လေဟုန်စီးရင်း ဆိုဖာပေါ်မှာထိုင်ကာ တီဗ္ဗီအေးဆေးကြည့်ခဲ့တဲ့ အမျိုးသား

Youtube-Uçan koltuk Coach Potato Paragliding

လောကမှာ လူတော်တော်များများက စွန့်စွန့်စားစားလုပ်ရတာကို တော်တော်သဘောကျတတ်ကြပါတယ်။ တောင်ထပ်နှစ်ခုကို ကြိုးနဲ့တန်းပြီး လမ်းလျှောက်ပြတာတို့၊ လေထီးခုန်ဆင်းတာတို့၊ ပေရာကျော်မြင့်တဲ့ တောက်ထပ်တွေကနေ ဒိုင်ဗင်ထိုးချပြရတာတို့ အစရှိတဲ့ စွန့်စွန့်စားစား အလုပ်တွေကို ကြိုက်ကြပါတယ်။ ဒါပေမယ့် လေဟုန်စီးပြီးတော့ ဆိုဖာပေါ်မှာ အေးအေးဆေးဆေး တီဗ္ဗီကြည့်ပြတဲ့ စတန့်မျိုးကိုတော့ တစ်ခါမှ ကြားဖူးအုံးမှာ မဟုတ်ပါဘူး။

Youtube-Uçan koltuk Coach Potato Paragliding

အဆိုပါစတန့်ကို ပြသခဲ့တဲ့ အမျိုးသားကတော့ အသက် ၂၉ နှစ်အရွယ် တူရကီနိုင်ငံသား၊ လေထီးစီးသူ Hasan Kaval ပဲ ဖြစ်ပါတယ်။ Kaval ဟာ လေထီးကို ကျွန်းကျွမ်းကျင်ကျင် စီးတတ်ရုံသာမက လေထီးစီးသင်ပေးတဲ့ ဆရာတစ်ဦးလဲ ဖြစ်ပါတယ်။ Kavl ဟာ များသောအားဖြင့် လေထီးကို ပုံမှန်စီးတာထက် စတန့် တီထွင်ပြီး စီးရတာ အင်မတန် ဝါသနာပါသူ ဖြစ်ပါတယ်။

READ
ချစ်သူကစွန့်ပစ်လို့ (၆)လွှာကနေခုန်ချမယ့်သူကို အလစ်မှာဝင်လုံးပြီး ကယ်ဆယ်ခဲ့ရ

အပေါ်က ဗီဒီယိုကတော့ Kaval ကိုယ်တိုင် တူရကီနိုင်ငံ အနောက်တာင်ဘက် ဒေသတစ်ခုမှာ လုပ်ခဲ့တဲ့ စွန့်စားခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း Kaval ဟာ လေထီးစီးရင်း ဆိုဖာပေါ်မှာထိုင်ကာ အေးဆေးတီဗ္ဗီကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖိနပ်တွေဘာတွေ သေချာလဲပြီး မုန့်တွေစား၊ အအေးတွေသောက်ကာ တီဗ္ဗီလိုင်းတွေတောင် ပြောင်းနေခဲ့ပါသေးတယ်။

Youtube-Uçan koltuk Coach Potato Paragliding

“ ကျွန်တော် ဒီလိုပုံစံနဲ့ လေထီးစီးချင်နေတာကြာပါပြီ။ အခုမှ စိတ်ကူးတွေ တစ်ကယ်ဖြစ်လာပါတော့တယ်။ ပြီးတော့ ဒီလိုပုံစံနဲ့ လေထီးစီးဖို့ စိတ်ကူးကို ရခဲ့တာ ကြာပါပြီ။ တော်တော်များများက မဖြစ်နိုင်ဘူးလို့ပဲ ထင်ခဲ့ကြတာ။ အခုလို ကျွန်တော် ဒီလိုလေထီးစီးဖို့ အားပေးကူညီခဲ့တဲ့ အဖက်ဖက်က မိတ်ဆွေတွေအားလုံးကို ကျွန်တော့်အနေနဲ့ တစ်ကယ်ကို ကျေးဇူးတသင်ပါတယ်” လို့ Kaval က Daily Mail သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
မူလတန်းကျောင်းကြိုဆိုပွဲမှာ တိုင်ပတ်အကမယ်တွေနဲ့ ဖျော်ဖြေခဲ့လို့ များစွာဝေဖန်ခံနေရ

Pyi Hein Kyaw

SHARE