ဓားရှရာမှတစ်ဆင့်လည်ပင်းပတ်လည်မှာ ပေါင်(၄၀)အလေးချိန်ရှိအသားပိုများထွက်လာတဲ့သူ

အမေရိကန် Milwaukee မှာ နေထိုင်တဲ့ Keith Crowell အမည်ရတဲ့ အမျိုးသားကြီးမှာ ‘Keloids’ လို့ ခေါ်တဲ့ အကြိတ်ကြီးဟာ လည်ပင်းပတ်ပတ်လည်မှာ ဖြစ်ပေါ်နေခဲ့လို့ အတော်လေး ဒုက္ခရောက်နေရှာပါတယ်။ ၎င်းဟာ နှစ်ကြိမ်အထိ ခွဲစိတ်မှု ခံယူခဲ့ပေမယ့် တစ်ခါခွဲစိတ်တိုင်း အကြိတ်ဟာ နဂိုပမာဏထက် ပိုကြီးလာခဲ့ပါတယ်။

Crowell ဟာ လက်ရှိဘ၀ကို အလွန်သေးသိမ်စွာ ခံစားနေရပြီး သာမန်လူကောင်းတစ်ယောက်ရဲ့ ဘ၀မျိုးကို ပိုင်ဆိုင်လို
ကြောင်း ညည်းတွားပြောဆိုခဲ့ပါတယ်။ ၎င်းက Fox6.com သတင်းဌာနဲ့ တွေ့ဆုံစဉ်မှာ ” ကျွန်တော် ဆံသဆိုင်တစ်ခုကို သွားခဲ့တယ် … ပါးပြိုင်းမွေးရိတ်တော့ နှစ်ဘက်စလုံးကို ဓားနဲ့ ထိခဲ့တယ် … အဲဒီကနေ စတဲ့ အကြိတ်ပါ “လို့ြေုပာခဲ့ပါ
တယ်။

READ
Parent’s Dayမှာမိဘတွေရဲ့ ခြေထောက်ကိုဆေးပေးတဲ့ပွဲ ကျင်းပခဲ့တဲ့ကျောင်းတစ်ခု

လက်ရှိအချိန်မှာ အကြိတ်ကြီးရဲ့ စုစုပေါင်း အလေးချိန်ဟာ ပေါင် (40) ကျော် ရှိနေပါပြီ။ ဒီအခြေအနေကြောင့် Crowell မှာ စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ အသက်ရှုရတာလည်း သိပ်မဘူးလို့ သိရပါတယ်။ Crowell က ” ဒီအကြိတ်ကြီး လျှော့သွားလေမလားလို့ ကလေးတွေ လိမ်းပေးတဲ့ ဆီကိုလည်း သုံးခဲ့ပြီးပါပြီ … နောက် ပါရောက်ဆိုဒ်ပျော်
ရည်နဲ့လည်း ညတိုင်း သန့်ရှင်းရေးလုပ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

Crowell ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘုရားကျောင်းမိတ်ဆွေတွေက အမြဲလိုလို အားပေးနှစ်သိမ့်လို့ ကျေးဇူုးတင်
ကြောင်း၊ သူတို့လို အားပေးဖေါ်တွေသာ မရှိရင် သူ့အနေနဲ့ စိတ်ဖိအားဒဏ်ကို ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်မိ
ကြောင်း ၎င်းက ပြောပြပါတယ်။

READ
အိမ်ငှားတွေကသရဲထင်ခဲ့လို့ နံရံကြားမှာ ၃ရက်ကြာပိတ်မိနေတဲ့ ၁၂နှစ်အရွယ်ကောင်လေး

ဒါပေမယ့် ၀မ်းသားစရာ သတင်းတစ်ခုက Crowell ကဲ့သို့သော ဝေဒနာရှင်တွေကို 96% အထိ ပျောက်ကင်းအောင် ကု
သပေးနိုင်တဲ့ ခွဲစိတ်ပါရဂူတစ်ယောက် နယူးယောက်ခ်မှာ ရှိကြောင်း သတင်းရရှိခဲ့ပါတယ်။ အသက်အန္တရာယ်ကိုတော့ အာမ မခံပေမယ့် ကာယကံရှင်က ၎င်းပါရဂူရဲ့ ခွဲစိတ်မှု ခံပြီးရင် ရောဂါလုံးဝပျောက်ကင်းသွားမယ်လို့ ယုံကြည်နေပါတယ်။

Crowell က ” ကျွန်တော့်သူငယ်ချင်းတွေက ပြောကြတယ် … ဒါက Cosmetic Surgery နော်တဲ့ … ကျွန်တော်က ဒီလို မခံစားမိပါဘူး … ဒါက ကျွန်တော့်ဘ၀အတွက် အရေးကြီးတဲ့ ခွဲစိတ်မှုလို့ပဲ ခံစားမိပါတယ် … ” လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE