ကိုယ့်အိမ်ထဲမှာရှိနေတဲ့ ပေ (၂၀) ကျော် ရေတွင်းဟောင်းကြီးထဲ ပြုတ်ကျသွားခဲ့တဲ့ အမျိုးသား

[email protected] Fire Department

အမေရိကန်နိုင်ငံ၊ Connecticut ပြည်နယ်ရှိ အမျိုးသားတစ်ယောက်ဟာ အိမ်က ပရိဘောဂပစ္စည်းတွေ ရွှေ့နေတုန်း ရုတ်ရက် ကြမ်းကျွံကျခဲ့ပါတယ်။ ကံမကောင်းတာတစ်ခုကတော့ အဆိုပါအမျိုးသားကျသွားတဲ့နေရာဟာ ပေ ၂၀ အနက်ရှိတဲ့ ရေတွင်းပျက်ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ အဆိုပါရေတွင်းပျက်ကြီးထဲမှာ ရေတွေရှိနေသေးတာပဲ ဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Christopher Town လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ အိမ်က ခုတင်တစ်ခုကို သူ့သူငယ်ချင်း Diane Martin ရဲ့ သားဖြစ်သူကို ပေးဖို့အတွက် အိမ်ထဲကနေ ခုတင်ကြီးကို မရွှေ့ခဲ့ပါတယ်။ အိမ်ရဲ့ တစ်နေရာအရောက်မှာတော့ Martin ရဲ့ ခြေထောက်အောက်ကနေ တကျွတ်ကျွတ်နဲ့ အသံကြားခဲ့ရပါတယ်။ Martin ကတော့ Christopher ကို လှမ်းသတိပေးခဲ့ပေမယ့် Christopher ကတော့ စိတ်ပူရန် မလိုကြောင်း လှမ်းပြောခဲ့ပါတယ်။ Christopher ရဲ့ စကားမဆုံးသေးခင်မှာပဲ အိမ်ရဲ့ ကြမ်းခင်းဟာ ဝုန်းကနဲ့ ကျွံကျသွားပြီး Christopher တစ်ယောက် ပြုတ်ကျသွားခဲ့ပါတယ်။

READ
ပင်လယ်ကြမ်းပြင်ဆီက ထွက်ပေါ်လာတဲ့အသံများကြာင့် သိပ္ပံပညာရှင်များခေါင်းခြောက်
[email protected] Fire Department

Martin ရဲ့ စိတ်ထဲမှာတော့ Christopher တစ်ယောက် ဒီအတိုင်းကြမ်းခင်းကျွံသွားတယ်လို့ ထင်ခဲ့ပေမယ့် တစ်ကယ်တမ်းသွားကြည့်လိုက်တဲ့အချိန်မှာတော့ ရေတွင်းအပျက်ကြီးထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ အဆိုပါရေတွင်းပျက်ကြီးထဲမှာ ရေရှိနေသေးတာကြောင့် Christopher တစ်ယောက် ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။ သိပ်မကြာခင်မှာပဲ Martin တစ်ယောက် အကြောင်းကြားခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့တွေရောက်လာပြီး Christopher ကို ရေတွင်းထဲကနေ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။

[email protected] Fire Department

“ဒီအတိုင်းကြမ်းကျွံပြီး ပြုတ်ကျသွားတယ်လို့ပဲ ထင်ခဲ့မိတာ။ ဒါပေမယ့် တော်တော်ကြာတယ် ပြုတ်ကျနေတာ။ အောက်ရောက်မှ ရေထဲကျသွားမှန်းသိတာ။ ပြီးမှ သေချာကြည့်မိတော့ ရေတွင်းပျက်ကြီးမှန်း သိတာ။ ကိုယ့်အိမ်ထဲမှာ ရေတွင်းရှိမှန်း ကိုယ်တိုင်ပြုတ်ကျမှ သိလိုက်ရတယ်။ ပြီးမှ သေသေချာစုံစမ်းကြည့်လိုက်တော့ ဒီရေတွင်းက ၁၈၈၃ ခုနှစ်ကတည်းက ဆောက်ထားမှန်း သိလိုက်ရတာ။ တော်သေးတာပေါ့။ ဘာမှမဖြစ်တာ” လို့ Christopher က ပြောကြားခဲ့ပါတယ်။

Guilford firefighters responded to the report of a fall victim. Upon arrival they found a victim that had fallen down a…

Posted by Guilford Fire Department on Monday, June 29, 2020

Pyi Hein Kyaw

SHARE