
Photographer တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အမိုက်စား ကင်မရာလေးတစ်လုံးကိုင်ပြီး ရှေ့ကြည်နောက်ဝါးပုံလေး ရိုက်တတ်တာနဲ့ Photographer တစ်ယောက်ဆိုပြီး သတ်မှတ်လို့ မရသလို ကင်မရာရှိတိုင်းလည်း Photographer မဖြစ်ပါဘူး။ Photographer တစ်ယောက်ဆိုတာ ကိုယ်ရိုက်မယ့် နယ်ပယ်တစ်ခုကို ကောင်းကောင်းသိရပါမယ်။ ဥပမာ ကိုယ်ရိုက်မယ့် category က portrait လား၊ street လား၊ fashion လား၊ landscape လား အစရှိတဲ့ ပုံစံမျိုးစုံကိုလိုက်ပြီး ကိုယ်အသုံးပြုမယ့် lens တွေ၊ အလင်းအမှောင်အကြောင်းတွေ၊ shutter speed အကြောင်းတွေကို သေသေချာချာ သိရှိထားဖို့ လိုအပ်ပါတယ်။ အခုပြောပြချင်တဲ့ Photograper တစ်ယောက်ကတော့ တော်တော်လေးကို cool ဖြစ်ပြီး သူ့ရဲ့ အမိုက်စား ရိုက်ချက်တွေကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးနေကြောင်း သိရှိရပါတယ်။

အဆိုပါ အမျိုးသားကတော့ Krutik Thakuar အမည်ရ အမျိုးသား Photographer တစ်ဦးပဲ ဖြစ်ပါတယ်။ Krutik ဟာ ၂၀၁၇ ခုနှစ်ကမှ ဓာတ်ပုံရိုက်တာကို စိတ်ဝင်စားခဲ့ပြီး အဲဒီအချိန်ကတည်းက စတင်လေ့လာခဲ့တာပါ။ DSLR နဲ့ ရိုက်နည်းတွေ၊ Phtoshop နဲ့ Premier Pro အသုံးပြုနည်းတွေ အစရှိတာတွေကို Youtube ကနေ Tutorial တွေကြည့်ပြီး သင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် ကင်မရာလည်း မရှိတာကြောင့် သူငယ်ချင်းဖြစ်သူရဲ့ ကင်မရာကို တစ်လ နှစ်ကြိမ်ငှားပြီး သူဘာသာသူ လျှောက်ရိုက်နေခဲ့တာပါ။ အပေါ်မှာ ပြထားတဲ့ ပုံကတော့ Krutik ကို လူတော်တော်များများ စတင် သတိထားခဲ့မိတဲ့ ပုံတစ်ပုံပဲ ဖြစ်ပါတယ်။


ဒီလိုနဲ့ Krutik ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ နေဝင်ချိန်တွေကို အသုံးပြုပြီး အမိုက်စား ဓာတ်ပုံရိုက်ချက်တွေကို တောက်လျှောက်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Krutik ရဲ့ သူငယ်ချင်းဖြစ်သူတွေကလည်း Krutik ဓာတ်ပုံရိုက်တဲ့အခါမှာ လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးခဲ့ပြီး Krutik ကို အားပေးခဲ့ကြပါတယ်။ သိပ်မကြာခင်မှာ Krutik ဟာ ကိုယ်ပိုင်ကင်မရာတစ်လုံး ဝယ်နိုင်ခဲ့တာ ဖြစ်ပြီး နာမည်ရ Photographer တစ်ဦး ဖြစ်လာခဲ့ပါတယ်။



“လူတော်တော်များများက နေဝင်ချိန်ကို အသုံးပြုပြီး ရိုက်ထားတဲ့ ကျွန်တော့်ရဲ့ ဓာတ်ပုံတွေကို ကြိုက်ကြပါတယ်။ အဲဒီဓာတ်ပုံတစ်ပုံရဖို့ တော်တော်လေး ခက်ခဲ့ပါတယ်။ အထူးသဖြင့် နေလုံးကြီးကို ကိုယ်ကြိုက်တဲ့ position တစ်ခုရောက်ဖို့ တော်တော်စိတ်ရှည်မှ ရတာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီလိုမျိုး ဓာတ်ပုံတွေကို ရိုက်ရတာ အရမ်းကြိုက်ပါတယ်။ နောက်ပိုင်းကျရင်လည်း အဲဒီလိုမျိုး အမိုက်စားရိုက်ချက်တွေကို ဆက်လက်ဖန်တီးသွားဖို့ ရှိပါတယ်”လို့ Krutik က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

View this post on Instagram
Pyi Hein Kyaw