တံခါးမခေါက်ဘဲ အိမ်ထဲဝင်လို့ဆိုပြီး စက်ဆုပ်ဖွယ်ပြစ်ဒဏ်ပေးတဲ့ ရွာသူကြီး

အိန္ဒိယနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ ရွာလူကြီးရဲ့အိမ်ကို တံခါးမခေါက်ဘဲဝင်ခဲ့မိတာကြောင့် ရဲတင်းတယ်လို့ဆိုပြီး အပြစ်ပေးခံခဲ့ရပါတယ်။ အပြစ်ဒဏ်ကတော့ အဲဒီအမျိုးသားကို ကြမ်းပြင်ပေါ်မှာ တံတွေးထွေးခိုင်းပြီး သူထွေးထားတဲ့တံတွေးကို ပြန်လျက်ခိုင်းတာပါ။ နောက်ပြီး ရွာခံအမျိုးသမီးတွေကိုလည်း အဲဒီအမျိုးသားကို သူတို့စီးထားတဲ့ဖိနပ်တွေနဲ့ ရိုက်ခိုင်းခဲ့တယ်ဆိုတဲ့အကြောင်းကို Mirror သတင်းဌာနမှာတွေ့ရှိခဲ့ပါတယ်။

(Image: CEN)

အဆိုပါအဖြစ်အပျက်ဟာ အသက် (၅၄)နှစ်ရှိပြီဖြစ်တဲ့ ဆံသဆရာ Mahesh Thakur ကို လူအချင်းချင်းနှိမ်တဲ့သဘောနဲ့ အရှက်ရစေခဲ့ပါတယ်။ Mahesh ဟာ ဆေးရွက်ကြီးဝယ်ဖို့အတွက် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းက Ajnaura ရွာမှာ ရွာလူကြီး Surendra Yadav ရဲ့ အိမ်ကို ၀င်ခဲ့တာဖြစ်ပါတယ်။ Mahesh သွားတုန်းက အဆိုပါအိမ်မှာ ယောက်ျားသားတစ်ယောက်မှ မရှိခဲ့ပါဘူး။

(Image: CEN)

ဒါကို Surendra Yadav က Mahesh ဟာ သူ့အိမ်ကို ပုန်းလျိုးကွယ်လျိုးဝင်တယ်လို့စွပ်စွဲပြီး ကိုယ့်တံတွေးကိုယ် ပြန်လျက်ခိုင်းကာ ရွာခံအမျိုးသမီးတွေရဲ့ ဖိနပ်နဲ့ (၇)ကြိမ်စီ ရိုက်တာခံဖို့ ပြစ်ဒဏ်ပေးခဲ့တာပါ။ ယခုလိုအဖြစ်အပျက်ကို ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း အခန်းထဲက တချို့လူတွေက မျက်နှာလွှဲထားကြပြီး မိန်းမတစ်ယောက်ကလည်း စိတ်မပါတပါနဲ့ Mahesh ကို ဖိနပ်နဲ့ရိုက်နေတာတွေ့ရမှာပါ။

READ
ဂိမ်းအဆော့မက်လွန်းလို့ ရည်းစားကသ၀န်တိုပြီး ဓားနဲ့ခုတ်တာခံခဲ့ရတဲ့ အမျိုးသား
(Image: CEN)

ဟင်ဒူသတင်းစာတစ်စောင်အရ ဗီဒီယိုထဲမှာ Mahesh ကို နောက်ထပ်ရွာသူကြီးအိမ်ကို တံခါးမခေါက် အသိမပေးဘဲမ၀င်ဖို့ပြောဆိုနေသံနဲ့ နောက်တခါဆို ထောင်ထဲပို့ပစ်မယ်ဆိုတဲ့အကြောင်း ပြောသံကြားရပါတယ်။ အဲဒီနောက်မှာတော့ Mahesh က တုန်လှုပ်စွာနဲ့ အပြစ်ဒဏ်ကိုခံယူခဲ့တာဖြစ်ပါတယ်။

ရဲအဖွဲ့ကပြောရေးဆိုခွင့်ရှိတဲ့ အရာရှိတစ်ဦးကတော့ အဆိုပါကိစ္စဟာ လူ့သိက္ခာကျစေတဲ့ဖြစ်ရပ်ဖြစ်တဲ့အတွက် ကျူးလွန်သူ လူ(၉)ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပေမဲ့ လောလောဆယ်မှာတော့ တစ်ဦးတစ်ယောက်မှဖမ်းဆီးထားတာ မရှိသေးဘူးလို့ သိရပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE