နေ့စဉ်ရက်ဆက်ငှက်ပေါင်း (၆၀၀၀) လောက်ကို အစာပုံမှန်ကျွေးရင်းဒါနပြုနေတဲ့အမျိုသား

သက်ရှိတွေကို အစာရေစာလှူဒါန်းကျွေးမွေးခြင်းဟာ ဘယ်နိုင်ငံမှာမဆို၊ ဘယ်ဘာသာတရားမှာမဆို ကုသိုလ်ရပြီးကောင်းမြတ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

အိန္ဒိယက Chennai မှာတော့ နေ့စဉ်ငှက်ကောင်ရေပေါင်း (၆၀၀၀) လောက်ကို အစဉ်မပျက် အစာကျွေးလေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူ့နာမည်ကတော့ Joseph Sekar ဖြစ်ပြီး အသက် (၆၄) နှစ်ပတ်ဝန်းကျင်ရှိနေပါပြီ။

AFP

Joseph ဟာ camera အပျက်တွေပြင်တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နောက်ထပ် ဝါသနာတစ်ခုတော့ ကြက်တူရွေးစိမ်းစိမ်းလေးတွေကို သဘောကျတာပါ။

Chennai ရဲ့ Royapettah ပတ်ဝန်းကျင်မှာ နေထိုင်သူဖြစ်ပြီး နေ့တိုင်းလိုလို ဆန်ကီလို (၃၀) လောက်ကို ရေလေးနဲနဲနဲ့ရောပြီး အိမ်ခေါင်မိုးထပ်ပေါ်မှာ ငှက်လေးတွေကို အစာကျွေးလေ့ရှိပါတယ်။ (၂၀၁၇) ခုနှစ်လောက်တုန်းက ဆူနာမီဖြစ်ပြီးနောက်ပိုင်းမှာ အခုလို အစာစကျွေးဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ် ဖြစ်လာတဲ့အခါ ငှက်တွေအတွက် အစာရေစာများ ရှားပါးလာခဲ့ပါတယ်။ အစကတော့ ခိုတွေ၊ စာကလေးတွေ၊ ရှဥ့်လေးတွေပဲ သူ့အစာတွေကို လာစားတတ်ကြပေမယ့် နောက်ပိုင်းမှာတော့ ကြက်တူရွေးလေးတွေပါ, ပါလာခဲ့တာပါ။

READ
ဘက်ခမ်နဲ့ ခေတ်ဆန်တဲ့အမျိုးသမီးတစ်ဦးတို့ရဲ့ခင်မင်မှုကို ဒေါသဖြစ်နေတဲ့ Victoria
AFP

ဒီကြက်တူရွေးလေးတွေဟာ အစိမ်းရောင်ရှိပြီး လည်ပင်းမှာ အရစ်ကလေးတွေ ပါ,ပါတယ်။ Parakeet မျိုးနွယ်ကြက်တူရွေးတွေဟာ မျိုးသုဉ်းပျောက်ကွယ်မှုအတွက် အန္တရာယ်ရှိနေတဲ့ ပမာဏသို့ နီးစပ်နေပါပြီ။

AFP

စစချင်းတုန်းကတော့ ခေါင်မိုးပေါ်မှာ ဖြစ်သလိုဆန်တွေကို ချထားတတ်ပေမယ့် ဒီအကောင်လေးတွေ ရောက်လာတဲ့အချိန်မှာတော့ အစီအစဉ်တကျဖြစ်ပြီး တစ်ကောင်ချင်းစီလည်း အစာရေစာဝအောင် စားနိုင်ဖို့အတွက် Joseph ဟာ သစ်သားတန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သစ်သားတန်းတစ်တန်းချင်းစီမှာ ငှက်တစ်ကောင်စာစားနိုင်မယ့် ဆန်ပမာဏကို ခန့်မှန်းပြီး ရေနဲ့ရောကာ အပုံလေးတွေ ပုံပေးထားခဲ့ပါတယ်။

AFP

ပုံမှန်ဆိုရင်တော့ ခေါင်မိုးထပ်ကို ငှက်တွေအစာစားတာ ပါးနေတဲ့အချိန် တစ်ကြိမ်နဲ့ ဆန်တွေအားလုံကုန်သွားတဲ့အချိန် နှစ်ကြိမ်တိတိသန့်ရှင်းရေးလုပ်ရပြီး မိုးတွင်းဖက်ဆိုရင်တော့ တန်းပေါ်ကဆန်တွေ မိုးရေထဲပါသွားမှာဆိုးလို့ (၅) ကြိမ်လောက် သန့်ရှင်းရေးလုပ်ရတယ်လိုဆိုပါတယ်။

AFP

အစာစားနေတဲ့အချိန် ဒဏ်ရာရတဲ့ ငှက်ကလေးတွေတွေ့တဲ့အခါမှာလည်း ခေါ်ထားပြီး ဆေးကုပေးကာ သူ့အိမ်မှာ လှောင်အိမ်လေးနဲ့ ထားထားပါတယ်။ ဒဏ်ရာတွေပျောက်သွားကာမှ ပြန်လွှတ်ပေးလေ့ရှိပါတယ်။

AFP

တစ်ရက်တစ်ရက် ဆန် (၃၀) ကီလိုအတွက် အမြဲတမ်း ၁၅ ဒေါ်လာလောက် သုံးနေတယ်လို့ Joseph ကဆိုပါတယ်။

READ
ငိုက်မျည်းနေစဉ် ကိုယ်ထိလက်ရောက်စော်ကားသူနဲ့ကြုံခဲ့ရတဲ့ Dangal မင်းသမီးလေး
AFP

Source: Your Story, Hindustan Times

Penny

SHARE