Panic attack ခံစားနေရတဲ့ချစ်သူကို ထူးခြားတဲ့လက်ဆောင်လေးပေးခဲ့တဲ့ အမျိုးသား

instagram/denixsha facebook/Denisha Bracey

ကနေဒါမှာနေထိုင်သူ ဒယ်နီရှာဘရာဆေဟာ မကြာသေးခင်ကမှ ရုတ်တရက်ထိတ်လန့်ပြီး စိုးရိမ်ကြောင့်ကြမှုဖြစ်ပွားလာတဲ့ Panic attack ဝေဒနာကို ခံစားလာရတာ ဖြစ်ပါတယ်။ ဒယ်နီရှာရဲ့ ချစ်သူ ရိုင်လေရန်ကင်ကတော့ ကောင်မလေးအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာကို အချိုမြိန်ဆုံးနည်းလမ်းလေးတစ်ခုနဲ့ ဖော်ပြခဲ့တာကို storypick သတင်းကနေတဆင့် အခုလို တွေ့ရှိရပါတယ်။

ဒယ်နီရှာက “ပြီးခဲ့တဲ့အပတ်တွေတုန်းက ကျွန်မဝေဒနာတစ်ခုတွယ်လာခဲ့တယ်။ အဲ့ဒါတော့ ရုတ်တရက် ထိတ်လန့်ပြီး ကြောက်လာတာ၊ စိုးရိမ်ပူပန်မှုတွေရုတ်တရက်ပေါ်လာပြီး စိတ်ကဏှာမငြိမ်ဖြစ်တာမျိုးပါ။ ဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်မရဲ့ကောင်လေးက ကျွန်မကို အစစအရာရာကူညီပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့ (၂) နှစ်မြောက် ချစ်သူသက်တမ်းအတွက်လည်း သူက လက်ဆောင်အထူးအဆန်းလေး တစ်ခုပေးခဲ့တယ်။”

facebook/Denisha Bracey

“အဲ့ဒါကတော့ အချစ်ဆေးလုံးလေးတွေပါ။ ဆေးလုံးလေးတွေမှာ စာလေးတွေရေးထားတယ်။ စာတိုလေးတစ်ခုမှာ ဖတ်လိုက်တာနဲ့ ကျွန်မပျော်သွားမယ့်၊ စိတ်ချမ်းသာသွားစေမယ့် စာလေးတွေ ရေးပေးထားတယ်၊ ကျွန်မမှာရှိတဲ့ အားသာချက်လေးတွေလည်း သူရေးပေးထားတယ်။ သူက ဆေးလုံးအခွံအလွတ်လေးတွေဝယ်၊ သူကိုယ်တိုင်စာလေးတွေရေးဖြည့်ပြီး ကျွန်မကို နေ့တိုင်း သုံးစွဲခိုင်းတာပေါ့လေ…” လို့ ကြည်နူးစွာ ပြောပြပါတယ်။

READ
မှော်ဆန်တဲ့ ATM ကဒ်ကြောင့် ခဏတာ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တဲ့ အမျိုးသား
facebook/Denisha Bracey

ရိုင်လေကတော့ အခုလိုစာတိုလေးတွေကို အားလုံးပြီးစီးအောင်ပြုလုပ်ဖို့ အချိန်(၃) နာရီကြာ ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ရိုင်လေက “ဒီလိုမျိုးအလားတူ ပုံစံမျိုးကို ကျွန်တော်တစ်နေရာကနေ ဖတ်ခဲ့ဖူးတယ် ထင်တာပဲဗျ။ ကျွန်တော်က ကျွန်တော့်ကောင်မလေးကို ပျော်စေချင်တယ်လေ။ သူ့နားမှာ ကျွန်တော်ရှိမနေတဲ့အခါမျိုးတွေမှာ ဒီအချစ်ဆေးလုံးတွေကို သုံးပြီး သူ့ရောဂါသက်သာစေဖို့ မျှော်လင့်ပါတယ်…” လို့ လည်း ပြောပြပါတယ်။ အွန်လိုင်းပေါ်ကသူတွေကတော့ ရိုင်လေကို ဒီနှစ်အတွက် အရမ်းအနုပညာဆန်ပြီး ချစ်တတ်တဲ့ချစ်သူကောင်လေးအဖြစ် အထူးဆုတောင် ပေးသင့်နေပြီဖြစ်ကြောင်း စနောက်နေကြပါတယ်။

Posted by Denisha Bracey on Friday, July 26, 2019

လင်းလင်း (ShweMom)

SHARE