မိခင်ရဲ့ခေါင်းတလား ပြုတ်ကျပြီးနောက် အဖြစ်ဆိုးထပ်ကြုံခဲ့ရတဲ့ မိသားစုတစ်စု

အင်ဒိုနီးရှားနိုင်ငံမှာ Berta အမည်ရ အမျိုးသမီးကြီးတစ်ဦးရဲ့ ဈာပနပွဲတစ်ခုမှာ မတော်တဆမှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး သူမရဲ့သားတစ်ဦးပါ ထပ်မံသေဆုံးခဲ့ရပါတယ်။ အခင်းဖြစ်စဉ်မှာ ဒေသခံတွေဟာ ရွာထုံးစံအရ သေဆုံးသူအမျိုးသမီးရဲ့အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို စင်မြင့်ထက်သို့ ပို့ဆောင်ခဲ့ကြတာပါ။

YouTube

ဒါပေမယ့် တက်နေတဲ့လှေကားက မခိုင်ပဲ ကျိုးကျခဲ့ရာ အလောင်းထည့်ထားတဲ့ ခေါင်းတလားနဲ့ အောက်မှာရှိတဲ့ သေဆုံးသူရဲ့သားကို ထပ်မံပိမိသလိုဖြစ်စေခဲ့ပြီး သားဖြစ်သူပါ သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ North Toraja ခရိုင်အတွင်း၊ Parinding တောင်ဝှမ်းထဲမှာ တည်ရှိနေတဲ့ ရွာကလေးတစ်ရွာမှာ ဖြစ်ခဲ့တာပါ။

အသက်သေဆုံးသူဟာ Samen Kondorura လို့ သိရပြီး (၄၀)နှစ် ရှိနေပါပြီ။ ရွာသားတွေဟာ ဈာပနတစ်စုံတစ်ရာ ပေါ်ပေါက်တဲ့အခါတိုင်း သင်္ဂြုဟ်ရေးစင်မြင့်တည်ဆောက်ကာ အဲဒီပေါ်မှာ သေဆုံးသူကိုထည့်ထားတဲ့အလောင်းကို ရက်တော်တော်ကြာအောင် ထားလေ့ရှိတဲ့ထုံးစံကို ကျင့်သုံးကြပါတယ်။

YouTube

အခုလည်း လူလေးငါးယောက်လောက်ဟာ သေဆုံးသူ Berta ကို ထည့်ထားတဲ့ ခေါင်းတလားကို ထမ်းပြီးတက်စဉ်မှာပင် မေးတင်ရုံလေးသာ တင်ထားတဲ့ ဝါးလှေကားက လူတွေရဲ့အလေးချိန်ကို မခံနိုင်တော့ဘဲ နောက်ကိုလျှောကျခဲ့တာကို ဗွီဒီယိုမှတ်တမ်းထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။

READ
ဝက်ခြံတွေကြောင့် အိမ်တွင်းပုန်းခဲ့ရပေမယ့် အလှမယ်သရဖူ ဆောင်းနိုင်ခဲ့တဲ့ ကောင်မလေး

အခေါင်းပိတဲ့ဒဏ်ရာ ပြင်းထန်စွာရရှိသွားတဲ့ Samen ကို ဆေးရုံအမြန်တင်ပို့ပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးသွားခဲ့ပါတယ်။ ဆေးရုံကနေ Samen ရဲ့အလောင်းကို ပြန်သယ်လာပြီးနောက် မိခင် Berta ရဲ့အလောင်းဘေးမှာ ယှဉ်လျှက်ထားရှိကာ နှစ်လောင်းပြိုင် အတူတူသင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

အဆိုပါဒေသမှာ အလောင်းတွေကို စင်မြင့်ထက်မှာ ထားလေ့ရှိတာ ထုံးစံတစ်ခုဖြစ်ပြီး ရက်တော်တော်ကြာအောင် သီချင်းများသီဆိုတီးမှုတ်ကြခြင်း၊ ကခုန်ကြခြင်း၊ ကျွဲနွားစသည်တို့ကို ယစ်ပူဇော်ပသကြခြင်း စတဲ့ဓလေ့ထုံးတမ်းများနဲ့ ပြုလုပ်စီရင်လေ့ရှိကြတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE