မင်္ဂလာပွဲတိုင်းကို နှောင့်ယှက်နေလို့ အိမ်နီးချင်းအိမ်ကိုလက်တုံ့ပြန်ခဲ့တဲ့ အမျိုးသား

youtube/My space

အိန္ဒိယပြည်နယ် Krela ပြည်နယ်မှာ အသက်သုံးဆယ်အရွယ်အမျိုးသား Albin Mathew ဟာ JCB မြေတူးစက်နဲ့ ၄င်းအိမ်နီးချင်းရဲ့ကုန်စုံဆိုင်လေးကိုဖြိုချပစ်ခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။

ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ယောက်က သူ့အိမ်နီးချင်းရဲ့အိမ်ဟာ လောင်းကစားနဲ့ အရက်သေစာရောင်းဝယ်ဖောက်ကားတာလိုမျိုး တရားမဝင်အလုပ်တွေကို လုပ်နေတဲ့အတွက် ဒေသခံတွေက ဒေါသထွက်နေကြတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

youtube/My space

ထို့နောက်မှာတော့ သူက ဒေသခံတွေဟာ ကျေးရွာအာဏာပိုင်တွေနဲ့ ရဲတွေကိုအကြိမ်ပေါင်းများစွာတိုင်တန်းခဲ့ပေမယ့် ဒီဆိုင်နဲ့ ပတ်သက်ပြီး ဘာမှအရေးမယူတဲ့အတွက် သူကိုယ်တိုင်ပဲ အခုလိုအပြစ်ပေးဖို့ဆုံးဖြတ်ခဲ့တာဆိုပြီး ဖြေထားပါတယ်။ ပြီးတော့လည်း အဆိုပါအိမ်နီးချင်းဟာ သူ့ဆီကိုလက်ထပ်ဖို့လာကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုပေါင်းများစွာကိုလည်း ဖျက်လိုဖျက်ဆီးလုပ်ကြောင်းစွပ်စွဲပြောဆိုခဲ့တာပါ။

ပြီးနောက်မှာတော့ Mathew ဟာ သူကိုယ်တိုင် JCB မြေတူးစက်ပေါ်တက်ပြီး ၄င်းအိမ်နီးချင်းရဲ့အိမ်ကို ထိုးဆွဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ သူများအိမ်ဖျက်ဆီးခဲ့တဲ့အတွက် Mathew ကို ရဲကဖမ်းဆီးခဲ့ပါတယ်။ သူ့အိမ်နီးချင်းကတော့ Mathew စွပ်စွဲသမျှတွေက အခြေအမြစ်မရှိဘူးဆိုပြီး ပြောထားခဲ့ပေမယ့် ဒေသခံတွေကတော့ Mathew ရဲ့ပြောဆိုချက်တွေဟာ ဟုတ်မှန်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

READ
လင်ကြီးကိုအိပ်ဆေးကျွေးပြီး လည်ချောင်းကိုလှီးခဲ့တဲ့ ဇနီးနဲ့ ကြံရာပါလင်ငယ်

ShweMom

SHARE