အိမ်တွင်းသုံး ပစ္စည်းတွေနဲ့ လူသိများ ထင်ရှားတဲ့ ဂီတသံစဉ်တွေ ဖန်တီးပြခဲ့တဲ့ အမျိုးသား

TikTok/Kurt Schneider

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ အချိန်မှာ လူတွေက အိမ်မှာနေရတာ ပျင်းတယ် ပျင်းတယ်နဲ့ အော်နေတတ်ကြပါတယ်။ အမှန်တစ်ကယ်တော့ အိမ်မှာနေရတာ ပျင်းဖို့မကောင်းပါဘူး။ ပျော်စရာတွေ အများကြီးလုပ်ပြီး ပျော်အောင်နေလို့ရပါတယ်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့အိမ်မှာနေရင်း အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ နာမည်ကြီးသံစဉ်တွေ ဖန်တီးပြီး Tiktok မှာ နာမည်ကြီးနေကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

TikTok/Kurt Schneider

Kurt Schneider လို့ အမည်ရတဲ့ အမျိုးသားဟာ သူဖန်တီးထားတဲ့ နာမည်ကြီးသံစဉ်တွေကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးပြီး လူကြိုက်များနေပါတယ်။ Kurt ဟာ အဲဒီလိုသံစဉ်တွေကို အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့သာ ဖန်တီးလေ့ရှိပါတယ်။ သူဖန်တီးသံစဉ်တွေထဲမှာ လူကြည့်အများဆုံးကတော့ အဝတ်လျှော်စက်နဲ့ ဖန်တီးခဲ့တဲ့ Harry Potter ဇာတ်ကားထဲက Theme song ပဲ ဖြစ်ပါတယ်။

 

@kurtschneiderIf you think this wasn’t a waste of 5 hours smack that ‘+’ 😂 @electricjason ##harrypotter ##washingmachine♬ original sound – kurtschneider

အဆိုပါ Tiktok ဗီဒီယိုကို ကြည့်ရှု့သူဟာ လူ ၂ သန်းကျော်ရှိခဲ့ပြီး လူတော်တော်များများကတော့ သူ့ရဲ့လုပ်ပုံကိုင်ပုံကို ချီးကြူးနေကြပါတယ်။ ဒါ့အပြင် ဗီဒီယိုအဆုံးမှာတော့ Harry Potter နေတဲ့ လှေကားအောက်ကအခန်းလေးထဲကို ရုပ်တည်ကြီးနဲ့ ဝင်သွားပြီး သူ့သူငယ်ချင်းတစ်ယောက်က တံခါးပိတ်လိုက်တာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

READ
စိတ်အာရုံကို ဖမ်းစားပစ်နိုင်တဲ့ ကမ္ဘာတစ်ဝန်းက ရုပ်တုအဆန်းကြီးတွေ

 

@kurtschneiderThe neighbors actually can’t get in their apartments now… ##pirate ##music ##door ##piratesofthecaribbean♬ original sound – kurtschneider

ဒါ့အပြင် Pirates Of The Caribbean ဇာတ်ကားထဲက တီးလုံးကိုလည်း တံခါးလော့ခ်စက်နဲ့ ဖန်တီးပြခဲ့သလို 20th Centuryfoxတီးလုံးကိုလည်း ကြက်ရုပ်တစ်ရုပ်နဲ့ ဖန်တီးပြခဲ့ပါသေးတယ်။ လက်ရှိအချိန်အထိတော့ သူ့ရဲ့ Tiktok အကောင့်မှာ follower 286k ရရှိထားပြီး like ၅ သန်းနီးပါးရရှိထားပြီပဲ ဖြစ်ပါတယ်။

 

@kurtschneiderIs this art? 😂 ##20thcenturyfox ##chicken♬ original sound – kurtschneider

 

@kurtschneiderYou want a part 2, yeah? 😏 @thesamtsui ##yeah ##usher ##musickitchen ##funnyvideos♬ original sound – kurtschneider

Pyi Hein Kyaw

READ
ပရိုမဟုတ်ပေမယ့် ပရိုတွေလောက် အနေအထားရှိသူများရဲ့ အမိုက်စားရိုက်ချက်များ
SHARE