အပြာကားကြည့်တော့မှ အစ်ကိုဖြစ်သူနဲ့လက်ထပ်မယ့်သူက အပြာမယ်မှန်းသိခဲ့ရတဲ့အဖြစ်

Weibo/zhu

ဖြစ်ရပ်တွေကတော့ ဆန်းကျယ်လွန်းလှပါတယ်။ နှစ်နဲ့ချီတွဲလာတဲ့ သူက ကိုယ့်ချစ်သူအပြာမယ်လုပ်နေမှန်းမရိပ်မိဘဲ ခဏလာလည်တဲ့ညီဖြစ်သူပြောကာမှ အပြာမှန်းသိလိုက်ရတဲ့အဖြစ်ပါ။ ဒီအကြောင်းကို ကာယကံရှင်ကိုယ်တိုင်သူ့ရဲ့ Weibo account မှာ တင်လာခဲ့တာပါ။

ဖြစ်ပုံကတော့ ဒီလို။ တရုတ်နိုင်ငံမှ ကာယကံရှင်ကောင်လေးက သြဇီမှာကျောင်းသွားတက်ခဲ့ပါတယ်။ ကျောင်းတက်ရင်း သြဇီမှာပဲ ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့သတဲ့။ ကောင်မလေးကလည်း သူ့လိုပဲကျောင်းလာတက်တဲ့တရုတ်မလေး။ ချစ်ဖို့ကောင်းပြီး သွက်သွက်လက်လက်ကလေးပါပဲ။

Weibo/Zhu

နောက်ပြီးစာကြမ်းပိုးလေးပါတဲ့လေ။ သူနဲ့တွဲနေတုန်းမှာတင်ကို စာကြည့်တိုက်သွားပြီးတစ်ယောက်တည်း စာသွားသွားကျက်တဲ့ ကောင်မလေးဆိုတော့။ သူ့အနေနဲ့ ဒီလိုကောင်မလေးကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့တာပါ။ ကျောင်းပြီးရင် တရုတ်ကိုပြန်မယ်၊ နှစ်ယောက်သားလက်ထပ်မယ်ပေါ့။ မိဘတွေကိုလည်း အားလုံးဖွင့်ပြောပြီးလို့ သဘောတူပြီးနေပြီ။

တစ်ရက်ကျတော့ တရုတ်ပြည်က ကောင်လေးရဲ့ညီလာလည်ခဲ့ပါတယ်။၂ ပတ်လောက် ကောင်လေးအိမ်မှာ နေသွားခဲ့ကာ တရုတ်ပြည်ပြန်သွားခဲ့ပါတယ်။ တရုတ်ကို ပြန်သွားတော့မှ ကောင်လေးထံ စာတစ်စောင်ပို့ခဲ့တယ်တဲ့။ “မင်းကောင်မလေးနဲ့ မြန်မြန်လမ်းခွဲလိုက်တော့” ဆိုတဲ့စာနဲ့ website link တစ်ခုကိုပါ ချိတ်ပေးခဲ့တယ်။ Website link ကို နှိပ်လိုက်တဲ့အခါမှာတော့ အပြာကားတွေတင်ထားတဲ့ ဆိုဒ်တစ်ခုထဲကို ရောက်သွားခဲ့ပါတယ်။ နောက် ဗီဒီယိုတစ်ခု..

READ
သမီးရဲ့ဘွဲ့နှင်းသဘင်မှာ သမီးကို စတိတ်စင်ပေါ်အထိ ဒရွတ်သွား လိုက်ပို့ပေးခဲ့တဲ့ ဒုက္ခိတဖခင်
Weibo/Zhu
Weibo/Zhu

ဗီဒီယိုမှာ သူနဲ့သိပ်ကိုရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီမျက်နှာပိုင်ရှင်ဟာ အင်္ကျီတွေတစ်လွှာပြီးတစ်လွှာချွတ်နေပြီ၊ နောက် အမျိုးသားတစ်ယောက်ပေါ်.. သူဆုံးအောင်တောင် ဆက်မကြည့်နိုင်တော့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားတယ်။ ဒီဗီဒီယိုတွေဟာ သူနဲ့မတွေ့ခင်တုန်းကလား။ ဒါပေမဲ့ ဝတ်ထားတဲ့အင်္ကျီ၊ ဆံပင်ပုံစံ၊ မျက်နှာအနေအထားအားလုံးဟာ လက်ရှိပုံစံတွေချည်းပဲ။ နောက်ဆုံးတော့ ချစ်သူကို message လှမ်းပို့ခဲ့တယ်။

“ဒါကိုသိလား” “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ” လို့မေးလိုက်ခဲ့တယ်။ ကောင်မလေးက ချက်ချင်းပဲ သိသာနေတဲ့ဟာကို မမေးပါနဲ့တဲ့လေ။ အပြာကားရိုက်တာအပြင်ကိုမှ ဖုန်းဆက်ခေါ်ရင်လည်း လိုက်တဲ့ကောင်မလေးမျိုးဖြစ်လို့နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောင်လေးလိုချင်တာက ကောင်မလေးဆီက ကောင်းကောင်းမွန်မွန်နဲ့ဝန်ခံတာပါ။ ဒါပေမဲ့ ကောင်မလေးဆက်ဆံတာက ဖြစ်ကတတ်ဆန်းပဲ။ ဒီလိုသိသွားပြီဆိုတော့လည်း လုပ်ချင်ရာလုပ်တဲ့လေ။

Weibo/Zhu
Weibo/Zhu
Weibo/Zhu

ဒီလိုတွေဖြစ်နေတာတေင်မှပဲ ကောင်လေးဖက်က ကောင်မလေးကို လက်ထပ်ချင်နေဆဲပါပဲ။ ဒါပေမဲ့ ကောင်မလေးကတော့ ဒီအတောအတွင်း သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေ၊ ကောင်လေးချစ်ပေးခဲ့တာတွေကိုမှမထောက်ဘဲ စကားတွေကို လက်လွတ်စပယ်တွေ ပြောလာခဲ့တဲ့အတွက် ကောင်လေးဖက်က လက်လျှော့ကာ ဒီလိုလုပ်စားနေတယ်ဆိုတာ ကောင်မလေးအဖေကိုတော့ ပြောမှဖြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် တကယ်လည်း မပြောဖြစ်ခဲ့ပါဘူးတဲ့။

နောက်ဆုံးကောင်လေးကတော့ စီစဉ်ထားတဲ့အတိုင်း တရုတ်ပြည်ကိုတစ်ယောက်တည်း ပြန်လာခဲ့ပါတယ်။ ကောင်မလေးကတော့ သြဇီမှာပဲ ကျန်ခဲ့ပါတော့တယ်။ ရုပ်ရှင်ဆန်တဲ့အဖြစ်အပျက်မျိုးတွေ တကယ့်လက်တွေ့မှာလည်း ဖြစ်နိုင်တာပါပဲလားနော်။

READ
သမီးကိုကြင်ကြင်နာနာနဲ့လက်ထပ်ယူသူကို ဝက်အကောင် ၃၀၀ ပါပေးမယ်ဆိုတဲ့ဖခင်
Weibo/zhu

Penny

SHARE