ဝူဟန်က ပြန်လာတယ် ပြောမိလို့ ခရီးသည်ကိုကားပေါ်က ကန်ချတဲ့ တက္ကစီဒရိုင်ဘာ

Twitter

တရုတ်နိုင်ငံမှာတော့ ၀ူဟန် လို့ နာမည်ကြားလိုက်တာနဲ့ အကုန်လုံး ထိတ်လန့််နေကြပုံပါ။ ကိုရိုနာဗိုင်းရပ်စ်ကို မတားဆီးနိုင်သေးတဲ့ ၀ူဟန်မှာ ရောဂါဖြစ်ပွားမှုနှုန်းက တစ်စထက်တစ်စ မြင့်တက်နေပြီး တရုတ်နိုင်ငံရဲ့ အခြားမြို့ကြီးတွေမှာ နေသူတွေပါ သတိထားပြီး နေ နေကြရတဲ့ အခြေအနေပါ။

တွစ်တာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ တက္ကစီမောင်းသူ တစ်ယောက်ဟာ ၀ူဟန်က ပြန်လာတယ် ဆိုတဲ့ ခရီးသည်တစ်ယောက်ကို ကားပေါ်ကနေ အတင်းဆင်းခိုင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ ဗီဒီယိုဖိုင်က တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တယ်ဆိုတာက လွဲပြီး နေရာ ဒေသ အတိအကျ မပါဝင်ပါဘူး။

ဗီဒီယိုဖိုင်ထဲမှာတော့ ခရီးသည်တစ်ဦးကို တင်ဆောင်လာတဲ့ အငှားယာဉ်ဟာ လမ်းမှာ နောက်ထပ် ခရီးသည်တစ်ယောက်ကို တင်ဖို့အတွက် ကားရပ်ခဲ့တာပါ။

ယာဉ်မောင်းက ခရီးသည်ကို ဘယ်ကို ပို့ပေးရမလဲ မေးတဲ့အချိန်မှာ ခရီးသည်က ရန်မင်း ဆေးရုံကို သွားမယ်လို့ ဖြေခဲ့တာဖြစ်ပြီး ကားမောင်းသူက ကားပေါ်တက်စေခဲ့တာပါ။

READ
ပေါင် 550 လောင်းကြေးရဖို့ ပျားအုံကို ဖင်ခုထိုင်ပြခဲ့တဲ့ အမျိုးသား

ကားပေါ်ရောက်တဲ့အချိန်မှာတော့ ခရီးသည်က ချောင်းဆိုးခဲ့လို့ ကားဒရိုင်ဘာလည်း ဘာလို့ ချောင်းဆိုးနေတာလဲ လို့ ခရီးသည်ကို မေးခဲ့ပါတယ်။ အဲဒီနောက် ခရီးသည်ကို ဘယ်ကနေ လာသလဲ လို့မေးခဲ့တယ်။

Twitter

ခရီးသည်က သူဟာ ပေါင်တင်းပြည်နယ်ကနေ လာသူဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ကားမောင်းသူကတော့ သူ့ရဲ့လေသံဟာ အဲဒီပြည်နယ်က လေသံမဟုတ်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကားမောင်းသူက ခရီးသည်ကို ၀ူဟန် ကနေ လာတာလား လို့ မေးလိုက်တာပါ။

ခရီးသည်က အစပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ကားမောင်းသူ ထပ်မေးချိန်မှာတော့ သူဟာ ၀ူဟန်ကနေ ပြန်လာခဲ့သူ ဖြစ်ကြောင်းနဲ့ အခု ဆေးရုံကိုသွားပြီး ဆေးစစ်ခံမလို့ ဖြစ်ကြောင်း ပြောလိုက်ချိန်မှာတော့ ကားမောင်းသူလည်း ထိတ်လန့်သွားခဲ့ပြီး ခရီးသည်ကို ကားပေါ်ကနေ အတင်းဆင်းခိုင်းခဲ့တာပါ။ ခရီးသည်သာ မဆင်းပဲ ပေကပ်နေရင် သူက တွန်းချမယ့်ပုံစံပါပဲ။

READ
ဗင်ကားကိုဇိမ်ခံမော်တော်အိမ်အဖြစ် ပေါင်နှစ်သောင်းနီးပါးသုံးကာ အသွင်းပြောင်းတဲ့ဇနီးမောင်နှံ

ဒါပေမယ့် ခရီးသည်က ချက်ချင်းပဲ ကားပေါ်က ဆင်းသွားခဲ့ပြီး ကားမောင်းသူလည်း ဒီခရီးသည်ရဲ့အကြောင်းကို တာဝန်ရှိတဲ့သူတွေဆီ သတင်းပို့ခဲ့ပါတယ်။

တွစ်တာသုံးစွဲသူတွေကတော့ ထုံးစံအတိုင်း နှစ်ဖက်အမြင်နဲ့ ငြင်းနေကြတာပါ။ တချို့ကလည်း ဒီ ကားသမားရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ထောက်ခံနေကြပြီး တချို့ကလည်း ကားသမားဟာ အသည်းနှလုံးမရှိပဲ၊ တစ်ဖက်သားကို ကူညီချင်စိတ်မရှိတဲ့သူ လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

SHARE