သန့်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့တဲ့ တက္ကသိုလ်ကနေပဲ ဘွဲ့ရယူနိုင်ခဲ့တဲ့အမျိုးသား

ဖရန့်ဘေးဆိုသူအမျိုးသားဟာ ဆယ်ကျော်သက်အရွယ်မှာ နယူးယောက်တက္ကသိုလ်ထဲက Langone Tisch ဆေးရုံမှာ  သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ် စတင်အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ သူဟာ ဆေးရုံက လူနာခန်းတွေ၊ အိမ်သာနဲ့ ဆေးရုံဟောခန်း စင်္ကြန်တွေကို သန့်ရှင်းရေးလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အသက်(၂၉) နှစ်ရှိပြီဖြစ်တဲ့ ဖရန့်ဟာ သူအလုပ်လုပ်ခဲ့တဲ့ တက္ကသိုလ်ကနေပဲ သူနာပြုဘွဲ့တစ်ခု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

abcnews

ဖရန့်ဟာ အသက်(၁၅) နှစ်အရွယ်မှာ မိခင်ဖြစ်သူနဲ့အတူ ဒိုမီနီကန်ရီပဘလစ်ကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် ဒီကို စရောက်တုန်းက အင်္ဂလိပ်စကားတောင် မပြောတတ်သေးဘူး။ အခုပြန်တွေးကြည့်ရင်တော့ ကျွန်တော် အောင်မြင်လာတယ်လို့ ပြောလို့ရတယ်…” လို့ ဆိုပါတယ်။ ဖရန့်ဟာ နယူးယောက်ကို ပြောင်းလာစဉ်မှာ မိသားစု စားဝတ်နေရေးအတွက် တက္ကသိုလ်ဆေးရုံမှာ သန့်ရှင်းရေးဝင်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

abcnews

နောက်ပိုင်းမှာတော့ ဖရန့်ဟာ အလုပ်ကနေထွက်ပြီး ဘွဲ့တစ်ခုယူဖို့ ကြိုးစားခဲ့ပါတယ်။ ဖရန့်ဟာ သူ့မိသားစုထဲမှာတော့ ကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။ “ကျွန်တော် နယူးယောက် တက္ကသိုလ်ဝင်းထဲမှာ အလုပ်လုပ်တုန်းက သူနာပြုတွေနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်လည်း သူနာပြုတစ်ယောက် ဖြစ်ချင်တယ်ဆိုတာကို သိလိုက်ရတယ်။ သူနာပြုတွေရဲ့ လူနာတွေကို ဆွေးနွေးအကြံပေးတာတွေနဲ့ အလုပ်အပေါ်မှာထားတဲ့ သူတို့ရဲ့ စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်…” လို့ ဖရန့် ပြောပြပါတယ်။

READ
ဒုက္ခရောက်နေတဲ့ စစ်ပြန်တစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်

ဖရန့်ဟာ NYU Rory Meyer သူနာပြုကောလိပ်မှာ ကျောင်းလျှောက်ထားခဲ့ပြီး (၁၅) လတည်းနဲ့ သူနာပြုဒီဂရီကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီကိုလည်း ဖရန့်က သာမန်ကာလျှံကာမဟုတ်ပဲ ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်လာခဲ့တာပါ။ ပက်စ်လင်းစကီးဆိုသူ သူနာပြုတစ်ဦးကတော့ ကျောင်းဝင်းထဲ ဖရန့် သန့်ရှင်းရေးဝန်ထမ်းလုပ်နေစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သူပါ။ ပက်စ်လင်းစကီးကတော့ “သူက အရင်တုန်းကတော့ သန့်ရှင်းရေးဝန်ထမ်းလေးပေါ့။ အဲဒီအချိန်ထဲက လူနာတွေလာရင် သူက သိပ်ဂရုစိုက်တတ်တာ။ စေတနာလည်း ကောင်းတယ်။ ဖရန့်က သူနာပြုကောင်းတစ်ယောက် ဖြစ်မှာပါ။” လို့ ပြောပြခဲ့ပါသေးတယ်။

abcnews

အခုဆိုရင် ဖရန့်ဟာ ဘွဲ့ရပြီးတဲ့နောက် ရည်မှန်းချက်အသစ်တစ်ခုကို ချမှတ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ ရိုးရိုးနာ့စ်ထက် ပိုအဆင့်မြင့်တဲ့ အထူးလူနာကြပ်မတ်ကုသဆောင်တွင်း သူနာပြုဖြစ်ဖို့ မျှော်မှန်းထားပါတယ်။ ဖရန့်ကတော့ “ကျွန်တော် အများကြီးလေ့လာသလို အလုပ်လည်း အများကြီးလုပ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တာလေးတွေ ရှိပေမယ့်လည်း ကျွန်တော်ရဲ့ ကြိုးစားမှုကို ဘယ်တုန်းကမှ မရပ်ခဲ့ပါဘူး…” လို့ လည်းပြောပြသွားခဲ့ပါတယ်။

READ
Down Syndrome ဖြစ်နေသော်လည်း ဘားကျွမ်းချန်ပီယံအပြင် မော်ဒယ်ပါဖြစ်လာခဲ့သူလေး

လင်းလင်း (ShweMom)

Ref: abcnews

SHARE