တိရစ္ဆာန်ရုံထဲဝင်ပြီး မကြောက်မလန့် ခြင်္သေ့ရှေ့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့တဲ့ အမျိုးသား

twitter/IndianExpress

တိရစ္ဆာန်ရုံလာဧည့်သည်တွေအနေနဲ့ ရုံထဲမှာ အန္တရာယ်ကင်းအောင် လိုက်နာရတဲ့ စည်းကမ်းတွေရှိပါတယ်။ တိရစ္ဆာန်တွေကို မခြောက်လှန့်ရဘူး။ ကျောက်ခဲနဲ့ မပစ်ရဘူး။ စိတ်တိုအောင် စိတ်လှုပ်ရှားအောင် မလုပ်ရဘူး။ တိရစ္ဆာန်တွေကို ၀င်းခတ်ထားတဲ့ ခြံစည်းရိုးအပြင်ကနေပဲ ကြည့်ရမယ် စတဲ့ စည်းကမ်းတွေပါ။ နောက်ပြီးတော့ သားကောင်တွေရှိတဲ့ ခြံထဲ တိတ်တဆိတ်ခိုးဝင်တာမျိုး၊ ခြံစည်းရိုးကျော်ပြီး ၀င်းထဲဝင်တာမျိုးတွေကို တိရစ္ဆာန်ရုံက တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

twitter/IndianExpress

ဒါပေမယ့် အိန္ဒိယနိုင်ငံ ဒေလီတိရစ္ဆာန်ရုံမှာတော့ အမျိုးသားတစ်ဦးဟာ ခြင်္သေ့ရုံထဲဝင်ပြီး ခြင်္သေ့ရှေ့ မျက်နှာချင်းဆိုင်ထိုင်နေခဲ့တဲ့အကြောင်း storypick သတင်းကနေ တဆင့်သိရှိခဲ့ရပါတယ်။ အဆိုပါအမျိုးသားဟာ အသက် (၂၁) ပဲရှိပါသေးတယ်။ သူဟာ ၀င်းခတ်ထားတဲ့ နေရာကို ကျော်တက်ပြီး ခြင်္သေ့ရုံထဲ ၀င်သွားခဲ့တာ ဖြစ်ပါတယ်။ ၄င်းအမျိုးသားဟာ အကြောက်ကင်းလှစွာ ခြင်္သေ့နဲ့ အရမ်းနီးနီးကပ်ကပ်ကြီး သွားခဲ့တဲ့အပြင် ခြင်္သေ့ကိုတောင် တံတောင်ထောက်ကာ လဲလျောင်းပြီး ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

READ
အမျိုးသမီးတွေရဲ့ ရင်သားကို မလိမ့်တစ်ပတ်နဲ့ ကိုင်တဲ့မျက်လှည့်ဆရာကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဒီဖြစ်ရပ်ကိုတော့ ဗီဒီယိုရိုက်ကူးထားခဲ့တာ ဖြစ်ပြီး ဗီဒီယိုကိုတော့ The Indian Express ကနေ ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။ ခြင်္သေ့ဟာ အစပိုင်းတော့ ငြိမ်သက်စွာ ရပ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၄င်းအမျိုးသားပေါ် ခုန်တက်လိုက်တာကို ဗီဒီယိုထဲမှာ အသည်းယားစဖွယ် တွေ့မြင်ရပါသေးတယ်။ ဒီလောက်တောင် အတင့်ရဲခဲ့ပေမယ့် အဲ့ဒီအမျိုးသားဟာ ခြင်္သေ့အစားမခံခဲ့ရပါဘူး။ ရုံပိုင်တွေက တွေ့ပြီး သူ့ကို အလျင်အမြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

 

နောက်ပိုင်းသိရတာက သူဟာ ခြင်္သေ့ရုံကို ကာထားတဲ့ သံဇကာတွေကို ကျော်တက်သွားခဲ့တာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူဖြစ်တယ်လို့ သိရပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဆိုပါ အမျိုးသားကို ခြင်္သေ့ရုံထဲက ကယ်ဆယ်ခဲ့ပြီးနောက်မှာတော့ ဆေးရုံကို ဆေးစစ်ဖို့ ပို့ပေးခဲ့ပါတယ်။ တစ်စုံတစ်ရာ ထိခိုက်အနာတရဖြစ်တာမျိုး မရှိပဲ အခြေအနေကောင်းတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ခြင်္သေ့က အေးအေးလူလူနဲ့ ဖြစ်နေတာ သူ့အဖို့ ကျေးဇူးတင်ရမလိုပါပဲ။ တိရစ္ဆာန်ရုံကတော့ တကယ်လို့များ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေကို တိရစ္ဆာန်ရုံဆီ ခေါ်လာခဲ့ရင် သေချာဂရုပြုစောင့်ရှောက်ပေးကြဖို့ ရုံလာဧည့်သည်တွေနဲ့ ရုံဝန်ထမ်းတွေကို သတိပေးထားကြောင်း သိရပါတယ်။

READ
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သင်းကွပ်ပစ်တော့မယ့် ကာဇက်စတန်နိုင်ငံ

လင်းလင်း (ShweMom)

SHARE