ကြက်ဥအလုံး(၅၀)သောက်ဖို့ကြိုးစားရင်း သေဆုံးသွားခဲ့တဲ့ အမျိုးသား

Annalucia/Shutterstock

အမျိုးသားတစ်ဦးဟာ အလောင်းအစားတစ်ခုလုပ်ပြီး ကြက်ဥအလုံး(၅၀)သောက်ဖို့ကြိုးစားရင်း လဲကျသေဆုံးသွား ခဲ့ပါတယ်။

အိန္ဒိယမှ အသက်(၄၂)နှစ်အရွယ် Subhash Yadav ဟာ သူငယ်ချင်းတစ်ဦးနဲ့ Bibiganj ဈေးကို သွားရင်း ဆွေးနွေးငြင်းခုံမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ အရသိရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ ထူးဆန်းစိန်ခေါ်မှုတစ်ခုကိုလုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒါကတော့ ကြက်ဥအလုံး(၅၀)ကိုသောက်ဖို့ကြိုးစားရမှာဖြစ်ပြီး နိုင်တဲ့သူကို ရူပီး (၂၀၀၀)ပေးရမှာဖြစ်ပါတယ်။

siambizkit/Shutterstock

အဲ့လိုနဲ့ပြိုင်ပွဲစပြီး ကြက်ဥတွေကိုစတင်သောက်ခဲ့ရာမှာ အသက်(၄၂)နှစ်အရွယ် မစ္စတာ Yadav ဟာ နေရာမှာတင်လဲကျပြီး အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအမျိုးသားကိုဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေကမကယ်တင်လိုက်နိုင်ခဲ့ဘူးလို့ Gulf Today သတင်းစာမှာဖော်ပြခဲ့ပါတယ်။

မစ္စတာ Yadav ဟာ ဒါဇင်နဲ့ချီတဲ့ကြက်ဥတွေကို အလွန်အကျွံစားမိတဲ့အတွက်ကြောင့် အခုလိုဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

NEERAZ CHATURVEDI/Shutterstock

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးသူရဲ့မိသားစုတွေဘက်က ဘာမှပြောကြားခြင်းမရှိသေးဘူးလို့ ရဲကပြောပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း တိုက်ရိုက်စိန်ခေါ်မှုတစ်ခုအတွင်း အဆိပ်ပြင်းတဲ့အင်းဆက်တွေနဲ့အိမ်မြှောင်တွေကိုစားပြခဲ့တဲ့ တရုတ် Blogger တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ဒီ Blogger ဟာ follower (၁၅၀၀၀)ရှိပြီး တရုတ်နိုင်ငံရဲ့အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပလက်ဖောင်းတစ်ခုဖြစ်တဲ့ DouYu အစီအစဉ်ကို တင်ဆက်ပေးနေတဲ့သူတစ်ဦးပါ။

Thae

SHARE