ခရီးသွားခါနီးမှ ချစ်သူကထားသွားလို့ အတူသွားမယ့်အဖော်ကို Facebook ပေါ်ကနေရှာခဲ့သူ

Reece Danny Walker/Facebook, @chloljames/Instagram

အနာဂတ်အစီအစဉ်တွေ ချစ်သူနဲ့အတူတိုင်ပင်ပြီးမှ လမ်းခွဲရတာမျိုးကတော လူတိုင်းနီးပါးကြုံဖူးမယ့် ကိစ္စရပ်တစ်ခုလို့ ထင်ပါတယ်နော်။ ဒီအမျိုးသားကတော့ အားလုံးစီစဉ်ထားတဲ့ ခရီးကို သွားခါနီးမှ ရည်းစားကထားခဲ့လို့ဆိုပြီး ကြံရာမရဖြစ်နေတယ်ဆိုတဲ့အကြောင်း Lad Bible မှာ ဖော်ပြထားခဲ့ပါတယ်။

FREE JAMAICA HOLIDAY APPLICATION 🏝☀️SHARE!Due to unforeseen circumstances of being dumped, I currently have an all…

Posted by Reece Danny Walker on Sunday, 14 July 2019

Posted by Reece Danny Walker on Thursday, September 6, 2018

အသက် ၂၄ နှစ်အရွယ် Reece Walker ဟာ အခုပြတ်သွားတဲ့ ချစ်သူလေးနဲ့ ဂျမေကာကိုသွားမယ်ဆိုပြီး လေယာဉ်လက်မှတ်ကစလို့ ကြယ်ငါးလုံးဟိုတယ်ကြီးအဆုံး၊ ဟိုရောက်ရင် ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာတွေက စီစဉ်ထားခဲ့ပြီးပါပြီတဲ့။

Posted by Reece Danny Walker on Sunday, July 14, 2019

 

ဒီလိုမျိုးဈေးကြီးခရီးစဉ်တစ်ခုကို စီစဉ်ထားခဲ့ပြီးတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို ချစ်သူလေးက ထားသွားတဲ့အခါမှာတော့ Reece တစ်ယောက် တစ်ဖက်မှာလည်း အသည်းကကွဲ၊ တစ်ဖက်မှာလည်း ပိုက်ဆံကုန်ကျပြီး စီစဉ်ထားတဲ့ ခရီးက တစ်ယောက်စာကိုလည်း နှမြောနဲ့ တစ်ပူပေါ်တစ်ပူဆင့်ကာ လမ်းပျောက်နေခဲ့ပါတော့တယ်။

READ
နှစ်(၁၀၀)ကျော်အထိ နေထိုင်လိုသူတွေအတွက် (၁၀၇)နှစ်အဖွားရဲ့ ရိုးရှင်းတဲ့မှာကြားချက်

ဒါကြောင့် Reece ဟာ Facebook ပေါ်တက်ကာ သူနဲ့အတူတူ ဂျမေကာခရီးစဉ်ကို စရိတ်ငြိမ်းလိုက်ဖို့အတွက် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အရယ်သန်တဲ့ ကောင်မလေးတစ်ယော်ကို ရှာနေပါတယ်ဆိုပြီး တင်ခဲ့ပေါတယ်။ အဲဒီ post အောက်မှာ Chloe James ဆိုတဲ့ ကောင်မလေးကို သူ့သူငယ်ချင်းကနေပြီး mention ခေါ်ကာ သွားကြည့်ပါုလားဆိုပြီး အကြံပေးလိုက်တဲ့အခါ Chloe James ကလည်း လိုက်မယ်ဆိုပြီး Reece ကို ပြောလိုက်ခဲ့ပါတယ်။

View this post on Instagram

Spot the tangfastics🤪

A post shared by CHLO⚡️ (@chloljames) on

Chloe James ဟာ အသက် ၂၀ အရွယ်သာရှိသေးပြီး customer service agent တစ်ယောက် အဖြစ်လုပ်ကိုင်နေကာ personal trainer ဖြစ်ဖို့အတွက်လည်း လေ့လာနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ Chloe အနေနဲ့ Reece နဲ့ ခရီးသွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကတော့ သူမကိုယ်တိုင်လည်း မကြာသေးခင်ကမှ ချစ်သူနဲ့အတူခရီးသွားမယ်လို့ စီစဉ်ပြီးကာမှ ချစ်သူကတခြားတစ်ယောက်နဲ့ အဲဒီခရီးကို သွားလိုက်လို့ ပိုက်ဆံတွေကုန်၊ အသည်းတွေကွဲ ဖြစ်ခဲ့ဖူးတာကြောင့် ကိုယ်ချင်းစာလို့ပါတဲ့။

View this post on Instagram

😙✌🏽

A post shared by CHLO⚡️ (@chloljames) on

View this post on Instagram

💁🏼‍♀️💁🏼‍♀️

A post shared by CHLO⚡️ (@chloljames) on

နောက်ဆုံးမှာတော့ ဘဝတူချင်းဖြစ်တဲ့ Reece နဲ့ Chloe တို့ဟာ ဂျမေကာကို နောက်လထဲမှာ ဇိမ်ခံခရီးထွက်တော့မှာပါ။ နှစ်ယောက်သား စိမ်းနေမှာဆိုးတာတွေ ဘာတွေတော့ဖြစ်မိပေမယ့်လို့ ခရီးမသွားခင် ၁ လောက်အချိန်ရသေးတာမလို့ စကားတွေပြောပြီး ရင်းနှီးအောင် လုပ်သွားမှာပါလို့ Chloe က ပြောခဲ့ပါတယ်။ နှစ်ယောက်ဟာ လာမယ့်စက်တင်ဘာလမှာ ဂျမေကာကပင်လယ်ကမ်းစပ်က Grand Palladium Lady Hamilton ကြယ်ငါးပွင့်အပမ်းဖြေစခန်းမှာ တည်းပြီး ခရီးစဉ်ကတော့ ၂ ပတ်ကြာမြင့်မှာပဲဖြစ်ပါတယ်။

View this post on Instagram

🙃

A post shared by CHLO⚡️ (@chloljames) on

Penny

SHARE