ဟိုတယ်ခန်းထဲ Jerry ရောက်နေလို့ Tom ကို အထဲခေါ်လာပေးပါဆိုတဲ့ ဧည့်သည်

instagram/tomandjerry4ans

နည်းပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ နိုင်ငံခြားတိုင်းပြည်တွေဆီ ခရီးထွက်ရတာဟာ ပျော်စရာပိုကောင်းလာပါတယ်။ လေယာဉ်လက်မှတ်ကစလို့ ဈေးနှုန်းချိုတဲ့ ဟိုတယ်တွေကို ရှာပြီး တည်းခိုတာ၊ ကိုယ်လည်ပတ်မယ့် ခရီးအတွက် စီစဉ်ရတာတွေဟာ အရမ်းကို လွယ်ကူသွားပါပြီ။ ဒါပေမယ့် တစ်ခုရှိတာက ကမ္ဘာသုံးအင်္ဂလိပ်ဘာသာစကားကိုလည်း ပီပီပြင်ပြင် ပြောဆိုတတ်ဖို့ လိုပါသေးတယ်။ နို့မဟုတ်ရင်တော့ တစ်နေရာမဟုတ် တစ်နေရာမှာ အခက်အခဲတော့ တွေ့ရမှာပါ။

အောက်ဘက်မှာတော့ ဘာသာစကားအခက်အခဲကြောင့် ဟာသမြောက်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို storypick ကနေ တဆင့် ဖော်ပြပေးချင်ပါတယ်။ သတင်းပါ ဗီဒီယိုကိုတော့ တွစ်တာပေါ်မှာ ရှဲထားကြတာပါ။ ဗီဒီယိုထဲမှာ အမျိုးသားတစ်ယောက်ဟာ ဟိုတယ်ဧည့်ကောင်တာကို ဖုန်းလှမ်းဆက်နေတာပါ။ အမျိုးသားက သူ့အင်္ဂလိပ်စာ သိပ်မကောင်းဘူးနော်လို့ ဆိုရင်း အဆက်အစပ်မရှိ Tom နဲ့ Jerry ကာတွန်းကားကို သိသလားဟင်ဆိုပြီး ကောင်တာကို မေးလိုက်တာပါ။

READ
သားလူပျိုကြီးကို အမေက မိန်းမရှာဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုဖိုင် တရုတ်နိုင်ငံမှာ ရေပန်းစား

 

 

View this post on Instagram

 

😂🔨😂 Follow Tom and Jerry……. #Tomandjerry #cartoon #girl#kids#girls#usa#20likes#10likes#video#film

A post shared by Tom and Jerry Cartoons (@tomandjerry4ans) on

ကောင်တာကလည်း သိပါတယ် ဘာဖြစ်လို့ပါလဲလို့ ပြန်မေးပါတယ်။ ဒီအခါ ၄င်းဧည့်သည်အမျိုးသားကနေ အခန်းထဲမှာ Jerry ရောက်နေတယ်။ Tom ကို အခန်းထဲ လွှတ်ပေးပါဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရယ်စရာကောင်းလှတဲ့ စကားပြောဗီဒီယိုဖိုင်လေးကိုတော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

READ
အွန်လိုင်းပေါ်မှာပျံ့နှံသွားတာကြောင့် ဧည့်သည်ထောင်ပေါင်းများစွာတက်ခဲ့တဲ့မွေးနေ့ပွဲ

 

လင်းလင်း (ShweMom)

SHARE