ခရီးသည်ယူလာတဲ့ Power Bank ပေါက်ကွဲလို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်

East2West

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကနေ ဟောင်ကောင်ကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်တစ်စီးဟာ လမ်းခုလတ်မှာ အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်လို့ အရေးပေါ် ဆင်းသက်ရပ်နားခဲ့ရကြောင်း သိရပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ မလေးရှားအမျိုးသားတစ်ဦး သယ်ဆောင်လာတဲ့ Power Bank  ပေါက်ကွဲခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ခရစ်စမတ်နေ့ (ဒီဇင်ဘာ(၂၅)ရက်နေ့)က ဖြစ်ပျက်ခဲ့တာပါ။ အသက်(၂၃)နှစ်အရွယ် မလေးရှားလူမျိုးတစ်ဦးဟာ လေယာဉ်ပေါ်မှာ Power Bank နဲ့ ဖုန်းကိုအားသွင်းရင်း စီးနင်းလိုက်လာခဲ့တာဖြစ်ပြီး၊ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

East2West

ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကလည်း စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာကြောင့် လေယာဉ်ကို ဗီယက်နမ်နိုင်ငံ၊ Tan Son Nhat Airport လေဆိပ်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ကာယကံရှင်အမျိုးသားမှာ ပေါင်ခြံနဲ့၊ ဘယ်ဘက်လက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး၊ သူ့ကို အရေးပေါ်စောင့်ရှောက်မှု ပေးခဲ့ရပါတယ်။

ဗီယက်နမ်လေဆိပ်မှာ အဲဒီအမျိုးသားကို သူနာပြုယာဉ်နဲ့ ဆေးအဖွဲ့က စောင့်ကြိုနေပြီး၊ အနီးအနားက ဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဗီယက်နမ်နိုင်ငံ၊ Vietnam Aviation က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ တစ်ခြားရည်ရွယ်ချက်မရှိတဲ့ ပေါက်ကွဲမှုလို့ အတည်ပြုခဲ့ပါတယ်။

East2West

ပေါက်ကွဲခဲ့တဲ့ Power Bank က ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကို သတင်းမှာ ထုတ်ဖော်ရေးသားထားခြင်းဒ မရှိပါဘူး။ သို့သော်လည်း ဈေးပေါတဲ့ Power Bank တစ်ခုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကြောင့် မထင်မှတ်ဘဲ လေကြောင်းလိုင်းနဲ့ တစ်ခြားခရီးသည်တွေအတွက် နစ်နာမှုတွေ အနှောက်အယှက်တွေ ဖြစ်ခဲ့တာကတော့ ဆင်ခြင်စရာပါ။

လင်းသုတ

SHARE