ဂျပန်အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့၇နှစ်တုန်းက ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူကို Google Earth ထဲမှာ မမျှော်လင့်ဘဲ ပြန်တွေ့ရတဲ့အတွက် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ကြောင်း nextshark အရ သိရပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @TeacherUfo ဟာ တစ်နေ့မှာ သူအရင်နေခဲ့တဲ့အိမ်ဟောင်းကို Google Earth ထဲ ပြန်ရှာကြည့်မိပါတယ်။ အံ့သြစရာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင်ဟာ မိခင်ဖြစ်သူ အိမ်ပြန်အလာကိုအပြင်ထွက်စောင့်နေတာ တွေ့လိုက်ရတာပဲဖြစ်ပါတယ်။
コロナでやる事ないからGoogleEarthで実家見に行ったら7年前に死んだ親父が写ってた。その先に人が居たから見に行ったら母ちゃんだった。一服しながら奥さんの帰りを待ってたんだな。無口だけど優しい親父だった。このままこの場所の写真更新しないで欲しいな。 pic.twitter.com/PXxBICAxmz
— タムチンキ (@TeacherUfo) January 4, 2021
“ကျွန်တော့်မိဘတွေရဲ့အိမ်ကို Google Earth မှာရှာကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကပ်ရောဂါထဲမှာ ဘာမှလုပ်စရာမရှိဘူးလေ။ အဲ့ဒီမှာ လွန်ခဲ့တဲ့ ၇နှစ်က ကွယ်လွန်သွားတဲ့ ကျွန်တော့်အဖေကိုသွားတွေ့တယ်။ အမေ့ကိုလည်း အိမ်ဘက်လမ်းလျှောက်လာနေတာ တွေ့လိုက်တယ်။ အဖေက အမေပြန်အလာကိုစောင့်နေခဲ့တာပဲ။ ကျွန်တော့်အဖေက အနေအေးပြီး ကြင်နာတတ်တဲ့သူပါ။ ကျွန်တော်ကတော့ အဖေဓာတ်ပုံကို Google Earth က မဖယ်ပစ်လိုက်ဖို့ မျှော်လင့်မိတာပဲ။” လို့ သူက ဆိုပါတယ်။
@TeacherUfo ရဲ့တွစ်ကို အွန်လိုင်းပေါ်ကလူတွေကလည်း ၄င်းတို့အတွေ့အကြုံနဲ့ပတ်သက်ပြီး မျှဝေခဲ့ကြပါတယ်။ “ကျွန်မအဘွားကတော့ ပြီးခဲ့တဲ့နှစ်ကမှသေသွားတာ။ ကျွန်မအမေဘက်က အဘွားပေါ့။ အဘိုးနဲ့ အဘွားက လယ်အလုပ်တွေပြီးလို့ အိမ်ကိုပြန်လာကြတဲ့ ပုံလေး ခုလိုတွေ့တယ်။” ဆိုပြီး @TacHi19505968 ကဆိုပါတယ်။ Tech Junkie အရတော့ ၂၀၀၁ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့ ကွန်ပြူတာပရိုဂရမ်ဟာ ဂြိုလ်တုပုံရိပ်တွေအပေါ်အခြေခံပြီး ကမ္ဘာ virtual tour လုပ်လို့ရပါတယ်။ Google Earth ဟာ ပျမ်းမျှမြေပုံတစ်ခုမှာ တစ်နှစ်ကနေ ၃နှစ်အတွင်းသက်တမ်းရှိတဲ့ ဓာတ်ပုံတွေကို တစ်လတစ်ခါ ပြင်ဆင်လဲလှယ်တယ်လို့ သိရပါတယ်။
写真忘れてしまいました( ˊᵕˋ ;)💦
本当にありがとうございます。 pic.twitter.com/F6nkChMBrJ— [email protected] (@TacHi19505968) January 5, 2021
နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @shiumeko ကတော့ သူလည်းပဲ Google Earth ကိုလျှောက်ကြည့်ရင်း အိမ်ဟောင်းတုန်းက သူမတို့ မွေးခဲ့တဲ့ သေသွားပြီဖြစ်တဲ့ခွေးလေးကို ဓာတ်ပုံထဲမှာ ပြန်တွေ့ရကြောင်း ပြောခဲ့သေးတယ်။ “အသက်ကြီးလို့ သေသွားတဲ့ ကျွန်မခွေးလေးကို ပြန်တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ် Google Earth မှာ ကျွန်မအိမ်ကိုရှာကြည့်ခဲ့တဲ့အချိန်ကပေါ့။ ခွေးကိုမြင်တော့အရမ်းပျော်သွားတာပဲ။ ဒီဓာတ်ပုံလေးကို Google Earth က မဖြုတ်ပစ်ဖို့မျှော်လင့်မိတယ်။” လို့လည်း ပြောသွားခဲ့ပါတယ်။
私も一昨年老衰で亡くなってしまった犬が家で写りこんでいて見る度にまた会えたみたいで嬉しくなります。この写真のまま変わらなければいいなぁ pic.twitter.com/S53hOQTNW7
— ぽこた (@shiumeko) January 5, 2021
ShweMom