မုန့်ထဲက စာလေးတစ်စောင်ကြောင့် ထီထိုးလိုက်ရာ ထီဆုကြီးပေါက်ခဲ့တဲ့ အမျိုးသား

pixabay

ဒီမှာတော့ နေကြာစေ့စားတဲ့အခါ ဆုတောင်းလေးတွေ၊ ရှေ့ဖြစ်ဟောစာတိုလေးတွေ ပါတတ်ကြတာကို အားလုံးသိကြမှာပါ။ တခြားနိုင်ငံတွေမှာတော့ Fortune cookie ဆိုတဲ့ တရုတ်မုန့်လေးတွေထဲ အဲဒီလိုရှေ့ဖြစ်ဟောစာတိုလေးတွေ ထည့်ပေးတဲ့ဓလေ့ဟာ ရှေးကတည်းက သိပ်ကိုခေတ်စားခဲ့ပါတယ်။ တချို့ကလည်း အဲဒီမုန့်ထဲက ရှေ့ဖြစ်ဟောစာစောင်လေးတွေဟာ တကယ့်လက်တွေ့ဘဝမှာ မှန်လေ့ရှိတယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

တကယ်ဟုတ်မဟုတ်တော့မသိပေမယ့် အမျိုးသားတစ်ယောက်ကတော့ fortune cookie လေးထဲက စာတစ်စောင်ကြောင့် ထီကံစမ်းခဲ့ရာ တကယ်ကြီး သိန်းဆုပေါက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

pixabay

Maryland က Diego Caceres ဟာ သူ့အစ်ကို Domingo နဲ့တူတူ ညစာကို တရုတ်စားသောက်ဆိုင်တစ်ခုမှာ ဝင်စားခဲ့ပါတယ်။ တရုတ်စားသောက်ဆိုင်တွေရဲ့ ထုံးစံအတိုင်းပဲ ဧည့်သည်တွေစားပြီးသောက်ပြီးအချိန်လောက်မှာ ခုဏကပြောခဲ့တဲ့ fortune cookie လေးတွေ ချပေးလေ့ရှိပါတယ်။

ဒီတစ်ခေါက် Diego ပေါက်တဲ့ ရှေ့ဖြစ်ဟောစာလေးကတော့ ဒီနေ့ဟာမင်းရဲ့ကံကောင်းတဲ့နေ့ ဆိုပြီး ရှာတွေ့ခဲ့ပါတယ်။ ဘာရယ်ညာရယ်မဟုတ်ပဲ မုန့်ကိုသာစားပြီး မေ့လောက်တဲ့အချိန်ကျမှ စတိုးဆိုင်တစ်ဆိုင်ဝင်ရင်း အဲဒီအကြောင်းသတိရပြီး ထီထိုးကြည့်လိုက်ပါဦးမယ်ဆိုတဲ့ စိတ်ကူးပေါ်မိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီစတိုးဆိုင်က ရောင်းတဲ့ထီအဲဒီနေ့မှာပဲ ထိုးခဲ့ပါတယ်။

READ
အရက်မူးနေတဲ့ ထရပ်ကားမောင်းသူကြောင့် ကားတိုက်မှုဖြစ်ပွားပြီး အနည်းဆုံး(၁၇)ဦးသေဆုံး
pixabay

ပိုက်ဆံမပါလို့တောင်မှပဲ သူ့အစ်ကိုဆီက ပိုက်ဆံချေးကာ ထိုးခဲ့ရတာပါ။ နံပါတ်ကိုတော့ သူ့ရဲ့lucky number လည်းဖြစ်၊ အကြိုက်ဆုံးဘောလုံးသမားရဲ့ ကျောနံပါတ်လည်းဖြစ်တဲ့ ၈ ကိုပဲဝယ်ထိုးခဲ့ပါတယ်။ ထီလက်မှတ်ကိုပေါက်မပေါက် ခဲခြစ်ကြည့်လိုက်တဲ့အခါမှာတော့ အံ့သြစွာနဲ့ပဲ သူဝယ်ထိုးလိုက်တဲ့ ထီလက်မှတ်ဟာ ဒေါ်လာသိန်းချီတန်တဲ့ လက်မှတ်ဖြစ်နေတာကို မယုံကြည်နိုင်စရာတွေ့ခဲ့ရတာပါ။

ဆုကြေးငွေဟာ ဒေါ်လာ ၁ သိန်းဖြစ်ပါတယ်။ ဒီငွေပမာဏဟာ လူတစ်ယောက်ရဲ့ဘဝကို တော်တော်လေးအပြောင်းအလဲဖြစ်စေတဲ့ ငွေပမာဏဖြစ်တာကြောင့် တရုတ်မုန့်ထဲက ရှေ့ဖြစ်ဟောစာလေး အကြောင်းပြုကာ ထီပေါက်ခဲ့တဲ့ Diego အတွက်တော့ သိပ်ကို ကံကောင်းလွန်းတာလို့ ဆိုလို့ရပါတယ်။

ဆုကြေးငွေတွေကိုတော့ ညီအစ်ကိုနှစ်ယောက်မျှပြီး ခရီးတွေထွက်မယ်။ ပြီးရင် အရမ်းကြည့်ချင်ပေမယ့် ဈေးကြီးလို့ဝယ်ဖို့နှမြောနေတဲ့ ဘောလုံးပွဲလက်မှတ်ကိုဝယ်ပြီး ပွဲသွားကြည့်ဖို့ပဲ စဉ်းစားနိုင်သေးတယ်လို့ အသက် ၂၅ နှစ်အရွယ် Diego က ပြောပါတယ်။

CNN

Source: CNN

Penny

SHARE