ချစ်သူနဲ့ကလေးတွေကြောင့် ရေခဲသေတ္တာထဲမှာပါ မီးခံသေတ္တာထားထားရတဲ့ သူတစ်ယောက်

Stacey Lowe/Facebook, AlexanderStein/Pixabay

လူကိုတော့မျှချစ်နိုင်မယ်၊ အစားကိုတော့ မဝေပေးနိုင်ဘူးဆိုတဲ့လူတွေရှိကြလား? နောက်ပြီး အိမ်မှာ ရေခဲသေတ္တာတစ်လုံးပဲရှိတာမလို့ ကိုယ်စားချင်တဲ့မုန့်လေးတွေထည့်ထားတာကို အိမ်ကလူတွေကမသိဘဲ ယူစားလိုက်လို့ ဒေါသထွက်ဝမ်းနည်းရတဲ့အခိုက်အတန့်တွေ ရှိခဲ့ဖူးမယ်ထင်ပါတယ်နော်။ အမျိုးသားတစ်ယောက်ကတော့ ဒီလိုကိစ္စကို ပညာရှိဆန်ဆန်ဖြေရှင်းလိုက်ခဲ့တဲ့အကြောင်း Lad Bible မှာ ဖတ်ခဲ့ရပါတယ်။

သူ့နာမည်ကတော့ Dave Lowe ပါ။ ချောကလတ်ဆိုရင် သိပ်ကြိုက်တဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူ့အိမ်ကရေခဲသေတ္တာထဲမှာဆိုရင် အနည်းဆုံး ချောကလတ် ၃၊၄ မျိုးလောက် ဝယ်ထည့်ထည့်ထားလေ့ရှိပါတယ်တဲ့။

ဒါပေမဲ့လည်း အိမ်မှာက Dave တစ်ယောက်တည်းနေတာမဟုတ်ပါဘူး။ အတူနေချစ်သူ သတို့သမီးလောင်းလျာလေးရယ်၊ သူတို့နှစ်ယောက်ရဲ့ကလေးတွေဟာ ရေခဲသေတ္တာထဲ အတားအဆီမရှိ ထည့်ထားတဲ့ Dave ရဲ့ ချောကလတ်တွေကို အမြဲတမ်းလိုလို ယူယူစားနေခဲ့တာပါ။ ဒီဖြစ်စဉ်ဟာ တချို့လူတွေအတွက်တော့ ပုံမှန်ပါပဲ။ ချောကလတ်တွေကလည်း အများကြီး၊ တစ်ခုတည်းကျန်တာတောင်မဟုတ်ဘူးကွာ၊ နောက်ပြီး ယူစားတဲ့လူကလည်း သူစိမ်းမဟုတ်တဲ့ ချစ်သူနဲ့ကိုယ့်ကလေးတွေဆိုတော့လေ။ ဒါပေမဲ့လည်း Dave အတွက်ကတော့ တော်တော်လေး ကြီးမားတဲ့ပြဿနာတစ်ခုလိုပါပဲတဲ့။

READ
9နှစ်အရွယ်သေနတ်ပစ်သင်သင်တန်းသူလေးကြောင့် နည်းပြသေဆုံး
Stacey Lowe/Facebook

Dave တစ်ယောက် နောက်ဆုံး သီးမခံနိုင်တော့ဘဲ သူ့ရဲ့ချောကလတ်တွေကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရေခေဲသေတ္တာထဲမှာ မီးခံသေတ္တာထည့်လိုက်တာပါပဲ။ လျှို့ဝှက်ကဏန်း ၃ လုံးပါပြီး ချောကလတ် ၅ ခုလောက် ကောင်းကောင်းဆန့်မယ် မီးခံသေတ္တာလေးကို Dave အနေနဲ့ ရေခဲသေတ္တာထဲမှာ တပ်ဆင်ခဲ့တဲ့အတွက် ချောကလတ်တွေကို ချစ်သူကရော ကလေးတွေကပါယူမစားတော့ပေမယ့်လို့ အိမ်တွင်းရေးပြဿနာတွေတက်လာခဲ့ပါတယ်။

Stacey Lowe/Facebook

ချောကလေတ်လေးတောင် မသဓာရကောင်းလားဆိုပြီး Dave ရဲ့ချစ်သူ Stacey က ပြောလာခဲ့ပါတယ်။ ဒီပုံ့ကိုလည်း Stacey ကပဲ Facebook မှာ တင်ကာ “ငါတို့တွေ အိမ်လည်းအတူတူစုဝယ်တယ်၊ ကလေးလည်းရပြီးပြီ၊ စေ့စပ်ပြီးလို့ မင်္ဂလာဆောင်ဖို့တောင် စီစဉ်နေပြီ၊ နောက်ဆုံးငါရတာ ဒါလား။ Dave ကတော့ သူ့ရဲ့ချောကလတ်တွေကို ကျွန်မတို့သားအမိကို မစားစေချင်လို့ဆိုပြီး ရေခဲ့သေတ္တာထဲမှာ မီးခံသေတ္တာတပ်ခဲ့တယ်။ ကြားလို့မှကောင်းကြသေးရဲ့လား” ဆိုတဲ့စာလေးပါ အစစ်ပါပါသေးတယ်။ နောက်ပြီး Stacey ဟာလည်း Dave နဲ့ လမ်းခွဲတော့မှာမလို့ ဘယ်သူယူချင်လဲဆိုပြီး ရွဲ့မးခဲ့ပါသေးတယ်။ Stacey ရဲ့ post ဟာ တော်တော်လေး နာမည်ကြီးသွားခဲ့ပါတော့တယ်။

READ
130mphအမြန်နှုန်းနဲ့ကားမှောက်ပေမယ့် ကံကောင်းလွန်းခဲ့သူ

ဒါဟာ ရယ်စရာကိစ္စသေးသေးလေးလို့ ထိရပေမယ့်လို့ တကယ်တမ်းတွေးကြည့်မယ်ဆိုရင် လူတစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်ခါစဘဝနဲ့ လက်ထပ်ပြီး အတူတူတစ်အိမ်တည်းနေကြတဲ့အခါ အခုလိုပဲ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုကနေ ကွာရှင်းတဲ့အထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ သဓကကောင်းတစ်ခုလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ သင်ရော သူစိမ်းတစ်ယောက်နဲ့ အရာရာသည်းခံပြီး အိမ်တစ်အိမ်ထဲမှာ တစ်သက်လုံး အတူတူနေဖို့ သတ္တိတွေရှိနေပြီလားဆိုတာ သေချာပြန်စဉ်းစားပြီးကာမှ လက်ထပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Penny

SHARE