ဧရာမ ငါးမန်းကြီးကို ပါးစပ် ဆွဲဖြဲ တဲ့ ဗီဒီယိုဖိုင်ရဲ့ နောက်ကွယ်က အဖြစ်မှန်

Image:Fb/Rachael Foster

လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ ပျံ့ လာတဲ့ ငါးမန်း ဗီဒီယိုဖိုင် ရှိပါတယ်။ဗီဒီယိုဖိုင် ကို တော့ ၀င် ရောက်ကြည့်ရှုသူ၊ ရှယ် တဲ့ သူတွေ အများကြီးရှိခဲ့ပါတယ်။ဗီဒီယိုဖိုင် ထဲမှာတော့ အမျိုး သား တစ်ဦးက ငါးမန်းရဲ့  ပါးစပ်ကို ဆွဲ လှန် ထားတဲ့  မြင်ကွင်း ပါ ပါတယ်။ငါးမန်းကို အဲ့လို ကိုင်တဲ့ အမျိုးသား က တော့ လက်ဗလာ ကြီးနဲ့ အခုလို လုပ်ခဲ့ တာ ပါ။ ဒီအေ ကြာင်းကိုတော့ news.com.au မှာ ဖော်ပြထားတာပါ။ဒီဖြစ်ရပ် ကတော့ အ မေရိကန် နိုင်ငံ Delaware ကမ်း ခြေ မှာ ဖြစ်ခဲ့တာပါ။ဧရာမ ငါးမန်းကြီး ကို တော့ လက် မောင်းနဲ့  ပွေ့ ဖက် ထားပြီး ပါးစပ်ကို ဆွဲ လှန်ထား တာပါ။ဗီဒီယိုဖိုင်ကိုတော့ Rachael Foster က နေ ရိုက်ကူးခဲ့ပြီး Fb မှာ တင်ခဲ့တာပါ။ကြည့်တဲ့ သူ 107,000 ရှိခဲ့ပါတယ်။

Image:Fb/Rachael Foster

Ms Foster  က တော့ ကမ်းခြေ မှာရှိတဲ့ လူတွေ အားလုံးက ကြောက်လန့် တကြား အော်ဟစ် ခဲ့ ကြောင်း၊ငါးမန်း ငါးမန်း ရေ ထဲ က ထွက်သွား.. ဆိုပြီး ကြောက် ကြောက်လန့် လန့် နဲ့ အော် ခဲ့တာပါ။တစ်ချို့က တော့ ငါးဖမ်းသမားက ငါးမန်းကို ရန် ပြု နေတယ်လို့ လည်း ထင်ခဲ့ကြပါတယ်။ဗီဒီိယိုဖိုင် ကို ကြည့်တဲ့ သူ အများစု ကလည်း အဲ့လို ပဲ ထင်ခဲ့ တာပါ။ဒါ ကြောင့် အဖြစ်မှန်ကို Ms Foster   က ပြန် ရှင်းပြ ခဲ့ပါတယ်။ငါးမန်းကို ရန်ပြုတာမျိုး မဟုတ်ပဲ စာအုပ်အရ လုပ်တာ မို့ တရားဝင် ကြောင်း၊ငါးဖမ်း အမျိုးသားရဲ့ သူငယ်ချင်းက ငါး မန်းကို ဖမ်းပေးခဲ့ကာ ပါးစပ်ကို ဖြဲ ကြည့်ခဲ့တာပြီး နောက် ရေထဲကို ပြန်လွှတ် ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ grey nurse sharks ဆိုပြီး လူသိများတဲ့ ငါးမန်းတွေ Delaware ကမ်း ခြေ နဲ့ အနီးတစ်ဝိုက်မှာ ကာကွယ်စောင့် ရှောက် တဲ့ တိရစ္ဆာန် မျိုးစိတ် အဖြစ် သတ်မှတ် ထားတာပါ။ဒါ ကြောင့် ဖမ်းဆီးသတ်ဖြတ်တာ မျိုး လုပ်ခွင့် မရှိပါဘူး။

What a great way to spend Father’s Day!! We all had an amazing time ! Plus this guy caught this shark 3 cars down from us😳🦈EDIT: For anyone commenting how this guy should’ve left the shark alone, or that this isn’t right you really need to educate yourself. He did this by the book and was totally legal with it ! His buddy simply caught a shark he went out opened his mouth to get the hook out, than he went deeper into water turned the shark around and released it! Please please read up on the Delaware laws and the proper way to release a shark that’s been caught 😊

Posted by Rachael Foster on Sunday, June 21, 2020

#SHWEMOM

SHARE