ချစ်သူရဲ့ကူညီမှုကြောင့် တစ်နှစ်တည်းနဲ့ ပေါင်၂၈၀ ချနိုင်ခဲ့တဲ့အမျိုးသားရဲ့ဖြစ်ရပ်ဆန်း

Facebook-Darren McClintock

မဖြစ်နိုင်ဘူးဆိုတာကတော့ ဘယ်ကိစ္စမှမရှိပေမယ့်လို့ ဒီအမျိုးသားတစ်ယောက်ရဲ့ ကိုယ်အလေးချိန်လျှော့ချပစ်နိုင်ခဲ့တဲ့ လုပ်ရပ်ကြီးကတော့ တော်တော်လေးကို ဆန်းကျယ်စရာကောင်းလှပါတယ်။ ပေါင် ၂၈၀ တောင် တစ်နှစ်အတွင်းချပြနိုင်ခဲ့တာနော်။

Facebook-Darren McClintock

သူ့နာမည်ကတော့ Darren McClintock ပါ။ ရှိရင်းစွဲခန္ဓာကိုယ်ရဲ့ ထက်ဝက်လောက်ကို ၁ နှစ်အတွင်းမှာ ချပြနိုင်ခဲ့တဲ့အတွက်ကြောင့် မီဒီယာတွေတော်တော်များများမှာ မနှစ်တုန်းက ဖော်ပြခံခဲ့ရပါသေးတယ်။ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးပေမယ့်လို့ Darren တစ်ယောက် အခုလို ထပ်စားနေခဲ့မယ်ဆိုရင် သက်ဆိုးရှည်လှမှာမဟုတ်ဘူးဆိုပြီး ပြောလာခဲ့ပါတယ်။ ဝိတ်ချမှရတော့မယ်တဲ့။

Facebook-Darren McClintock
Facebook-Darren McClintock

ဒါနဲ့ Darren ဟာ ဝိတ်ချဖို့အတွက် စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ခန္ဓာကိုယ်နည်းပြစီ သွားတယ်၊ တိုင်ပင်ကြည့်တယ်။ Trainer ပထမဆုံးပြေတဲ့စကားကတော့ အစားဖြတ်ဖို့ပါပဲ။ အသင့်စားအစားအစာ အရမ်းစားတဲ့ Darren ကို အသင့်စားစားသောက်ဆိုင်တွေဖက် ခြေဦးတောင်မလှည့်ခိုင်းတော့ပါဘူး။ နောက် အားကစား trainer ဆီက အကူအညီအပြင်ကိုမှ ဆေးဖက်ဆိုင်ရာအကူအညီတွေလည်း ရယူခဲ့ပါတယ်။ အဲဒီမှာ Jade ဆိုတဲ့ သူနာပြုဆရာမလေးလည်း အပါအဝင်ပါပဲ။

READ
ရာသီဥတုအရေးနဲ့ပတ်သက်လို့ လွှတ်တော်မှာ အကြုံပြုဆွေးနွေးခဲ့တဲ့ (၁၆) နှစ်သမီးလေး

ဒါပေမဲ့ Jade က ကိုယ်တိုင်တရားဝင်ကူညီခဲ့တာတော့မဟုတ်ပါဘူး။ Darren ရဲ့ ဝိတ်ချနည်းကို အွန်လိုင်းမှာ trainer က ဝေမျှနေတာကို အမြဲတမ်းစောင့်ကြေည့်နေခဲ့တဲ့ သူနာပြုဆရာမလေးပါ။ Comment တွေပေးဖြစ်၊ Facebook မှာchat ဖြစ်ကြရင်းနဲ့ ရင်းနှိးလာကာ သူနာပြုဆရာမလေးဖဖက်ကလည်း ဆေးပညာအရ အကြံပေးတာမျိုးတွေ လုပ်လာခဲ့ပါတယ်။ နောက်ပိုင်း တဖြေးဖြေးရင်းနှီးသွားခဲ့ကြပြီးချစ်ကျွမ်းဝင်သွားခဲ့ကြပါတော့တယ်။

Facebook-Darren McClintock
Facebook-Darren McClintock

၁ နှစ်တာအချိန်အတွင်းမှာ ချစ်သူသူနာပြုလေးရဲ့ စည်းကမ်းတွေ၊ ပံ့ပိုးမှုတွေကြောင့် စိတ်ဓာတ်ကျတဲ့နေ့တွေ၊ အရှုံးပေးချင်တဲ့နေ့တွေမှာ စိတ်ခွန်အားဖြစ်စေခဲ့ပြီး တကယ့်ကို အကျိုးပြုခဲ့ပါတယ်တဲ့။ အခုတော့ တွေ့တဲ့အတိုင်း ပေါင် ၂၈၀ ကျသွားတဲ့ အောင်နိုင်သူကြီးအဖြစ် ရှိနေခဲ့ပါပြီ။

Facebook-Darren McClintock

Penny

SHARE