မူကြိုတုန်းက ကတိကို နှစ်(၂၀)အကြာမှာ အကောင်အထည်ဖော်ခဲ့တဲ့ သူတို့စုံတွဲ

thewaywemet/Instagram

မတ် ဆိုတဲ့ အမျိုးသားနဲ့ လော်ရာဟာ မူကြိုလောက်ကတတည်းက တွေ့ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက မတ်က လော်ရာ့ကို ကြီးလာရင် လက်ထပ်ယူမယ်လို့ တစ်ခန်းလုံးကို ကြေငြာခဲ့တယ်။ နှစ်ပေါင်း (၂၀) လောက်ကျတော့ လော်ရာ့ကို အဲဒီစာသင်ခန်းထဲမှာပဲ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Matte Grodsky and Laura Scheel/HuffPost

ငယ်ကတည်းက အတူသွား၊ အတူစား၊ အတူဆော့လာခဲ့ပြီး အတူတူမခွဲမခွာဘဲ ကြီးပြင်းလာခဲ့ကြသူနှစ်ဦးပါ။

မတ်နဲ့ လော်ရာတို့ မူကြိုတုန်းကပုံရိပ်လေးပါ။

Matte Grodsky and Laura Scheel/HuffPost
thewaywemet/Instagram

မတ်ရဲ့ Instgram မှာလည်း ဘယ်လိုဘယ်ပုံတွေ့ခဲ့ကြတာလေးကို တင်ထားခဲ့ပါသေးတယ်။ မတ်သုံးနှစ်သားတုန်းက အတန်းရှေ့မှာရပ်ပြီး လော်ရာ့ကို တစ်နေ့လက်ထပ်မယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ “ကျွန်တော်ငယ်ငယ်ကတည်းက လော်ရာ့ကိုချစ်ခဲ့တာ ဒီကနေ့အထိပါပဲ” တဲ့။

Matte Grodsky and Laura Scheel/HuffPost

ကံမကောင်းစွာနဲ့ပဲ မူလတန်းနဲ့အလယ်တန်းမှာ ကျောင်းကွဲသွားတဲ့ သူတို့နှစ်ယောက် အဆက်အသွယ်မရတော့ပါဘူး။ အထက်တန်း စတက်တဲ့ နှစ်မှပဲ သူငယ်ချင်းတွေကြားထဲ ပြန်တွေ့ခဲ့ရပါတယ်။ ပြန်တွေ့ပြီးတဲ့နောက် မတ်နဲ့ တွေ့ပြီး အပြင်ထွက်ဖို့ကို လော်ရာခဗျာ ချီတုံချတုံဖြစ်နေပါသေးတယ်တဲ့။ ဒါပေမဲ့လည်း မတ်ရဲ့ ဇွဲကောင်းမှုကြောင့်ပဲ ချစ်သူတွေ တဖြည်းတဖြည်းဖြစ်သွားခဲ့ကြပါတော့တယ်။

READ
သင်ဟာ သင့်ချစ်သူကို ချစ်နေတာမဟုတ်ပဲ စွဲလန်းနေတာဖြစ်တဲ့ အချက်(၅)ချက်
Matte Grodsky and Laura Scheel/HuffPost

မြို့ချင်းမတူဘဲ ကောလိတ်တက်တဲ့အခါမှာလည်း ဒုတိယအကြိမ်ခွဲခဲ့ရပါသေးတယ်။ ဒီတစ်ခါတော့ လုံးဝကြီး အဆက်အသွယ်ပြတ်သွားတာ မဟုတ်တော့ဘူး။ ချစ်သူတွေ ဖြစ်နေခဲ့ကြပါပြီ။

Matte Grodsky and Laura Scheel/HuffPost

နောက်ဆုံးတော့ မတ်တစ်ယောက် ပေးထားတဲ့ကတိကို တည်နိုင်မယ့်နေ့ကို ရောက်လာပါတော့တယ်။

Matte Grodsky and Laura Scheel/HuffPost

တက္ကသိုလ်တက်နေတုန်းမှာပဲ မတ်က သူကတိပေးခဲ့တဲ့ မူကြိုကျောင်းလေးဆီ လော်ရာ့ကိုပြန်ခေါ်သွားပြီး ဒူးထောက်ကာ အနားမှာ အတူတကွ တစ်သက်လုံးနေနိုင်ဖို့အတွက် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Matte Grodsky and Laura Scheel/HuffPost
Matte Grodsky and Laura Scheel/HuffPost

Penny

Source : Elite Reader

SHARE