နာမည်ကြီးမလားဆိုပြီး ပေါက်ခဲ့တဲ့ဗီဒီယိုအတိုင်း ပြန်ရိုက်ခဲ့လို့ အဖမ်းခံခဲ့ရသူ

KETK/YouTube, Parish Sheriff's Office

အပျော်ကနေအပျက်ဖြစ်တယ်ဆိုတာ ဒါကိုပြောတာပါ။ အခုလာ Facebook နဲ့ Twitter မှာ အမျိုးသမီးတစ်ယောက်ဟာ စူပါမားကတ် ရေခဲသေတ္တာထဲက ရေခဲမုန့်ဗူးတစ်ဗူးကို ယူ၊ ဖွင့်ကာ ရေခဲမုန့်မျက်နှာပြင်ကို လျှာနဲ့ကောက်လျက်လိုက်ကာ အဖုံးပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ခဲ့တဲ့ ဗီဒီယိုတစ်ခု ခေတ်စားနေခဲ့ပါတယ်။

ဒီဗီဒီယိုကြောင့်ပဲ အဆိုပါအမျိုးသမီးဟာ စားသောက်ကုန်ဥပဒေ အဆင့် ၂ နဲ့ တရားစွဲခြင်းခံခဲ့ရပြီး ထောင်ဒဏ်အနှစ် ၂၀ သို့မဟုတ် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁ သောင်း၊ နှစ်ခုထဲက တစ်ခုကို ရွေးချယ်စေခဲ့တယ်လို့ Shwemom မှ ဖော်ပြခဲ့ပြီးပါပြီ။

အခုနောက်ထပ်သတင်းတစ်ပုဒ် ထပ်တက်လာတာကတော့ ပထမအမျိုးသမီးလိုပဲ ညစ်ညစ်ပတ်ပတ်လုပ်ပြီး ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့တယ်လို့ Mirror မှာ ဖော်ပြထားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ အမေရိကက လူဝီစီယားနားပြည်နယ်ထဲက စူပါမာားကတ်တစ်ခုမှာ ရေခဲမုန့်ကို အရှေ့ကအတိုင်း လျှာနဲ့လျက်ကာ ရေခဲသေတ္တာထဲ ပြန်ထည့်ခဲ့တာပါ။ တစ်မူထူးခြားတာက လျှာနဲ့မလျက်ခင်မှာပဲ အင်္ကျီအပြာရောင်ဝတ်ထားခဲ့တဲ့ အမျိုးသားဟာ ရေခဲမုန့်ဗူးထဲ သူ့ရဲ့လက်ညှိုးကြီးကို ထိုးထည့်ခဲ့ပါသေးတယ်။

READ
(၇)လအရွယ်ကိုယ်ဝန်နဲ့တောင် မိကျောင်းနပန်းသတ်အလုပ်ကိုမစွန့်လွှတ်တဲ့မိခင်

ဒီဗီဒီယိုဟာလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာမှ အဆိုပါအမျိုးသားကို လိုက်လံရှာဖွေခဲ့ရာ တရားခံမှာ အသက် ၃၆ နှစ်အရွယ် Lenise Martin III ဆိုသူဖြစ်ပြီး အခုအချိန်မှာတော့ တရားရင်ဆိုင်နေခဲ့ရပါတယ်။ တစ်ခုရှိတာက Lenise Martin III ဟာ ပထမအမျိုးသမီးတုန်းကလို ရေခဲမုန့်ကို မဝယ်ဘဲ ဒီအတိုင်း ပစ်ထားခဲ့တာမျိုးမဟုတ်ဘဲနဲ့ ဗီဒီယိုထဲမှာသာ ထားခဲ့ဟန်ပြခဲ့ကာ ထွက်သွားခဲ့ပေမယ့် ချက်ချင်းဆိုသလို ဆိုင်ထဲကိုပြန်သွားကာ သူလျက်ထားတဲ့ရေခဲမုန့်ဗူးကို ပြန်ဝယ်ခဲ့တယ်ဆိုတဲ့ ဘောက်ချာစာရွက်ရှိနေခဲ့ပါတယ်။

Parish Sheriff’s Office

ဒီအမျိုးသားအပြင် တခြားလူတွေဟာလည်း ရူးကြောင်ကြောင်နိုင်တဲ့ ပုံစံမျိုးနဲ့ အအေးတွေကို ငုံပြီး ထွေးထုတ်ကာ စင်ပေါ်ပြန်တင်ထားတာတို့၊ ပလုတ်ကျင်းဆေးရေတွေကို ပလုတ်ကျင်းပြီး ဗူးထဲပြန်ပိတ်ကာ မဝယ်ဘဲ ထွက်သွားတာတို့ပါ လုပ်လာကြတဲ့အတွက် ရဲဖက်မှတော့ နောက်နောင် အဲဒီလိုဗီဒီယိုတွေ တက်လာခဲ့ရင် သို့မဟုတ် လုပ်ခဲ့ရင် အကြောင်းပြချက်ဘာမှလက်မခံတော့မှာမဟုတ်ဘဲ ထောင်ချပစ်မယ်ဆိုပြီး တရားဝင်ကြေငြာခဲ့ပါပြီ။

Penny

READ
ဒေါက်ဖိနပ်ကို ဘယ်၊ညာ မှားစီးပြီး ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားတဲ့ကောင်မလေး

Source : Mirror

SHARE