်လေးအဖြစ် ကိုယ်တိုင်ဆောက်လုပ်ဖန်တီးခဲ့ကြောင်း boredpanda သတင်းမှတဆင့် သိရှိရပါတယ်။ ထိုအမျိုးသား နာမည်ကတော့ မိုက်ကယ်ပါ။ သူဟာ အသက်(၂၃) နှစ်မှာ ဗန်ကားအဟောင်းတစ်စီးကို ၀ယ်ယူခဲ့ပါတယ်။ အဲ့ဒီဗန်ကားဟောင်းကြီးကိုပဲ အထဲမှာ နေလို့ရအောင်၊ အိပ်လို့ရအောင် ပြင်ဆင်ပြီးနောက်မှ ကားကြီးနဲ့ ခရီးတွေလျှောက်ထွက်နေခဲ့တာ ဖြစ်ပါတယ်။

imgur.com

မိုက်ကယ်က သူ့အနေနဲ့ အိမ်တစ်လုံးပိုင်ဖို့ဆိုတာ ငွေကြေးမတတ်နိုင်တာကြောင့် ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ နေထိုင်ဖို့ အိမ်ဆောက်ရကြောင်း ပြောပြပါတယ်။ မိုက်ကယ်ရဲ့ ဗန်ကားကြီးက အစကတော့ တန်နက်စီပြည်နယ်က မြို့လေးတစ်မြို့မှာသုံးတဲ့ လူနာတင်ကားကြီးပါ။ နောက်ပိုင်းတော့ ကားကို မြက်အတုတွေ သယ်ဖို့အတွက်ဆိုပြီး ကုမ္ပဏီတစ်ခုက သုံးခဲ့ပါသေးတယ်။ ဗန်ကားရဲ့ အရွယ်အစားကတော့ ကွန်တိန်နာတစ်လုံးသာသာပါပဲ။

READ
မိန်းကလေးတစ်ယောက်ကို စိတ်ဆိုး၊ဒေါသထွက်စေမယ့် မပြောသင့်တဲ့စကားတွေ ...
imgur.com

မိုက်ကယ်ရဲ့ အလုပ်အကိုင်က ကွန်ပြူတာပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ဗန်ကားကြီးကို အိမ်အဖြစ် ပြောင်းလဲဖန်တီးဖို့ စဉ်းစားစဉ်မှာ သူ့ရဲ့ ပန်းချီနဲ့ ဒီိဇိုင်းအတတ်ပညာက တော်တော်လေး အသုံးဝင်ခဲ့တယ်လို့ မိုက်ကယ်က ဆိုပါတယ်။ သူ့ဗန်ကားကြီးကိုတော့ မိုက်ကယ်က ဘီဟီမော့သ်လို့ နာမည်ပေးထားပါတယ်။

ကားကြီးကို စ၀ယ်ပြီးပြီးချင်းမှာပဲ အထဲမှာပေကျံစွန်းထင်းနေတဲ့ သွေးတွေကို သူက အရင်ဆေးကြောရပါတယ်။ လူနာတင်ယာဉ်ဆိုတော့ ဗန်ကားထဲမှာ လူတွေဘာတွေ သေဖူးရင်လည်း သေဖူးမှာပါပဲ။ ဒါပေမယ့် မိုက်ကယ်ကတော့ မကြောက်ပါဘူး။ လူနာတင်ယာဉ်ထဲမှာ သေတဲ့သူတွေက သေကြသလို လူနာတင်ယာဉ်ကြောင့်ပဲ ကယ်ဆယ်နိုင်ခဲ့တဲ့ အသက်တွေလည်း ရှိပါတယ်လို့ သူက ရှင်းပြပါတယ်။ ကားထဲက မလိုအပ်တာတွေ အကုန်ဖယ်ထုတ်ပြီးနောက်မှာတော့ မိုက်ကယ်ဟာ သူ့စိတ်ကူးထဲက ဒီဇိုင်းအတိုင်း အိမ်ကို စတင်ဆောက်လုပ်ပါတော့တယ်။

imgur.com
imgur.com
imgur.com
imgur.com

မိုက်ကယ်ဟာ အတွင်းဒီဇိုင်းကို သစ်အမျိုးမျိုး အသုံးပြုကာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး မက္ကင်းနစ်သူငယ်ချင်းတစ်ဦးဆီကလည်း အကူအညီအချို့ရရှိခဲ့တဲ့အတွက် အိမ်လေးဟာ အဆင်ပြေခဲ့ပါတယ်။ လေးလအကြာမှာတော့ မိုက်ကယ်ရဲ့ဗန်ကားအိမ်လေးဟာ အခုလို ပုံပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုက်ကယ်က ယာဉ်တွေကို အိမ်အဖြစ်ပြောင်းလဲဖန်တီးမယ့် ဆောက်လုပ်ရေးအလုပ်ကို အချိန်ပြည့်လုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

READ
Busyအမြဲဖြစ်ပေမယ့် သူငယ်ချင်းကောင်းဖြစ်အောင်နေနည်း
imgur.com
imgur.com
imgur.com
imgur.com
imgur.com
imgur.com

လင်းလင်း (ShweMom)

SHARE