အစနောက်ခံနေရတဲ့ သမီးလေးကို နှစ်သိမ့်ချင်လို့ နည်းလမ်းထွင်ခဲ့တဲ့ ဖေဖေ

တရုတ်နိုင်ငံ အရှေ့ပိုင်းနေ အမျိုးသားတစ်ဦးဟာ အတန်းဖော်တွေရဲ့ အစအနောက်ခံနေရတဲ့ သမီးလေးကို နှစ်သိမ့်ပေးဖို့အတွက် သမီးဖြစ်သူရဲ့ သူငယ်တန်းကျောင်းကို ထူးခြားတဲ့ဝတ်စုံနဲ့ လာရောက်ခဲ့ပါတယ်။ ၄င်းအမျိုးသားဟာ အသက်(၃၄) နှစ်အရွယ်ဖြစ်ပြီး ပေါင်ဂူကျန်းအမည်ရပါတယ်။ သူဟာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာရှိတဲ့ သူငယ်တန်းကျောင်းကို နာမည်ကျော်ဟီးရိုးဖြစ်တဲ့ Iron Man ၀တ်စုံကို ၀တ်ပြီး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

Qianjiang Evening News
Qianjiang Evening News

ပေါင်ဂူကျန်းဟာ သူကိုယ်တိုင်ကလည်း မာဗယ်ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့ရဲ့ (၇) နှစ်အရွယ် သမီးလေးက ပေါင်ဂူကျန်းကို အခုလို တိုင်ပြောပါတယ်။ သူမဟာ သူငယ်ချင်းတွေကို သူမရဲ့ အဖေဟာ စူပါဟီးရိုးတစ်ယောက်လို့ ပြောပြကြောင်း၊ ဒါပေမယ့် သူငယ်ချင်းတွေက မယုံပဲ သူမကို လူလိမ်ဆိုပြီး ပြောကြကြောင်း ဖခင်ကို ပြန်တိုင်ပါတယ်။ ဒါကြောင့်လည်း ပေါင်ဂူကျန်းဟာ သမီးလေးကို နှစ်သိမ့်အားပေးလိုတဲ့အတွက် သမီးရှိရာ သူငယ်တန်းကျောင်းထိသွားပြီး သမီးဖြစ်သူနဲ့ အတန်းဖော်တွေကို ရုတ်တရက်ပျော်ရွှင်စေခဲ့တာပါ။

READ
မိုးထဲရေထဲ ဒုက္ခခံစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဆီကနေတွေ့ရမယ့် လူသားဆန်တဲ့စိတ်ဓာတ်
Qianjiang Evening News

ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာတော့ စိတ်လှုပ်ရှားပုံရနေတဲ့ ကလေးတစ်သိုက်ဟာ အော်ဟစ်နေကြပြီး စူပါဟီးရိုးဝတ်စုံဝတ်ထားတဲ့ ပေါင်ဂူကျန်းကို အားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ၄င်းအဖြစ်ဟာ လွန်ခဲ့တဲ့ (၃) နှစ်က ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အခုမှ ဆိုရှယ်မီဒီယာပေါ် ပြန်တက်လာတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပေါင်ဂူကျန်းရဲ့ သမီးလေး လီလီဟာ (၁၀) နှစ်တောင် ရှိနေပါပြီ။

Qianjiang Evening News
PearVideo

လီလီကတေှာ့Qianjiang Evening News ကို အခုလိုပြောပြပါတယ်။ “အဲဒီတုန်းက သူငယ်ချင်းတွေကို ကျွန်မက ကျွန်မဖေဖေက Iron Man ပါလို့ ပြောတာ။ သူတို့တွေက မယုံကြဘူး။ ဒါနဲ့ တကယ်ပဲ ဖေဖေက Iron Man ၀တ်စုံအနီရောင်ကြီးနဲ့ ရောက်လာတော့မှ သူငယ်ချင်းတွေက ယုံသွားကြတာ..”. ထိုနေ့မှာတော့ ကျောင်းအုပ်ကြီးက အတန်းကို ရပ်နားပေးပြီး ကလေးတွေကို လီလီရဲ့ ဖခင် Iron Man ကြီးနဲ့ အတူ ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

READ
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးကို အိမ်ယာမဲ့ထင်ပြီး အစားအသောက် လှူဒါန်းခဲ့တဲ့အမျိုးသမီး
PearVideo
PearVideo

ပေါင်ဂူကျန်းရဲ့ ဖခင်ပီသပြီး သားသမီးအပေါ်မှာ ချစ်တတ်လွန်းတဲ့ အချစ်ကိုတော့ အားလုံးက လေးစားနှစ်ခြိုက်လျက် ရှိနေပါတယ်။ ၄င်း Iron Man ၀တ်စုံကို ပေါင်ဂူကျန်းဟာ (၂) နှစ်ကြာအချိန်ယူပြီး သူကိုယ်တိုင် ဆီလီကွန်တွေနဲ့ ချုပ်လုပ်ထားတာပါ။ သူဟာ (၂၀၁၃) ခုနှစ်ကတည်းက စလို့ Spider-man နဲ့ Captain America အပါအ၀င် မာဗယ်စူပါဟီးရိုးပုံစံတူပေါင်း (၂၀-၃၀) ကို ကိုယ်တိုင် ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail, nextshark

SHARE