ချစ်သူကို လက်တွေ့ဆန်ဆန် V day လက်ဆောင်ပေးခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား

ဗယ်လင်တိုင်းနေ့တွေမှာ စုံတွဲလေးတွေတိုင်း ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းဖို့ ကြိုးစားကြပါတယ်။ အဲဒီနေ့မှာ လူတော်တော်များများက ချောကလက်တွေ၊ ပန်းစည်းတွေနဲ့ အရုပ်တွေရဖို့ မျှော်လင့်ကြပေမယ့် ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ အချို့မိန်းကလေးတွေက ချောကလက်နဲ့ ပန်းစည်းကို သိပ်မမက်မောကြတော့ပါဘူး။

Facebook/Jerome Escuadro

လူတွေက တဖြည်းဖြည်း လက်တွေ့ဆန်လာတာနဲ့အမျှ အချို့မိန်းကလေးတွေကလည်း လက်တွေ့ကျကျ အသုံးပြုလို့ ရတဲ့အရာမျိုးကိုပဲ လိုချင်လာကြပါတယ်။ ဒီအချက်ကိုသိသူဖြစ်တဲ့ Prince Carl Erquita ဆိုသူ အမျိုးသားက အခြားအမျိုးသားတွေ မလုပ်မယ့်အရာကို လုပ်ခဲ့ပြီး သူ့မိန်းကလေးအတွက် လက်တွေ့ကျတဲ့ ချစ်သက်လက်ဆောင်ကို ပေးခဲ့ပါတယ်။

Facebook/Jerome Escuadro

Carl က သူ့ချစ်သူကို ပန်းစည်းနဲ့ ချောကလက်ဘူးတွေ ပေးမယ့်အစား ငှက်ပျောသီးတစ်ဖီးနဲ့ ဒန့်ဒလွန်ရွက်တွေကို ပန်းစည်းလို စည်းပြီး ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ထားတဲ့ ရယ်မောဖွယ်ဗီဒီယိုလေးကို Facebook က Jerome Escuadro အကောင့်မှာ တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှုသူ (၂)သန်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

READ
ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ထူးဆန်းတဲ့နည်းနဲ့ လမ်းဖြတ်လျှောက်ခဲ့ကြရတဲ့ လူများ
Facebook/Jerome Escuadro

ပန်းစည်းနဲ့ ချောကလက်တွေပဲ ဗယ်လင်တိုင်းလက်ဆောင် ဖြစ်နိုင်တာမဟုတ်ပါဘူး။ အရသာရှိပြီး လှပတဲ့သစ်သီးဖြစ်တဲ့ ငှက်ပျောသီးစည်းကလည်း လက်ဆောင်ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်နော်။

Posted by Jerome Escuadro on Tuesday, February 13, 2018

White (Shwemom)

Ref: Viral4Real

SHARE