ဂေါ့ဖ်သမားတွေကို အကြီးအကျယ် သောကရောက်အောင် prank လုပ်ခဲ့တဲ့ အမျိုးသား

[email protected]

လူတွေကို ရုပ်တည်ကြီးနဲ့ လိုက်စတာတွေ၊ အရူးလုပ်ပြီး နောက်ပြောင်တဲ့ prank ဗီဒီယို တော်တော်များများကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ စတယ်နောက်တယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက်သား ထိခိုက်နစ်နာအောင် လုပ်တာတွေကတော့ မကောင်းပါဘူး။ ဒါပေမယ့် အခုပြောပြမယ့် အမျိုးသားကတော့ တစ်ကယ်ကို ရုပ်တည်ကြီးနဲ့ မျက်နှာတော်တော်ပြောင်တဲ့ အမျိုးသားပါပဲ။ ဂေါ့ဖ်ရိုက်သမားတွေရိုက်လိုက်တဲ့ ဂေါ့ဖ်သီးဟာ သူ့ခေါင်းကို လာထိတဲ့ပုံစံနဲ့ လှဲချပြီး ဟန်ဆောင်ကာ ဂေါဖ့်သမားတွေကို prank လုပ်တတ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဗီဒီယိုကို တင်ခဲ့တာကတော့ တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ဟာသမင်းသား Trevor Noah ပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ လှဲချနေတဲ့ အမျိုးသားရဲ့ အိမ်ဟာ ဂေါ့ဖ်ကွင်းအစပ်မှာ ဆောက်လုပ်ထားတာကြောင့် မကြာခဏဆိုသလို ဂေါ့ဖ်သမားတွေ ရိုက်လိုက်တဲ့ ဂေါ့ဖ်သီးတွေဟာ တစ်ခါတစ်ရံ အဆိုပါအမျိုးသားရဲ့ ခြံထဲကို ဝင်လာလေ့ ရှိပါတယ်။ ဒီဗီဒီယိုထဲမှာတော့ အဲဒီအမျိုးသားဟာ ဒီအတိုင်း ဂေါ့ဖ်ရိုက်သမားရိုက်လိုက်တဲ့ ဂေါ့ဖ်သီးဟာ ဒီအတိုင်း ခြံထဲကို ဝင်လာတာပဲ ဖြစ်ပါတယ်။

READ
ခွက်ထိုးခွက်လန်ရယ်ရမယ့် ၂၀၁၇ခုနှစ်ရဲ့ ဟာသဗီဒီယိုများ
[email protected]

ဒါပေမယ့် ဂေါ့ဖ်သီး ခြံထဲ ရောက်လာတာကို သိသိချင်း အဆိုပါအမျိုးသားဟာ ချက်ချင်း ဂေါ့ဖ်သီးကျသွားနေရာကို သွားပြီး လှဲချလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ခြံအပြင်ကနေ အဆိုပါဂေါ့ဖ်သီးကို ရိုက်လိုက်တဲ့ ဂေါ့ဖ်ရိုက်သမားရောက်လာပါတယ်။ အဆိုပါဂေါ့ဖ်ရိုက်သမားခမျာမှာလည်း သူရိုက်လိုက်တဲ့ ဂေါ့ဖ်သီးဟာ ခြံထဲက လဲကျနေတဲ့ အမျိုးသားခေါင်းကို ထိသွားတယ်လို့ ထင်ခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ ခြံအပြင်က ဂေါ့ဖ်ရိုက်သမားအသံကြားတာနဲ့ လှဲချဟန်ဆောင်နေတဲ့ အမျိုးသားဟာ သူ့ရဲ့ ခေါင်းလေးကို ပွတ်ပြီး ခေါင်းလေးခါရမ်းကာ ဂေါ့ဖ်သီးကို ခြံအပြင်က ဂေါ့ဖ်ရိုက်သမားထံ ပြန်ပစ်ပေးခဲ့ပါတယ်။ ခြံအပြင်က ဂေါ့ဖ်ရိုက်သမား မသိလိုက်တဲ့ အချက်ကတော့ အဆိုပါအမျိုးသားဟာ အဲဒီလို ခြံထဲရောက်ရောက်လာတတ်တဲ့ ဂေါ့ဖ်သီးတွေကို အကြောင်းပြပြီး ဂေါ့ဖ်ရိုက်သမားတွေ prank လုပ်လေ့ရှိတယ်ဆိုတာပါပဲ။

[email protected]

Pyi Hein Kyaw

SHARE