လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်ဘဲ လူရယ်စရာဖြစ်ခဲ့ရတဲ့ အမျိုးသား

Pixabay-StockSnap

လက်ထပ်ခွင့်တောင်းတယ်ဆိုတာ ချစ်သူနှစ်ဦးကြားထဲမှာ အပျော်ရွှင်ရဆုံးနဲ့ ရင်အခုန်ရဆုံး အချိန်ပါပဲ။ ဒီလိုအချိန်ရောက်ရင် ချစ်သူအမျိုးသားတွေခမျာမှာလည်း အရမ်းစိတ်လှုပ်ရှားရသလို တစ်ဖက်က လက်ထပ်ခွင့်အတောင်းခံရတဲ့ အမျိုးသမီးတွေခမျာမှာလည်း တော်တော်ရင်ခုန်ရရှာပါတယ်။ အခုလည်း လက်ထပ်ခွင့်တောင်းမယ့် အမျိုးသားတစ်ယောက်ဟာ သူ့ကောင်မလေးကို လပ်ထပ်ခွင့်တောင်းဖို့ အရမ်းစိတ်လှုပ်ရှားပြီး ရေထဲကို ဖင်ထိုင်ရက် ချော်ကျခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-StockSnap

အဆိုပါအမျိုးသားရဲ့ နာမည်ကတော့ Logan Jackson ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Michigan ပြည်နယ်မှာ နေထိုင်တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Logan ဟာ သူ့ရဲ့ ချစ်သူကောင်မလေး Maria Gugliotta ကို Lake Michigan ရေကန်ကြီးအနားမှာ လက်ထပ်ခွင့်တောင်းဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ခွင့်မတောင်းခင်မှာ အမှတ်မထင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ Maria ကို လက်ထပ်ခွင့်တောင်းခံနီး ရေကန်အစပ်ကို ဆင်းလိုက်တဲ့အချိန်မှယ ကျောက်တုံးပေါ်မှာရှိတဲ့ ရေညှိတွေကို မမြင်ပဲ တက်နင်းပြီး ရေကန်အစပ်မှာ ဖင်ထိုင်ရက် ကျခဲ့တာပါပဲ။

READ
မက်ဆီနဲ့နာမည်တူနေတဲ့ကလေးငယ်ကို IS အဖွဲ့က ဒဏ်ခတ်သည့်အနေဖြင့် ဖမ်းဆီးထိန်းသိမ်း
[email protected] Gugliotta

ရုတ်တရက်ကြီးဆိုတော့ Logan တစ်ယောက် တော်တော်ရှက်သွားတဲ့ ပုံပါပဲ။ ဒါပေမယ့်လည်း ဘာမှ မဖြစ်သလို ဟန်ဆောင်ခဲ့ပြီး Maria အရှေ့မှာ ဒူးထောက်ထိုင်ချကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Maria ကတော့ Logan တစ်ယောက် ရေကန်ထဲ ကျသွားတာကို ရုတ်တရက် ရယ်ခဲ့ပေမယ့် Logan တစ်ယောက် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းလိုက်တဲ့အခါမှာတော့ ငိုခဲ့ပါတယ်။

He fell so hard he popped up with a ring!!! I’m so excited but first I have to stop laughing😂

Posted by Maria Gugliotta on Saturday, July 4, 2020

နောက်ဆုံးမှာတော့ Maria လည်း Logan ရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဗီဒီယိုရိုက်ထားတာကြောင့် Logan ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုကို ကြည့်ရှု့ပြီးတဲ့ လူတော်တော်များများကတော့ Logan ကို ရယ်စစရာလဲကောင်းသလို တော်တော် သနားဖို့ကောင်းတဲ့ လူအဖြစ် မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။

READ
နွားကို ကိုက်ချီလာတဲ့ မိကျောင်းကြီး ရောက်လာလို့ ငါးမျှားသူတွေ ကုန်းပေါ်တက်ပြေးခဲ့ရ

Pyi Hein Kyaw

SHARE