အထပ်မြင့်တိုက်ပေါ်ကနေ လျှောချပြီးဆင်းဖို့ကြိုးစားခဲ့တဲ့သူရဲ့ ဇာတ်သိမ်း

Youtube

တရုတ်နိုင်ငံ၊ မာအိုမင် ပြည်နယ်မှာ အထပ်မြင့်တိုက်တစ်ခုကနေ လျှောချပြီးဆင်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ဖြစ်ရပ်က အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

မာအိုမင် ပြည်နယ်ရဲဌာန က ဒီအမျိုးသားဟာ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေသူဖြစ်ပြီး အမျိုးသမီးရဲ့ခင်ပွန်းရောက်ရှိလာတာကြောင့် တိုက်ခန်းပြတင်းပေါက်ကနေ ခက်ခက်ခဲခဲဆင်းဖို့ ကြိုးစားခဲ့တာလို့ အတည်ပြုလိုက်ပါတယ်။

Youtube

Dailymail က ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ တီရှပ်အဖြူရောင်၊ အတွင်းခံဘောင်းဘီတို ကို ၀တ်ဆင်ထားတဲ့ အမျိုးသားဟာ အထပ်မြင့်တိုက်တစ်ခုရဲ့ အပေါ်ဖက်နားဆီကနေ လျှောပြီးဆင်းဖို့ ကြိုးစားခဲ့တာကို မြင်တွေ့နေရတာပါ။

သူ့အတွက် တကယ်ပဲ အန္တရာယ်များတဲ့အနေအထားဖြစ်ပြီး အဲဒီလိုလျှောဆင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါပဲ။

Youtube

ဒါပေမယ့် အမျိုးသားကတော့ ရွေးချယ်စရာရှိပုံမပေါ်ပါဘူး။ သူက တိုက်နံရံနှစ်ခုကြားကို ခြေထောက်နှစ်ဖက်နဲ့ထောက်ထားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် သူ့ဆီမှာ ပါလာတဲ့ဖုန်းနဲ့ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့တယ်။

READ
ထိုးနေကျထီဂဏန်းကို အနှစ်(၂၀)တိုင်တိုင် ကံစမ်းခဲ့တဲ့အမျိုးသား ဒေါ်လာသန်း(၆၀) ကံထူးခဲ့

ဒါပေမယ့် ခြေထောက်နဲ့ ခက်ခက်ခဲခဲ ထိန်းထားရတာဖြစ်လို့သူ့ခြေထောက်တွေ ကြာကြာမထောက်နိုင်ခဲ့ပဲ နောက်ဆုံးမှာ ပြုတ်ကျသွားခဲ့တာပါ။

Youtube

အခင်းဖြစ်ပွားရာနေရာကို ရဲတွေရောက်လာတဲ့အချိန်မှာတော့ အမျိုးသားက သေဆုံးနေပါပြီ။

ဒီ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူတွေကို အသည်းတယားယားဖြစ်စေခဲ့ပြီး အမျိုးသားရဲ့အဖြစ်က တကယ်ပဲ စိုးရိမ်ဖို့ ကောင်းနေခဲ့တာပါ။

Linn

SHARE