Met Gala ပွဲက Harry Styles နဲ့တစ်ပုံစံတည်းဝတ်ကာ လန်ဒန်မြို့ကို ပတ်ခဲ့တဲ့အမျိုးသား

One Direction အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Harry Styles ဟာ မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Met Gala ပွဲအခမ်းအနားကို ဆန်းဆန်းပြားပြားဝတ်ဆင်တက်ရောက်ခဲ့ရာ လူအများရဲ့အာရုံတွေကို ဖမ်းစားပစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ Met Gala ပွဲခမ်းအနားရဲ့ theme ဟာ Camp ဖြစ်ပြီး သတ်မှတ်ထားတဲ့အရောင်ကတော့ ပန်းရောင်ဖြစ်တာကြောင့် ပွဲရဲ့လျှောက်လမ်းဟာလည်း အရင်လို red carpet မဟုတ်တော့ဘဲ pink carpet ဖြစ်လို့နေခဲ့တာပါ။

Harry ဟာ ပွဲရဲ့ theme နဲ့လျော်ညီစွာ ဝတ်စားဆင်ယင်ခဲ့သော်လည်း ဇာပါးအင်္ကျီ၊ အောက်ကိုအနည်းငယ်ပွယောင်းတဲ့ဘောင်းဘီ၊ ခွာအမြင့်ပါတဲ့ရှူးဖိနပ်၊ နားကပုလဲနားစွဲနဲ့ လက်သည်းနီဆိုးထားတဲ့ လက်ချောင်းလေးတွေပေါ်မှာ လက်စွတ်လေးတွေဝတ်ဆင်ထားတဲ့အတွက်ကြောင့်မို့ လူပြောများနေပြီး လူအများရဲ့စိတ်ဝင်စားခြင်းကို တော်တော်လေးခံနေရပါတယ်။

Invision
REX

ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ GUCCI ရဲ့ product တွေကို တစ်ကိုယ်လုံးဆင်ယင်ကာ ပွဲတက်လာပုံကိုကြည့်ပြီး လူတော်တော်များများက Harry Styles ဟာ အမျိုးသမီးတစ်ယောက်ရဲ့ဝတ်ဆင်ပုံနဲ့အရမ်းတူနေတယ်ဆိုပြီး ပြောနေခဲ့ကြပါတယ်။ ဒီလိုကြောင့်လည်း ၂၀၁၉ Met Gala ရဲ့ လူစိတ်ဝင်စားမှုအခံရဆုံး ပွဲတက်ဝတ်စုံတွေထဲ့ Harry ရဲ့ဝတ်စုံလည်း ထိပ်ဆုံးမှာပါဝင်သွားခဲ့ပါတယ်။

READ
ငါးပါးစပ်နဲ့ အမှတ်တမဲ့ သွားတူနေတဲ့ ဆယ်လီတို့ရဲ့ ပုံရိပ်များ

ဒီဝတ်စုံရဲ့ပုံစံအတိုင်း တစ်ထပ်တည်းတူအောင်လိုက်ဝတ်က လန်ဒန်မြို့တစ်ပတ်ပတ်ပြီး ဓာတ်ပုံတွေလိုက်ရိုက်ခဲ့သူတစ်ယောက်ရှိလို့နေပါတယ်။

သူကတော့ ကမ္ဘာကျော်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ The Sun ရဲ့ သတင်းထောက်တစ်ဦးပါ။

The Sun

Nick Pritchard လို့ အမည်ရပြီး Harry ရဲ့ GUCCI product တွေအစား တခြားဈေးသက်သာတဲ့တံဆိပ်တွေရဲ့ အင်္ကျီတွေကို အသုံးပြုကာ Harry Styles ရဲ့ ၂၀၁၉ Met Gala look ကို ပြန်လည်ပြင်ဆင်ခဲ့တာပါ။

The Sun
The Sun

ဒီဝတ်စုံနဲ့ Nick Pritchard ဟာ လန်ဒန်မြို့တစ်ပတ်ပတ်ပြီး လူတွေသူ့ကိုဘယ်လိုထင်မြင်ကြသလဲဆိုတာနဲ့ပတ်သက်ပြီး သိချင်လို့ အပျော်သဘောနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ သူါ့်ကိုထူးဆန်းတဲ့အကြည့်နဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်တာကို ခံခဲ့ရပြီး တချို့ကတော့ ဓာတ်ပုံတွေတောင် ရိုက်သွားကြသးတယ်လို့ဆိုပါတယ်။

The Sun
The Sun

Harry လိုမျိုး တစ်ထပ်တည်းမဟုတ်ပေမယ့် ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဇာပါးအင်္ကျီအမည်း၊ အမျိုးသမီးဝတ်ဘောင်းဘီ၊ အမျိုးသမီးဝတ်ဘွတ်ဖိနပ်နဲ့အဓိကအကျဆုံး ပုလဲနားဆွဲတစ်ဖက်၊ လက်သည်းနီနဲ့ လက်ကလက်စွတ်တွေကိုပါ တိတိကျကျနဲ့အသေးစိတ်ဝတ်ဆင်ထားတဲ့ Nick Pritchard ရဲ့ လန်ဒန်တစ်ခွင်လျှောက်သွားခဲ့တဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုလိုက်ပါဦးနော်။

READ
အခြားဘာသာစကားကိုတက်တူးထိုးချင်သူများ သတိထားစရာ
The Sun
The Sun
The Sun
The Sun

Source: The Sun

Penny

SHARE