မဂ္ဂဇင်းတစ်အုပ်ကြောင့် မိန်းမနဲ့ ယောက္ခမကို သတ်ပစ်ခဲ့တဲ့ အမျိုးသား

Pixabay-OpenClipart-Vectors

လောကမှာ အသက်ရှင်နေတဲ့လူတိုင်း ဒေါသထွက်ဖူးကြမှာပါပဲ။ ဒေါသထွက်တယ်ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ဒါ့ကြောင့် ဒေါသထွက်တိုင်း လုပ်သင့်တာကတော့ ကိုယ့်ဒေါသကို ထိန်းဖို့ပါပဲ။ တစ်ခဏတာ ထွက်သွားတဲ့ ဒေါသလေးကြောင့် တစ်ဘဝစာ နောင်တရစေမယ့် ကိစ္စမျိုးတွေ မဖြစ်စေပါနဲ့။ အခုလည်း အမျိုးသားတစ်ယောက်ဟာ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုနဲ့ ကိုယ့်ရဲ့ မိန်းမဖြစ်သူနဲ့ ယောက္ခမဖြစ်သူကို သေနတ်နဲ့ အသေပစ်သတ်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] COUNTY, PA., DISTRICT ATTORNEY’S OFFICE

အဆိုပါ အမျိုးသားကတော့ အသက် ၅၇ နှစ်အရွယ်ရှိ Frederick Clea လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ရှိ Cheltenham မြို့မှာ နေထိုင်ကြောင်း သိရှိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့မှာတော့ Clea ရဲ့ အိမ်နီးနားချင်းဖြစ်သူတွေဟာ ရဲစခန်းကို ဖုန်းဆက်ခဲ့ကြပါတယ်။ အဲဒါကတော့ Clea ရဲ့ အိမ်ကနေ အမျိုးသမီး အော်သံတွေကို ကြားရပြီး သေနတ်သံတွေပါ တစ်ဆက်တည်း ကြားရကြောင်း တိုင်တန်းခဲ့ပါတယ်။ ဒီလိုနဲ့ ရဲတွေဟာ Clea အိမ်ကို ချက်ချင်းလာရောက်ခဲ့ပြီး တံခါးဖွင့်ခိုင်းခဲ့ပါတယ်။

READ
မျက်နှာပေါ်က ထင်ရှားတဲ့တက်တူးတွေကြောင့် ထွက်ပြေးရခက်နေတဲ့ ဝရမ်းပြေးကြီး
Pixabay-OpenClipart-Vectors

ဒီလိုနဲ့ Clea တစ်ယောက် တံခါးဖွင့်ဖွင့်လိုက်ချင်းမှာပဲ Clea ဟာ ရဲတွေကို သူလူသတ်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲတွေဟာ အိမ်ထဲကို ဝင်ရောက်စစ်ဆေးတဲ့ အချိန်မှာတော့ Clea ရဲ့ ဇနီးဖြစ်သူဟာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေပြီး ယောက္ခမဖြစ်သူကတော့ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ရဲအရာရှိတွေဟာ သေဆုံးမှုတွေနဲ့ ပတ်သတ်ပြီး Clea ကို မေးမြန်းတဲ့အခါမှာတော့ Clea ဟာ သူ့ရဲ့ ဇနီးနဲ့ ယောက္ခမဖြစ်သူကို သူဖတ်နေကျ မဂ္ဂဇင်း ရှာမတွေ့လို့ မေးရင်းနဲ့ ရန်ဖြစ် စကားများပြီး ဒေါသထွက်ကာ သတ်ပစ်လိုက်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ဘယ်ကိစ္စမဆို အရာရာကို ဒေါသတစ်ခုတည်းနဲ့ မဆုံးဖြတ်ဖို့ ပြောကြားချင်ပါတယ်။

READ
ဂျာမနီနဲ့တောင်ကိုရီးယား ပွဲအပြီး မက္ကဆီကိုမှာ တောင်ကိုရီးယားကောင်စစ်ဝန် ဘာဖြစ်ခဲ့သလဲ

Pyi Hein Kyaw

SHARE