စတိုးဆိုင်မှာ ဈေးဝယ်ဖို့ လွှတ်လိုက်တဲ့သား ၊ မိန်းမယူပြီး အိမ်ပြန်လာတဲ့အဖြစ်

Twitter

အိန္ဒိယနိုင်ငံ၊ ဂါဇီယာဘက်ခရိုင် ၊ ဆာဟီဘာဒက် မှာနေထိုင်တဲ့ မိသားစု တစ်စုရဲ့အဖြစ်က တကယ့်ကို ထူးထူးဆန်းဆန်းပါ။ ဆာဟီဘာဒက်ရဲ့ တိုက်ခန်းတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးကြီးဟာ သူ့ရဲ့သားဖြစ်သူကို အိမ်အနားမှာရှိတဲ့ စတိုးဆိုင်မှာ စားစရာတွေသွားဝယ်ခိုင်းခဲ့ရာမှာ သားဖြစ်သူက မိန်းမတစ်ယောက်ကို လက်ထပ်ပြီး အိမ်ပြန်လာခဲ့တာပါ။

မိခင်ဖြစ်သူက သူ့သားရဲ့ လုပ်ရပ်ကို အံ့အားသင့်သွားခဲ့ပေမယ့် သူတို့ ဇနီးမောင်နှံကိုတော့ နေအိမ်ထဲ ၀င်ခွင့်မပေးခဲ့ပါဘူး။ သူက သားဖြစ်သူကို လက်ထပ်စာချုပ် ပြခိုင်းခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ တရားရုံးက လက်ထပ်စာချုပ် ထုတ်မပေးတာကြောင့် သားဖြစ်သူက စာချုပ် ပြနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲဒီနောက်မှာတော့ မိခင်ဖြစ်သူက  လက်ထပ်စာချုပ် မရှိပဲ မိန်းမယူလာခဲ့တဲ့ သားတော်မောင်နဲ့ သူ့ရဲ့ဇနီးကို ရဲစခန်းဆီ ခေါ်သွားပါတော့တယ်။

အသက် (၂၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂတ်ဒူ ဆိုသူအမျိုးသားက သူဟာ ပြီးခဲ့တဲ့ (၂)လ အကြာမှာကတည်းက လက်ထပ်ထားခဲ့ပြီး ဖြစ်ကြောင်းနဲ့ အဲဒီအချိန်တုန်းက အကြောင်းအမျိုးမျိုးကြောင့် လက်ထပ်စာချုပ် ရယူနိုင်ခဲ့ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အခုအချိန်မှာလည်း တရားရုံးက ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဖြစ်နေတာကြောင့် လက်ထပ်စာချုပ် ထုတ်ပေးလို့မရဘူးဆိုတာကို အသိပေးခဲ့ကြောင်း ရဲစခန်းက တာဝန်ရှိသူတွေကို ရှင်းပြပါတယ်။

အဲဒီနောက်မှာတော့ ရဲစခန်းရဲ့ တာဝန်ရှိသူတွေကပဲ ဒေလီမှာ ဒီ ဇနီးမောင်နှံနှစ်ယောက်ကို နေရာတစ်ခု ငှားနေဖို့ စီစဉ်ပေးခဲ့ပြီး သူတို့ကို လက်မခံတော့တဲ့ မိခင်ဖြစ်သူနဲ့ အတူမနေဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

READ
ပေါင်သန်းချီ လေလံအောင်ပြီးမှ ပန်းချီကားကို ကိုယ်တိုင် ပြန်ဖျက်ဆီးခဲ့တဲ့ အနုပညာရှင်

သူ့ရဲ့မိခင်ဖြစ်သူကတော့ မျက်ရည်လည်ရွဲနဲ့ပါ။

“ကျွန်မက သူ့ကို စတိုးဆိုင်ဆီ ဈေးဝယ်ဖို့ လွှတ်လိုက်တာပါ၊ ဒါပေမယ့် သူပြန်လာတဲ့အချိန်မှာတော့ သူက မိန်းမတောင် ယူလာခဲ့ပြီးပြီ။ ဒီလို လက်ထပ်မှုမျိုးကို လက်ခံဖို့ ကျွန်မ အဆင်သင့်မဖြစ်ပါဘူး” လို့ မိခင် ဖြစ်သူက ဆိုပါတယ်။

Linn

SHARE