ပျောက်သွားတဲ့ကြောင်လေးကို ရှာဖို့ ဒူဘိုင်းအထိပြန်သွားခဲ့တဲ့ အဖိုးအို

အသက် (၅၉)နှစ်အရွယ် Ian တစ်ယောက် ဒူဘိုင်း အပန်းဖြေခရီးစဉ်ကနေ ပြန်အလာမှာ သူရဲ့ ကြောင်ကလေး Dinky ကို လေကြောင်းခရီးနဲ့ သယ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို သယ်ဆောင်တဲ့အခါ ကူးစက်ရောဂါ ပျံ့နှံ့မှာကြောက်လို့ သီးသန့် တိရစ္ဆာန်လှောင်အိမ်နဲ့ သီးခြားသယ်ဆောင်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လန်ဒန် Gatwick လေဆိပ်ကိုရောက်လို့ ကြည့်လိုက်တော့ Dinky ပါမလာခဲ့ပါဘူး။ Dinky ဟာ လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပုံရပြီး၊ ဒူဘိုင်းမှာ သောင်တင်ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် Ian ဟာ ဒူဘိုင်းကို နောက်တစ်ကြိမ် ထပ်သွားပြီး သူရဲ့အချစ်တော့ Dinky ကို ရှာဖွေခဲ့ကြောင်း Metro က ဆိုပါတယ်။

Geoff Robinson Photography

Ian ဟာ ဒူဘိုင်းမှာ သုံးပတ်ကြာမြင့်တဲ့အထိ ရှာဖွေခဲ့ပေမယ့် အခြေအနေမထူးခဲ့ပါဘူး။ နောက်ဆုံး အင်္ဂလန်ကို ပြန်လုပြန်ချင်မှာပဲ Dinky ကို တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ပြန်တွေ့ခဲ့ရပါတယ်။ ဒီအတွက် Ian နဲ့ ဇနီးသည် Susan တို့ဟာ ၀မ်းသာနေကြပါတယ်။ သူတို့ဟာ Dinky ကို တစ်ခြားကြောင်တစ်ကောင်ဖြစ်တဲ့ Cleo နဲ့အတူ ဒူဘိုင်းကနေ သယ်လာပေမယ့် Dinky က ကျန်နေခဲ့တာပါ။

READ
ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ နယူးယော့ခ်မြို့က ငြိမ်းချမ်းစွာဆန္ဒဖော်ပွဲ
Geoff Robinson Photography

Ian တို့ လင်မယားဟာ အင်္ဂလန်နိုင်ငံ၊ Northamptonshire နယ်က Wellingborough မြို့မှာ နေထိုင်ကြပြီး၊ အခုတော့ စိတ်ချလက်ချ ဖြစ်သွားပြီလို့ ဆိုပါတယ်။ Ian က ” အခုလို Dinky နဲ့ ပြန်ဆုံရတော့ အံ့သြ၀မ်းသာရပါတယ် … Dinky ဟာ အသက် (၁၈)လသာ ရှိသေးပြီး .. သူ့ဘာသာသူ ဒီလိုကြာမြင့်တဲ့ ကာလအတွင်းမှာ ဘယ်လိုအသက်ရှင်အောင် ကြိုးစားခဲ့ရသလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး … “လို့ ပြောခဲ့ပါတယ်။

Dinky ကို ရှာတွေ့ဖို့အတွက် လူမှုကွန်ယက်ကိုလည်း ကောင်းကောင်း အသုံးချခဲ့ရပါတယ်။ ဒူဘိုင်းကို ပြန်ရောက်ပြီး သုံးပတ်မြောက်မှာ Ian ကို လူမှုကွန်ယက်ကတစ်ဆင့် အမျိုးသမီးတစ်ယောက်က ဆက်သွယ်ခဲ့ပါတယ်။ သူမက Dinky ကို လေဆိပ်နဲ့ မိုင် (၂၀)အကွာမှာတည်ရှိတဲ့  Al Barsha မှာ တွေ့ခဲ့ရတယ်လို့ အကြောင်းကြားခဲ့တာပါ။

READ
လမ်းမပေါ်ကရေကို လျှာနဲ့လျက်နေရှာတဲ့ ကလေးမလေးရဲ့ ရင်နာဖွယ်ရာအဖြစ်
Geoff Robinson Photography

ဒီနည်းနဲ့ Ian တို့ လင်မယားဟာ Dinky ကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Dinky ဟာ အပူချိန် ပျမ်းမျှ (၄၀) ဒီဂရီစင်တီဂရိတ်ရှိတဲ့ ဒူဘိုင်းမှာ (၄)ပတ်ကြာ ကျင်လည်ခဲ့ရပြီး၊ သူ့ဘ၀ အသက်ရှင်ရပ်တည်ရေးကိုလည်း ကောင်းကောင်း တောင့်ခံနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE