ဦးနှောက်ထိခိုက်မှုကြောင့် စိတ်ထဲမှာ ဝမ်းနည်းပေမယ့် ငိုလို့မရဘဲ ရယ်နေရသူ

ဝေးလ်နိုင်ငံ၊ Carmarthenshire ပြည်နယ်၊ Ammanford မြို့ မှာနေထိုင်တဲ့ အသက် (၃၇)နှစ်အရွယ် Paul Pugh အမည်ရ အမျိုးသားဟာ ထူးခြားတဲ့ ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ခံစားနေရပါတယ်။ သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက သူရဲ့ Cwmaman Football Club အသင်းက အသင်းဖော်တွေနဲ့အတူ ညဘက်ထွက်ပြီး ပျော်ပါးရာက ဒီဝေဒနာရဲ့ အစလို့ The Sun က ဆိုပါတယ်။

MEDIA WALES

အဲဒီညမှာ အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ လူတစ်စုက Paul ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်။ Paul ဟာ လူလေးဦးက ဝိုင်းညှပ်တိုက်ခိုက်တာခံခဲ့ရပြီး၊ နောက်ဆုံး ဦးခေါင်းခွံ့ကြေမွသည်အထိ ရိုက်နှက်ခံခဲ့ရပါတယ်။ အဲဒီဒဏ်ရာတွေကြောင့် Paul ဟာ ကိုမာဖြစ်သွားပြီး ဆေးရုံမှာ (၂)လလောက် သတိမေ့မြောနေခဲ့ရပါတယ်။

MEDIA WALES

ဦးနှောက်ထဲမှာ (၁၀ x ၄) စင်တီမီတာ အရွယ်အစားရှိတဲ့ သွေးခဲဖြစ်သွားပြီး၊ Paul ဟာ စကားထစ်အ သွားခြင်း၊ နာတာရှည် မောပန်းနွမ်းနယ်ခြင်း၊ လှုပ်ရှားလို့မရခြင်းတွေ စတဲ့ ဝေဒနာတွေ ခံစားနေရပြီး ၀ှီးချဲကိုသာ အားကိုးရပါတော့တယ်။ သူဟာ ဆေးရုံမှာ (၁၃)လကြာ ကုသမှုခံယူခဲ့ရပြီး၊ လေးကြိမ်မြောက် ခွဲစိတ်မှုအပြီးမှ သူဟာ ပထမဆုံး သူ့ရဲ့ ထူးခြားတဲ့ ချို့ယွင်းမှုကို စတွေ့ရတာပါပဲ။

READ
အထင်မှားဒေါသထွက်ခံခဲ့ရတဲ့ ၆၅နှစ်အရွယ်အဘိုးကြီးနဲ့၁၂နှစ်အရွယ်ကောင်မလေးတို့ရဲ့ လက်ထပ်ပွဲ
MEDIA WALES

အကြောင်းကတော့ ဆရာဝန်တွေနဲ့ သူ့အခြေအနေကို ပြောကြားနေတုန်းမှာ ကြားရတဲ့စကားတွေက သူ့အတွက် ဝမ်းနည်းစရာဖြစ်နေပေမဲ့ သူ့ရဲ့ဦးနှောက်လှုံ့ဆော်မှုကြောင့် သူ ထရယ်လိုက်လို့ပါ။ သူ့အတွက် ၀မ်းနည်းစရာကောင်းလွန်းပေမယ့် ရယ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်နဲ့တော့ ပြောင်းပြန်ပါဘဲ။ ဆရာဝန်တွေဟာ Paul ကို သူ့ရဲ့ဦးနှောက်ထိခိုက်မှုအတွက် သူ့အနေနဲ့ ကြောက်ရွံ့တုန်လှုပ်စရာ၊ သွေးပျက်စရာ ဖြစ်စေမယ်လို့ ပြောတော့ သူက ရယ်လိုက်တာပါ။

MEDIA WALES

တကယ်တော့ စိတ်ထဲမှာ ဝမ်းနည်းပြီး ငိုနေပေမယ့် မျက်နှာပြင်ပေါ်မှာတော့ အာရုံကြောဆိုင်ရာ ပြောင်းလဲမှုကြောင့် ပြောင်းပြန်ဖြစ်သွားရတာပါ။ Paul က “သူတို့က ကျွန်တော့်ကို အဲဒီအကြောင်းပြောတယ် … ပြောရရင် သိပ်ကို စိတ်ပျက်စရာ၊ ၀မ်းနည်းစရာပါဘဲ … ဒါပေမယ့် ကျွန်တော် အစည်းအဝေးအတောအတွင်းမှာ ရယ်ခဲ့တယ် … ပြောရရင် အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းသိတာက ကျွန်တော့်မျက်လုံးထဲမှာ ကျွန်တော်ဟာ ၀မ်းနည်းစွာ ငိုနေပေမယ့် အပြင်မှာကျ ရယ်နေတဲ့ပုံဖြစ်နေတယ် “လို့ ပြောပါတယ်။

READ
၅ကြိမ်မြောက်ဆူဇူကီဖလားပြိုင်ပွဲကိုပံ့ပိုးပေးမယ့် Suzuki Motor Corporation
MEDIA WALES

Paul ဟာ Pathological laughter (သို့မဟုတ်) Pseudobulbar Affect (PBA) ဆိုတဲ့ အာရုံကြောဆိုင်ရာ ပြောင်းလဲမှု လက္ခဏာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ ခံစားမှုတွေကို တုန့်ပြန်အသိအမှတ်ပြုပေးတဲ့ ဦးနှောက်ရှေ့ခြမ်းနဲ့ ဦးနှောက်ရဲ့အဓိကစနစ်တို့ အဆက်အသွယ်ပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတစ်ခုလို့ သိရပါတယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါဖြစ်လို့ ပျောက်ကင်းအောင် ကုသဖို့တော့ သိပ်မလွယ်ဘူးလို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE