ကိုဗစ်ကြောင့် မြို့ပျက်ကြီးထဲမှာ (၆)လလောက် တစ်ယောက်တည်း နေခဲ့ရတဲ့ အမျိုးသား

Youtube-6 Months Alone In A Ghost Town

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီးကြောင့် လူတော်တော်များများ အိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီလိုအချိန်အကြာကြီး အိမ်ထဲမှာပဲ နေနေရတာကြောင့် လူတော်တော်များများ စိတ်ညစ်နေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့အိမ်ထဲမှာပဲ ကိုယ့်မိသားစုနဲ့ နေနေရတာ တော်တော်လေးကို ကံကောင်းတယ်လို့ မှတ်ယူထားပါ။  ဘာလို့လဲဆိုတော့ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ဟာဆိုရင်တော့ တစ်ခြားလူတွေထက် တော်တော်လေးကို ကံဆိုးတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေမို့လို့ပါပဲ။ အကြောင်းအရင်းကတော့ အဆိုပါအမျိုးသားဟာ COVID 19 ကာလအတွင်း မြို့ပျက်ကြီးတစ်ခုထဲမှာ အချိန်ခြောက်လကျော် နေထိုင်ခဲ့ရလို့ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-6 Months Alone In A Ghost Town

ပုံထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ အသက် ၃၁ နှစ်အရွယ် Brent Underwood လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Brent ဟာ ၂၀၁၈ ခုနှစ်တုန်းက သူရယ်၊ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Jon Bier ရယ်နဲ့ အခြား စီးပွားရေးလုပ်ငန်းရှင် အနည်းငယ်ရယ် အကုန်လုံး စုပေါင်းပြီးတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Cerro Gordo လို့ ခေါ်တဲ့ မိုင်းတွင်းဟောင်း မြို့ပျက်တစ်ခုကို အမေရိကန်ဒေါ်လာ ၁.၄ သန်းနဲ့ ဝယ်ယူခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုင်းတွင်းဟောင်း မြို့ပျက်ကြီးကို ပြန်လည်ပြင်ဆင်ပြီးတော့ နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်အပန်းဖြေဖို့ စိတ်ကူးနဲ့ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

READ
တရုတ်အကျဉ်းသားဟောင်းများပြောပြတဲ့ ထောင်ထဲကကြောက်မက်ဖွယ်နှိပ်စက်မှုများ
Youtube-6 Months Alone In A Ghost Town
Youtube-6 Months Alone In A Ghost Town
Youtube-6 Months Alone In A Ghost Town

အဆိုပါ မြို့ထဲမှာတော့ Brent ရယ်၊ သူ့သူငယ်ချင်း Jon ရယ် နှစ်ယောက်တည်းနေပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီး မြို့ကို ပြန်လည်အလှဆင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကံဆိုးချင်တော့ သူတို့နှစ်ယောက်စလုံး ပြင်ဆင်နေတာ ပြီးခါနီးအချိန် ၂၀၂၀ ခုနှစ် အစပိုင်းဘောက်မှာ COVID 19 ဆိုတဲ့ ကပ်ရောဂါကြီးက ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Brnt နဲ့ Jon တို့နှစ်ယောက်ဟာ တစ်ခြားနေရာလည်း သွားလို့မရတော့ပဲ အဆိုပါ မြို့ပျက်ကြီးထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အစပိုင်းမှာတော့ အဆိုပါ မြို့ထဲမှာ ၁ လ လောက်ပဲ နေဖို့ စဉ်းစားခဲ့ပေမယ့် တစ်ကယ့် လက်တွေ့မှာတော့ အချိန် ၆ လ ကြာတဲ့အထိ အဆိုပါ မြို့ထဲမှာပဲ နေနေခဲ့ကြပါတယ်။

Youtube-6 Months Alone In A Ghost Town
Youtube-6 Months Alone In A Ghost Town
Youtube-6 Months Alone In A Ghost Town

“အစကတော့ အိမ်ပြန်မလို့ပဲ။ ဒါပေမယ့် ကိုယ်ထွက်သွားရင် မြို့ကြီးက ဒီအတိုင်းထားခဲ့ရမှာတစ်ကြောင်း၊ ပြင်ဆင်စရာရှိတာလေးတွေကို ပြင်ဆင်နေချင်သေးတာတစ်ကြောင်း အစရှိတာတွေကြောင့် ဒီမှာပဲ ဆက်နေဖြစ်ခဲ့တာပါ။ COVID 19 ကပ်ရောဂါက ဘယ်အချိန်မှ ပြီးမယ်ဆိုတာလည်း ကျွန်တော်တို့မှ ကြိုမသိနိုင်တာ။ ဒါ့ကြောင့် COVID 19 ပြီးတာနဲ့ ဒီမြို့ကြီးကို တန်းပြီးဖွင့်လို့ရအောင်လို့ ပြင်စရာလေးတွေကို ပြင်ဆင်ပြီးတော့ပဲ ဒီမြို့ပျက်ကြီးထဲမှာ နေဖြစ်သွားတာပါ”လို့ Brent က ပြောကြားခဲ့ပါတယ်။

READ
အမြင်နဲ့တင်ပဲ ပူစပ်သွားစေတဲ့ တရုတ်နိုင်ငံရဲ့ ငရုတ်သီးစားပြိုင်ပွဲ

 

Pyi Hein Kyaw

SHARE