မရောင်းရတဲ့သီးနှံတွေ ဖျက်ဆီးရယ့် လယ်သမားတွေကို မထင်ထားတဲ့နည်းနဲ့ ကူညီခဲ့သူ

EastWest Food Rescue

COVID-19 ရဲ့ ရိုက်ခတ်မှုဒဏ်ကတော့ စီးပွားရေးနယ်ပယ်ထဲ ခရီးသွားလုပ်ငန်းတွေသာ ထိခိုက်တာမဟုတ်ပါဘူး။ အဝတ်အထည်လုပ်ငန်းတွေ၊ လူသုံးကုန်ရောင်းချတဲ့လုပ်ငန်းတွေအပြင် စားသောက်ကုန်လုပ်ငန်းတွေစတဲ့ လုပ်ငန်းပေါင်းစုံက ဝင်ငွေကျဆင်းမှုတွေဖြစ်သွားခဲ့တာပါ။ နောက် လုပ်ငန်းကြီးတွေန့ ဆက်စပ်နေတဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေလည်း ပါတာပေါ့။ ဥပမာပြောရရင် စားသောက်ကုန်လုပ်ငန်းတွေ ထိခိုက်လာတဲ့အတွက် တောင်သူတွေပါ ကုန်တွေရောင်းမထွက်တော့တာမျိုးပေါ့။

 

တစ်ကမ္ဘာလုံးဒီလိုဒုက္ခတွေကို ခံစားနေရရင်း Washington ရဲ့ Othello ဆိုတဲ့ လယ်ယာမြို့လေးလည်းအပါအဝင်ပါပဲ။ Othello မှ တောင်သူများဟာ သူတို့ရဲ့သီးနှံတွေမရောင်းရတော့တဲ့အတွက် ထားလည်း ပုတ်သိုးကုန်ပြီး စိုက်ခင်းတွေပါပျက်ဆီးကုန်တော့မှာကြောင့် ဖျက်ဆီးပစ်ဖို့ စီစဉ်နေခဲ့ကြပါတယ်။

READ
အမေနဲ့ ပထွေးရဲ့ လူမဆန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရတဲ့ (၄)နှစ်အရွယ် ကလေးငယ်
EastWest Food Rescue

ဒီသတင်းကို George Ahearn ကြားကြားချင်းမှာပဲ တုန်လှုပ်သွားခဲ့ပါတယ်။ နောက် သူ့အနေနဲ့ အသီးအနှံတွေကို အလဟတ်မဖျက်ဆီးရလေအောင်လို့ အကြံအစည်ထုတ်ပါတော့တယ်။ နောက် ဒီအသီးအအနှံတွေကို ဖျက်ဆီးပစ်မယ့်အစား လိုအပ်တဲ့နေရာတွေကို လှူလိုက်ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်နည်းလမ်းတစ်ခုကို သွားတွေ့ခဲ့တယ်။ ဒါနဲ့ပဲ Georege ဟာ သူကိုယ်တိုင်လူလေးနည်းနည်းလေးနဲ့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့ ပရဟိတအဖွဲ့လေးနဲ့ လိုအပ်တာတွေမှန်သမျှ လိုက်လုပ်ပါတော့တယ်။

EastWest Food Rescue
EastWest Food Rescue

အသီအရွက်တန်ချိန်ပေါင်း ၃ သန်းလောက်ကို ဝါရှင်တန်အနောက်ပိုင်းက လိုအပ်တဲ့ နေရာတွေဆီကို ပို့ပေးခဲ့ပါတယ်။ အထူးသဖြင့် food bank လိုမျိုး အစားအသောက်အခမဲ့ဝေတဲ့နေရာမျိုးတွေကိုပေါ့။ သယ်ယူပို့ဆောင်ရေးအတွက်ကိုလည်း George က ကိုယ်တိုင်မောင်းပြီး အခကြေးငွေတစ်စိုးတစ်စိမှမယူဘဲနဲ့ကို ပို့ဆောင်ပေးခဲ့တာပါတဲ့။

EastWest Food Rescue

ဒီမှာကြီးပြင်းလာတာကြောင့် ဒီကလူတွေရဲ့ ခံစားချက်နဲ့အခက်အခဲတွေကို George အနေနဲ့ နားလည်ပြီး အခုလိုကူညီခဲ့တာပါတဲ့။ နောက် တစ်ဖက်နဲ့တစ်ဖက်လည်း အဆင်ပြေသွားအောင်လို့ ကြားထဲကနေ လမ်းလေးဆက်ပေးရုံပဲလို့ George က CNN ကို ပြောလာခဲ့ပါတယ်။

READ
မီးဖိုချောင်ပစ္စည်းတွေသုံးပြီး အံ့သြဖွယ်ရာ မိတ်ကပ်အစွမ်းပြခဲ့တဲ့ ကောင်မလေး

penny

SHARE