ဆိုင်မှာခေါင်းလျှော်ရင်းအနှိပ်ခံလိုက်တာ ဆေးရုံပါတစ်ခါတည်းတင်လိုက်ရတဲ့ အမျိုးသား

ဘယ်နိုင်ငံက saloon တွေမှာမဆို ခေါင်းလျှော်တဲ့ service အပြင် ဇာတ်ကြော၊ ဂုတ်၊ ကျောဘက်နဲ့ လက်တွေကိုပါ တစ်ခါတည်းနှိပ်ပေးတဲ့ အကြမ်းဖျင်း massage ဝန်ဆောင်မှုပါပေးလေ့ရှိပါတယ်။ ဆိုင်မှာခေါင်းသွားလျှော်တယ်ဆိုကတည်းက ဇိမ်ခံချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားလျှော်ကြတာများပါတယ်။ တကယ်လည်း ကိုယ့်ဆံပင်ကို တခြားလူတစ်ယောက်က လျှော်ပေးပြီး နှိပ်နယ်ပေးတာ ဘယ်သူမကကြိုက်ဘဲ နေပါ့မလဲနော်။

မလေးရှားမှ အမျိုးသားတစ်ယောက်ကတော့ ဆံပင်ညှပ်ရင်း လျှော်နှိပ်ဝန်ဆောင်မှုယူပြီး ဇိမ်ခံလိုက်တာ တစ်ခါတည်းဆေးရုံတင်လိုက်ခဲ့ရပါတယ်။

Elite Readers

ဘယ်လောက်ပဲကျွမ်းကျင်သူဖြစ်ဖြစ် နှိပ်တဲ့အခါ တခြားနေရာတွေက သိပ်ကိစ္စမရှိပမယ့် ဇတ်ချိုးခိုင်းတာကိုတော့ သတိထားကိုထားရမှာပါ။ ဇတ်ကို တဂျွတ်ဂျွတ်မြည်အောင်ချိုးလိုက်ပြီးရင် အရမ်းနေလို့ကောင်းတာမှန်ပေမယ့် နေလို့ကောင်းတာရဲ့နောက်ကွယ်မှာလည်း မမြင်နိုင်တဲ့အန္တရာယ်စောင့်ကြိုနေပါတယ်။

အသက် ၅၄ နှစ်အရွယ် Ajay Kumar ဟာ အရင်တုန်းကလည်း ဆံပင်ညှပ်ရင်း ဇတ်ချိုးပြီး နှိပ်နယ်တာတွေ ခံဖူးသူတစ်ယောက်ပါ။ ဒါကြောင့်မို့လည်း အဲဒီတစ်ခေါက်က ဇတ်အချိုးခံဖို့အတွက် လူတွေတန်းစီပြီးတောင် စောင့်ခဲ့ရတာပါ။

READ
ဒေါ်နယ်ထရမ့် မျက်နှာဖုံးတပ်ပြီး ATMစက်တွေကို ဖောက်ထွင်းတဲ့ သူခိုးနှစ်ဦး အဖမ်းခံရ

သူ့အလှည့်အရောက်မှာ ပုံမှန်ပဲနှိပ်နယ်ရင်း ရုတ်တရက်ဇတ်ချိုးလိုက်တဲ့အချိန် မသိသာခဲ့ပေမယ့် ဆံပင်ညှပ်ဆိုင်ထဲကနေ ပြန်အထွက်လာမှာတော့ အသက်ရှူရခက်တဲ့ ခံစားမှုမျိုး စတင်ခံစားလာခဲ့ရပါတယ်။ နောက်ပိုင်း လုံးဝရှူလို့အဆင်မပြေတော့တာကြောင့် ဆေးရုံကိုပြေးခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။

Elite Readers

ဆေးရုံတင်လိုက်ရပြီးနောက်မှာတော့ Ajay ရဲ့ အာရုံကြောအျွှေးပါးတစ်ချို့ စုတ်ပြဲသွားခဲ့တဲ့အတွက် အာရုံကြောတွေရဲ့လုပ်ဆောင်ချက်ကို ထိန်းချုပ်ဖို့အတွက် ခက်ခဲသွားခဲ့တာပါ။ အဲဒီအာရုံကြောတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုစနစ်ကို ဖြစ်ပေါ်စေတဲ့ ကြွက်သားတွေကို တစ်ဆင့်ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် အသက်ရှူဖို့ခက်ခဲသွားရတာပါ။

Seorang lelaki india berusia 54 tahun mendapatkan perkhidmatan gunting rambut di sebuah kedai gunting rambut…

Posted by Public Health Malaysia on Monday, March 18, 2019

Ajay ကို တာဝန်ယူကုသပေးနေတဲ့ နယူးဒေလီ၊ Medantaမှ Respiratory and Sleep Medicine ဆိုတဲ့ ကျောင်းမှ ဒါရိုက်တာ ဆရာဝန် Dr. Anand Jaiswal ကတော့ Ajay ရဲ့အဖြစ်အပျက်ကို အတုယူပြီး ဇတ်ချိုးလိုက်လို့နေလို့ကောင်းသွားတယ်ဆိုတိုင်း ရမ်းသမ်းမလုပ်သင့်ကြောင်း ပြောခဲ့ပါတယ်။ Ajay ကတော့ အသက်ရှူရတာအမြဲတမ်းလို့ ခက်ခဲမှာမို့ အခုအချိန်အထိ အထောက်အကူပစ္စည်းတွေနဲ့ နေနေရတယ်လို့ပြောပါတယ်။ အနှိပ်ခံပြီး ဇတ်ချိုးလိုက်တာကြောင့်လည်း Ajay ရဲ့ ကြွက်သားတွေနဲ့ နဗ့်ကြောတွေအပြင် တစ်ရှူးတွေနဲ့ အရိုးတွေပါ ယောင်ယမ်းသွားခဲ့တာပါ။

READ
ကျောင်းပြန်တက်ချင်စိတ်တောင် ပေါက်သွားမယ့် အရမ်းလှတဲ့ဆရာမလေး

Source: Elite Readers, World of Buzz

Penny

SHARE