မိချောင်းတွေပေါတဲ့ ရေလယ်ခေါင်မှာ သစ်ပင်ပေါ်တက်ပြီး ပုန်းအောင်နေတဲ့ တရားခံပြေး

Twitter- @9NewsAUS

အဖြစ်အပျက်တွေကတော့ ရုပ်ရှင်ထဲက အတိုင်းပါပဲ။ CNN မှ ကိုးကားဖော်ပြပေးလိုငက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၃.၁.၂၀၂၁)တုန်းက Cam Faust နဲ့ Kevin Joiner ဆိုတဲ့ အမျိုးသားနှစ်ယောက်ဟာ သူတို့ပုံမှန်လုပ်နေကျ အတိုင်းပဲ ကဏန်းထောင်ဖို့ Darwin မြစ်ကမ်းတစ်လျှောက်ကို ထွက်လာခဲ့ပါတယ်။ ဒီဒေသဟာ အရင်ကတည်းက မိချောင်းတွေ၊ မိချောင်းသိုက်တွေ အရမ်းပေါလို့ နယ်မြေကြမ်းတဲ့ဒေသတစ်ခုပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ သွားနေကျဖြစ်နေခဲ့တာကြောင့် အကျွမ်းတဝင်ရှိလှပါတယ်။

Twitter- @9NewsAUS
Twitter- @9NewsAUS

ဒါပေမဲ့ အဲဒီနေ့က ကဏန်းပိုရအောင်ဆိုပြီး အရင်သွားနေကျနေရာတွေထက် ပိုပြီး ဝေးဝေးလံလံကိုထွက်လာခဲ့ကြပါတယ်။ ရုတ်တရက် ရေလည်ခေါင်ဆီကနေပြီး Cam တစ်ယောက် ထူးဆန်းတဲ့အသံကြားလိုက်ရတယ်။ Kevin ကိုပြောခဲ့ပေမယ့် Kevin က မကြားမိဘူးလို့ဆိုသတဲ့။ အသံက တအားအားနဲ့အော်နေတဲ့ လူသံလိုလိုဖြစ်နေတာကြောင့် Cam တစ်ယောက် ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်ပါတယ်။

ရေလည်ခေါင်မှာ ပေါက်နေတဲ့ သစ်ပင်မှာ တွဲလောင်းခိုနေတဲ့အရာတစ်ခုကို သွားတွေ့ခဲ့ပါတယ်။ လူသားစစ်စစ်တစ်ယောက်ပါ။ Cam တစ်ယေက် လန့်သွားတာပေါ့။ ဒါပေမဲ့လည်း “ခင်ဗျားကို ကျွန်တော်တွေ့ပြီ” ဆိုပြီး အဲဒီသစ်ပင်နားကို Kevin ကိုခေါ် ပြေးသွားခဲ့တာပေါ့။ အနားလည်းရောက်ရော သူတို့ကိုခေါ်တဲ့အမျိုးသားဟာ အဝတ်အစားတွေလည်းမပါ၊ တစ်ကိုယ်လုံး ရွှံ့တွေဖုံးပြီး ခြစ်ရာ ကုတ်ရာတွေအပြည့်နဲ့ ကြောင်တောင်တောင်တောင် ဖြစ်နေခဲ့ပါတယ်။

Twitter- @9NewsAUS
Twitter- @9NewsAUS

ရေလည်းမပါလာတော့ ရှိတဲ့ ဘီယာကို တိုက်ပြီး တစ်ယောက်က ဘောင်းဘီချွတ်ပြီး ဝတ်ခိုင်းထားခဲ့ကာ စိတ်တည်ငြိမ်တဲ့အချိန်ထိ စောင့်ပေးခဲ့တာပါ။ နောက်မှ အဲဒီလူဟာ အသက် ၄၀ အရွယ် Voskresensky ဆိုသူဖြစ်ကြောင်း၊ သူဟာ သက်ဆိုင်ရာမှ ဓားပြတိုက်မှုတစ်ခုကြောင့် အဖမ်းခံခဲ့ရပြီးတော့ ခြေချင်းနဲ့ နေနေရပေမယ့်လို့ ခြေချင်းကိုဖျက်ထွက်ပြေးခဲ့ကြောင်း၊ နှစ်သစ်ကူး အကြိုညမှာ သောက်စားပျော်ပါးကာ တောထဲရောက်လာခဲ့ပြီး လမ်းပျောက်သွားကြောင်း၊ ၄ ရက်လောက်ရှိနေပြီဖြစ်ပြီးတော့ ခရုတွေစားရင်း အသက်ရှင်ခဲ့ရကြောင်း၊ မိကျောင်းတွေ ပေါလွန်းလို့ ဘယ်အချိန် အကိုက်ခံရမလဲဆိုပြီးလည်း အချိန်ပြည့် စိုးရိမ်နေရကြောင်း ပြောပြခဲ့ပါတယ်။

နောက် Cam နဲ့ Kevin နဲ့ကလည်း ဆေးရုံကားခေါ်ပေးခဲ့ပြီးတော့ Voskresensky ကို ရဲလက်အပ်လိုက်ခဲ့ပါတယ်။ Voskresensky ကပြောခဲ့တယ်၊ သူ့ကိုရှာပြီး ရဲလက်အပ်ပေးတာ ကျေးဇူးပါပါတဲ့။ ပင်ပမ်းဆင်းရဲလွန်းလို့ ရူးတောင် ရူးတော့မလားလို့ တွေးမိခဲ့ပါတယ်တဲ့။

penny

SHARE