ကိုဗစ်ပိုးရှိတယ်ဆိုပြီး ဇနီးကို လိမ်လည်ကာ ရည်စားအိမ်မှာ သွားနှပ်နေတဲ့ အမျိုးသား

Pixabay-fernandozhiminaicela

လက်ရှိအချိန်မှာ COVID 19 ကပ်ရောဂါပိုးဟာ တစ်ကမ္ဘာလုံးအနှံ့ကို ပျံ့နှံ့နေပြီး လူသားမျိုးနွယ်စုကို ၂၀၂၀ ခုနှစ်မှာ အကြီးအကျယ်ဒုက္ခပေးနေတဲ့ ကပ်ရောဂါဆိုးကြီးပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အပြင်ထွက်မယ်ဆိုရင်တော့ Face mask ကို လုံးဝမဖြစ်မနေတပ်နေရမယ့်အချိန်ပါပဲ။ ဒီရောဂါဆိုးကြီးကြောင့် လူတော်တော်များများ စိတ်ဒုက္ခရောက်နေတဲ့ကြားမှမှ အမျိုးသားတစ်ယောက်ဟာ ဒီရောဂါဆိုးကြီးကို အရင်းပြုပြီး ပျော်နေခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ ဇနီးကို သူ့မှာ COVID 19 ကပ်ရောဂါကြီးဖြစ်နေကြောင်း လိမ်ညာပြောဆိုခဲ့ကာ ရည်းစားရဲ့ အိမ်မှာသွားနေခဲ့ကြောင်း Indiatvnews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-geralt

အမည်ဖော်ပြထားခြင်းမရှိတဲ့ အိန္ဒိယနိုင်ငံ၊ Mumbai မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က သူ့ရဲ့ ဇနီးသည်ဖြစ်သူဆီကို ဖုန်းဆက်ခဲ့ပါတယ်။ အကြောင်းကတော့ အဆိုပါ အမျိုးသားဟာ COVID 19 ကပ်ရောဂါကို သူ့အနေနဲ့ ကူးစက်ခံစားနေရတာကြောင့် မကြာခင်အချိန်အတွင်းမှာ သူဟာ သေတော့မှာဖြစ်တာကြောက့် အိမ်မပြန်လာချင်တော့ကြောင်း ပြောဆိုခဲ့ကာ ဖုန်းပိတ်ခဲ့ပြီး အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်အချိန်မှာ အဆိုပါ အမျိုးသားရဲ့ ယောက်ဖဟာ အဆိုပါ အမျိုးသားရဲ့ ဆိုင်ကယ်ကို Vashi မြို့မှာ တွေ့ခဲ့တာကြောင့် သူ့ယောက်ဖတစ်ခုခုဖြစ်နေတယ်ထင်ပြီး နီးစပ်ရာရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ရဲတွေဟာ အဆိုပါ အမျိုးသားကို စုံစမ်းကြည့်ရာ အချိန်အတော်ကြာမှ အဲဒီအမျိုးသားဟာ မှတ်ပုံတင်အတုပြုလုပ်ပြီ သူ့ရည်းစားဖြစ်သူရဲ့ နေအိမ်မှာ နှစ်ယောက်အတူတူ နေထိုင်နေကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

READ
လိမ်လည်မှုကြောင့် ထောင်ဒဏ် စံချိန်တင် ချမှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသားနှစ်ဦး
Pixabay-4711018

“တော်တော်ကိုဆိုးတဲ့လူပဲဗျာ။ ကျွန်တော်တို့ကတော့ တစ်ခုခုဖြစ်နေတယ်ထင်ပြီး အသည်းအသန်လိုက်ရှာနေကြတာ။ သူက သူ့ရည်းစားရဲ့ အိမ်မှာ နှပ်နေတာကိုး။ အခုတော့သူ့ကို သူ့ဇနီးသည်ဖက်ကကော၊ ကျွန်တော်တို့ ရဲစခန်းကကော အမှုဖွင့်ထားပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းကတော့ သူ့ကို Mumbai မြို့ရှိ သူ့နေအိမ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါပြီ”လို့ ရဲအရာရှိ Sanjeev Dhumal က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE