ဗီဒီယိုဂိမ်းကစားပြီး ဝိတ်ချပြခဲ့တဲ့ ဂျပန်နိုင်ငံက YouTuber အမျိုးသား

[email protected]_kz9

လူကြီးတော်တော်များများက လူငယ်တွေဗီဒီယိုဂိမ်းကစားရင် မကြိုက်ကြပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ ဂိမ်းကစားတယ်ဆိုတာ အချိန်ဖြုန်းနေတယ်လို့ပဲ မြင်နေတတ်ကြပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ ဂိမ်းကစားတယ်ဆိုတာ လူငယ်တွေရဲ့ စိတ်ထွက်ပေါက်ဖြစ်တာတို့၊ ဂိမ်းကစားရင်းနဲ့ ဝင်ငွေရှာနိုင်တာတို့ကို သူတို့ မသိကြပါဘူး။ အခုဆိုရင်လည်း ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဗီဒီယိုဂိမ်းကစားပြီး ဝိတ်ချခဲ့ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လထဲမှာ Otaku လို့ အမည်ရတဲ့ ဂျပန်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ Twitter အကောင့်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါပို့စ်ထဲမှာ သူဟာ ဗီဒီယိုဂိမ်းကစားတာကြောင့် ကိုယ်ရည်စစ်ကာ တော်တော်လေးဝိတ်ကျသွားပြီး 6 packs တွေတောင် ထွက်လာပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ဂိမ်းမဆော့ခင်အချိန်တုန်းက သူရဲ့ ကိုယ်အလေးချိန်ဟာ 72 kg ရှိပြီး အခုဆိုရင်တော့ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ 58.5 kg သာရှိတော့ကြောင်း သိရပါတယ်။ လူတော်တော်များများကတော့ Otaku ကို မယုံကြည်ခဲ့ပေးမယ့် သူတော့ခဲ့တဲ့ ဗီဒိယိုဂိမ်းကြောင့် Otaku တစ်ယောက်ဝိတ်ကျတယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။

READ
မျက်လုံးကို (၁၀)မီလီမီတာလောက် ရှေ့ထုတ်ပြူးပြနိုင်တဲ့ ကောင်လေး

Otaku တစ်ယောက် ဆော့ခဲ့တဲ့ ဗီဒီယိုဂိမ်းကတော့ Nitendo Switch ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းနာမည်ကတော့ Ring Fit Adventure ပဲ ဖြစ်ပါတယ်။ အဆိုပါဂိမ်းကတော့ တော်တော်လေးကို မိုက်တဲ့ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကိုယ်တိုင်လှုပ်ရှားပြီးလိုက်ဆော့ရတဲ့ ဂိမ်းဖြစ်ပြီး ဂိမ်းထဲက missions အများစုဟာ လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံတွေပဲ ဖြစ်တာကြောင့် ဂိမ်းဆော့ရင်းနဲ့ လေ့ကျင့်ခန်းဆော့နေရသလို ခံစားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

“ကျွန်တော် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်ဂိမ်းဆော့ပါတယ်။ ပုံမှန်လေးပဲဆေယ့သွားပြီး ဆော့နေတဲ့အချိန်မှာလည်း သေသေချာချာ စိတ်နှစ်ပြီးဆော့တာပါ။ ၆လ လောက်မှာ တော်တော်လေးသိသာလာပါတယ်။ သွားရလာရလွယ်ကူပြီး စိတ်ကော၊ကိုယ်ပါတော်တော်လေးပေါ့ပါးသွားစေပါတယ်။ ဗိုက်မှာဆိုရင်လည်း ကြွက်သားတွေအမြှောင်းတွေထွက်လာပြီး ခန္ဓာကိုယ်မှာလည်း တော်တော်လေးကိုယ်ရည်စစ်သွားပါတယ်”လို့ Otaku က ပြောကြားခဲ့ပါတယ်။

READ
ကျောင်းသွားရင်းလိင်ပိုင်းဆိုင်ရာစော်ကားခံနေရမှုကို တစ်နိုင်ငံလုံးအသိပေးလိုက်တဲ့သူမ

 

Pyi Hein Kyaw

SHARE