ဘတ်စ်ကားနဲ့ အတိုက်ခံရတာတောင် ဘာမှမဖြစ်သလို လမ်းပြန်ထလျှောက်နိုင်တဲ့ သံမဏိလူသား

အမျိုးသားတစ်ယောက်ကို သံမဏိလူသားလို့တောင် အံ့သြတကြီး ခေါ်ခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခုပါ။ (၂၀၁၇) ဇွန်လက ယူကေမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဘီဘီစီကနေတောင် အကျယ်တဝင့် အထူးတဆန်း ဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။

(၅၃) နှစ်အရွယ် ဆိုင်မွန်စမစ်သ်အမည်ရ အမျိုးသားတစ်ဦးဟာ ရီဒင်က လမ်းတစ်လမ်းပေါ်မှာ လမ်းတစ်ဘက်ခြမ်းကို ဖြတ်ကူးလာကာ လမ်းလျှောက်နေခဲ့တာဖြစ်ပြီး ကွေ့လာခဲ့တဲ့ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ကာ သူ့ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ သူ့ကို အနောက်ကနေ ဘတ်စ်ကား ဝင်တိုက်လိုက်တဲ့ အရှိန်က ဘယ်လောက်တောင် ပြင်းသလဲဆိုရင် အတိုက်ခံရသူဟာ ပေ(၂၀) လောက်အထိ လွင့်ထွက်သွားခဲ့တဲ့ အထိဖြစ်ပါတယ်။

BBC

အားလုံးကို အံ့သြသွားစေတာကတော့ ဆိုင်မွန်ဟာ သွေးထွက်သံယို ဒဏ်ရာ တစ်ချက်မှ မရရှိခဲ့တဲ့အပြင် ချော်လဲရုံလောက်ပဲဖြစ်တဲ့အလား ချက်ချင်းပြန်ထလိုက်ပြီး ဖုန်ခါကာ ဘားဆိုင်ထဲ ဝင်သွားခဲ့တာပါပဲ။ ထိုအဖြစ်အပျက်ကို စီစီတီဗီက ရိုက်မိထားခဲ့တာဖြစ်ပြီး ဗီဒီယိုကို မြင်ရသူတိုင်း မျက်လုံးပြူးသွားစေခဲ့တဲ့ အဖြစ်ပါ။

READ
ကျင့်ဝတ်နဲ့မညီတဲ့ ဆရာမကို ဆန္ဒပြမောင်းထုတ်ခဲ့ကြတဲ့ မူလတန်းကလေးတစ်သိုက်
BBC

ရီဒင်း ဘတ်စ်ကားဌာနမှ အရာရှိတစ်ဦးကတော့ ဆိုင်မွန်ဟာ ထိုနေ့က ဒဏ်ရာအသေးစားတွေသာ ရခဲ့ရာ ဆေးရုံတင်ပေးခဲ့ပြီး ထိုနေ့အတွင်းမှာပဲ ဆေးရုံက ချက်ချင်းဆင်းနိုင်ခဲ့တယ် ဆိုပါတယ်။ “အဖြစ်အပျက်နဲ့ ပတ်သက်လို့ တော်တော် အံ့သြခဲ့ရပါတယ်။ ဗီဒီယိုကို ရှဲတဲ့သူကလည်း တော်တော်များခဲ့ပါတယ်။ တော်သေးတာက အတိုက်ခံရသူရော ဘတ်စ်ကားပေါ်က ခရီးသည်တွေရော ဒဏ်ရာကြီးကြီးမားမား တစ်စုံတစ်ရာ မရရှိခဲ့တာပါပဲ” လို့ ဘတ်စ်ကားဌာန အရာရှိက ပြောခဲ့ပါတယ်။

သံမဏိလူသားရဲ့ ဗီဒီယိုကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့..။

Ref: Elite Readers , BBC

SHARE