အီးပေါက်လိုက်ရင် ခြင်တွေသေလို့ဆိုပြီး တစ်ရွာလုံးက ကျေးဇူးတင်နေရတဲ့အမျိုးသား

Twitter / Rwamirama

အရှေ့အာဖရိက နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ယူဂမ်ဒါနိုင်ငံ ၊ ကမ်ပါလာ မှာနေထိုင်တဲ့ အသက် (၄၈)နှစ်အရွယ် အမျိုးသားကြီးဟာ တခြားသူတွေနဲ့ ကွဲပြားတဲ့ စွမ်းအင်တစ်ခု ကို ရရှိထားခဲ့သူပါ။ ဂျိုး ၀ါရီမာရာ လို့ ခေါ်တဲ့ အမျိုးသားက ခန္ဓာကိုယ်တွင်းမှာ ဘယ်လို ပစ္စည်းတွေနဲ့ ဓာတ်ပြုနေလဲဆိုတာ မသိနိုင်ပေမယ့် သူ လေလည်လိုက်တဲ့အခါ အနီးအနားမှာ ရှိတဲ့ ခြင်တွေအကုန် သေသွားကြတာကို အတူနေထိုင်တဲ့ ရွာသားတွေက သတိထားမိသွားခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာမှာဆိုရင် ခြင်နဲ့ပတ်သက်တဲ့ ရောဂါမှန်သမျှ ဘာမှ ဖြစ်ပွားတာမျိုး မရှိပဲ သူနေထိုင်တဲ့နေရာနဲ့ (၆)မီတာဝန်းကျင်လောက်အထိ ခြင် တစ်ကောင်မှ မရှိဘူးလို့ သိရတာပါ။

 

အတူနေ ဒေသခံတစ်ယောက်လည်းဖြစ်၊ ဆံပင်ညှပ်ဆရာ တစ်ယောက်လည်းဖြစ်တဲ့ ယိုဝါရီ က ဂျိုး မှာ သူမတူတဲ့ စွမ်းရည်တစ်ခု ရှိနေပြီး သူ လေလည်လိုက်ပြီဆိုတာနဲ့ အနားမှာရှိတဲ့ ခြင်တွေအကုန်သေကုန်ကြတာကို လက်တွေ့မြင်ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။

READ
ချစ်ကြိုက်ယောင်ဆောင်ပြီး အမျိုးသမီးအ၀တ်မဲ့ပုံတွေကို စုဆောင်းနေတဲ့ အမျိုးသား

ဒါပေမယ့် ဂျိုးဟာ သူ လေလည်တဲ့အနံ့ကို အခြားသူတွေ မခံနိုင်မှာစိုးတဲ့အတွက် သူတို့ မရှိတဲ့အချိန်မှသာ လေလည်ဖို့ ကြိုးစားလေ့ရှိတာပါ။

“သူက သူ့ပတ်ဝန်းကျင်က လူတွေကို လေးစားသမှုရှိပါတယ်။ အနားမှာ လူတွေရှိနေရင် လေလည်ဖို့ကို အောင့်ထားတတ်တယ်။ ဒီလိုမှမဟုတ်ရင်လည်း သူ့နေရာကနေ ခပ်ဝေးဝေးကို လျှောက်သွားတတ်တယ်။ ဒါပေမယ့် သူ့ကြောင့်တော့ ကျွန်တော်တို့ဆီမှာ ခြင် ကင်းစင်နေတာအမှန်ပဲ” လို့ ယိုဝါရီ က ဆိုပါတယ်။

ဒီလို အခြေအနေတွေဖြစ်နေပေမယ့်လည်း ဂျိုးဟာ သူများတွေလို ပုံမှန်အစားအစာကို စားသူ ၊ ပုံမှန်နေထိုင်မှုနဲ့ပဲ ကျင်လည်သူပါ။ သူ့အနေနဲ့ ဒီလိုဖြစ်လာဖို့ ထူးထူးခြားခြားစားတာ ဘာမှ မရှိသလို၊ ခန္ဓာကိုယ်အနံ့အသက် ပြင်းတာမျိုးလည်း မရှိဘူးလို့ ဂျိုးက ဆိုပါတယ်။

READ
ဘန်ကောက်အနီး မီနီဘတ်စ်ကားနှင့်ပစ်ကပ်ကားယာဉ်တိုက်မူဖြစ်ရာမှ ၂၅ယောက်သေဆုံး

“ပုံမှန်အစားအစာမျိုးကိုပဲ ကျွန်တော် စားတာပါ။ ဒါပေမယ့် ဘယ်လိုအင်းဆက်မျိုးကမှ ကျွန်တော့်နားကို ရောက်မလာကြတာ ထူးဆန်းတယ်လို့ ခံစားရတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်အနံ့ကလည်း ပုံမှန်ပါပဲ။ ရေလည်း ပုံမှန်ချိုးတယ်၊ ကျွန်တော် လေလည်တဲ့အနံ့ကလည်း သူများတွေရဲ့ အနံ့နဲ့ ဘာမှ မကွာဘူး။ ဒါပေမယ့် အင်းဆက်တွေကို ဘယ်လိုမျိုး ဒုက္ခရောက်စေသလဲဆိုတာ တကယ်မသိဘူး” လို့ ဂျိုးက ဆိုပါတယ်။

@Sam_Lulli

Linn

 

SHARE