ကြင်နာတတ်တဲ့ စေတနာရှင်သူစိမ်းကြောင့် မျက်ရည်ကျတဲ့အထိ ပျော်ခဲ့ရတဲ့ မိသားစု

youtube/Inside Edition

ဘ၀တစ်ခုဟာ အချိုးအကွေ့အလှည့်အပြောင်းတွေ အများကြီးပါ။ ကြုံတွေ့သမျှထဲက တစ်ချို့သော အလှည့်အပြောင်းတွေဟာဆိုရင် ကျော်လွှားဖို့ ခက်ခဲလွန်းတဲ့အတွက် လက်ပိုက်ကြည့်နေရုံကလွဲလို့ မတတ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာတော့ လောကဓံရဲ့ ရိုက်ပုတ်တာကို ခံရပေမယ့်လည်း ကြင်နာတတ်တဲ့ သူစိမ်းတွေကြောင့် နေသာထိုင်သာရှိလာတဲ့ အဖြစ်လေးတွေလည်း ရှိပါတယ်။ ဥပမာ ပြောရရင် shareably ကတဆင့် အခုဖော်ပြပေးမယ့် အဖြစ်လေးလိုမျိုးပါ။

youtube/Inside Edition

ဘရက်ဒ်ခရိုးဟာ အလုပ်ကြိုးစားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့အသက် (၁၄) နှစ်အရွယ်မှာတော့ ဘရက်ဒ်ဟာ ရှားပါးတဲ့ အရိုးကင်ဆာဖြစ်နေတာကို ဆေးစစ်ပြီး သိခဲ့ရပါတယ်။ နောက်ဆုံးတော့ ခြေတစ်ဖက်မှာ လူသေအလောင်းက အရိုးနဲ့ အစားထိုးကုသကာ သက်သာခဲ့ပါတယ်။ ဒီလိုနဲ့ ကင်ဆာပျောက်သွားပြီး လူကြီးဖြစ်လာတဲ့အခါမှာတော့ ဘရက်ဒ်ဟာ အီရီကာဆိုသူ အမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘရက်ဒ်ထံကို ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဟာ ထပ်ရောက်လာခဲ့ပြန်ပါတယ်။

youtube/Inside Edition

အဲ့ဒါကတော့ ဘရက်ဒ်ရဲ့ ခြေတစ်ဖက်မှာ ထည့်ထားတဲ့ လူသေအရိုးကို ဖယ်ထုတ်ဖို့ ဖြစ်လာတာပါ။ တင်ပါးနေရာကို ခွဲစိတ်ကုသစဉ်မှာ ဆရာဝန်တွေဟာ ငယ်ငယ်တုန်းက ဘရက်ဒ်ရဲ့ ခြေတစ်ဖက်ထဲ ထည့်ထားခဲ့တဲ့ လူသေအရိုးကို ဖြုတ်ပစ်ခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အိမ်မှာနားတဲ့အခါမှာတော့ ခြေထောက်ကို ဘက်တီးရီးယားကူးစက်ရောဂါ ၀င်တဲ့အတွက် ဆရာဝန်တွေဟာ ဘရက်ဒ်ရဲ့ ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရပါတော့တယ်။

READ
လုပ်ဖော်ကိုင်ဖက်တွေရဲ့လှိမ့်လုံးမိသွားတဲ့ အမျိုးသားရဲ့ ရယ်စရာဖြစ်ရပ်
youtube/Inside Edition

ရောဂါဖြစ်တဲ့အချိန်ဟာ ဘရက်ဒ်နဲ့ အီရီကာတို့ ဇနီးမောင်နှံက သူတို့မိသားစုနေထိုင်ဖို့အတွက် အိမ်လေးဆောက်နေတာ တစ်ပိုင်းတစ်စ ဖြစ်နေတဲ့အချိန်ပါ။ ဘရက်ဒ်က အိမ်မှာ အနားယူနေရတော့ မိသားစုဟာ မတတ်နိုင်ပဲ ကျောင်းကားဒရိုင်ဘာအဖြစ် ဘရက်ဒ်အလုပ်လုပ်ပြီး စုထားတဲ့ ငွေလေးတွေကို ထုတ်သုံးရဖို့ ဖြစ်လာခဲ့ပါတယ်။ အိမ်လေးကလည်း မပြီးမစီးနဲ့ ဒီတိုင်း ဖြစ်နေခဲ့ပါတယ်။ အတိဒုက္ခရောက်နေတဲ့ အီရီကာတို့ရဲ့ အဖြစ်ကို မြင်ပြီး သူမရဲ့ ညီမဟာ East Idaho News ဆီကို ဆက်သွယ်ဖြစ်ခဲ့ပါတယ်။ East Idaho News ဟာ ပြင်ပလောကမှာ အမှန်တကယ် လိုအပ်နေသူတွေကို လိုက်လံကူညီပေးနေတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သူတို့ဟာ ဒေါ်လာ (၅) သောင်းကို ကူညီပေးမှာပါ။

youtube/Inside Edition

East Idaho News က ဆက်သွယ်လာပြီး မေတ္တာလက်ဆောင်ပေးတဲ့ ဒေါ်လာ(၅) သောင်းကိုတော့ ဘရက်ဒ်နဲ့ အီရီကာတို့ ဇနီးမောင်နှံက ထူးထူးခြားခြားပဲ ရရှိသွားခဲ့တာပါ။ East Idaho News ဟာ ဘရက်ဒ်ရဲ့ အကြောင်းကို အင်တာဗျူးမေးဖို့ ရောက်လာခဲ့တာဖြစ်ပြီး မထင်မှတ်ပဲ ဒေါ်လာ(၅) သောင်းတန် ချက်လက်မှတ်ကို နွမ်းပါးတဲ့မိသားစုလေးဆီ ပေးခဲ့တာ ဖြစ်ပါတယ်။ မမျှော်လင့်ပဲ အိမ်လေးပြန်ဆောက်ဖို့ ထီပေါက်သလို ဆုကြီးရရှိခဲ့တဲ့ ဘရက်ဒ်နဲ့ အီရီကာတို့ဟာလည်း ၀မ်းသာမျက်ရည်တွေနဲ့ ဖြစ်နေတာကို အခုလို တွေ့နိုင်ပါသေးတယ်။

READ
နာမည်ကြီး Cosplayer မလေး Nichameleon ရဲ့ အံ့သြဖွယ်ရာ ဖန်တီးမှုများ

လင်းလင်း (ShweMom)

SHARE