Airpod လေးတွေ လမ်းပေါ်ကျနေသယောင် ဖန်တီးပြီး လူတွေကိုဟာသလုပ်ခဲ့တဲ့သူ

Youtube

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ လမ်းသွားလမ်းလာတွေကို လှောင်ပြောင်ဖို့အတွက် Airpod ပုံစံကပ်ခွာလေးတွေ ဖန်တီးပြီး အများပြည်သူ သွားနေတဲ့ လမ်းနေရာတချို့မှာ ကပ်ထားခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ ဖြတ်သွားသူတွေဟာ တကယ့် Airpod လေးတစ်ခု ပြုတ်ကျနေတယ်ထင်ပြီး ကုန်းကောက်လိုက်တဲ့အခါ အရှက်ရသွားစေဖို့ပါ။

သူက နောက်ဆုံးပေါ် Airpod တွေနဲ့ တစ်ပုံစံတည်းတူတဲ့ ကပ်ခွာလေးတွေကို ဖန်တီးခဲ့တာဖြစ်ပြီး အမှတ်တမဲ့ကြည့်လိုက်ရင် တကယ့် Airpod လေးတစ်ခု လမ်းမှာ ကျနေတဲ့အတိုင်းပါပဲ။

သူက ဆန်ဖရန်စစ္စကိုမြို့ထဲက နေရာအနှံ့မှာ အဲဒီ စတစ်ကာလေးတွေကို လိုက်ကပ်ထားခဲ့ပြီး စတစ်ကာ ကပ်ထားတဲ့နေရာတိုင်းမှာ ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။

READ
တရုတ် ယောင်္ကျားလေးအဆိုတော်အဖွဲ့က သူတို့ဟာ မိန်းကလေးများဖြစ်ကြောင်းဖွင့်ဟခဲ့

Apple Airpod တစ်ခုရဲ့ တန်ဖိုးက ဈေးမသေးတာကြောင့် လူတွေက ကောက်ယူဖို့ ကြိုးစားကြပြီး သူတို့ထင်သလို ဖြစ်မလာတဲ့အခါ ရှက်သွားကြပုံကို ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ပါဘလို ဆိုတဲ့သူက ဗီဒီယိုရိုက်ခဲ့တာပါ။

သူက တွစ်တာအကောင့်မှာ Airpod စတစ်ကာတွေအများကြီး ဖန်တီးခဲ့ကြောင်းနဲ့ သူ့ကြောင့်လူတွေ တော်တော်စိတ်ရှုပ်ခဲ့ရကြောင်းကို ရေးသားသွားခဲ့ပါတယ်။

ဒီ ဟာသလုပ်မှုက အမေရိကန်မှာ တော်တော်လေး နာမည်ကြီးသွားခဲ့ပြီး သတင်းအစီအစဉ်တွေထဲမှာတောင် ပါလာတဲ့အထိ ဖြစ်ခဲ့တာပါ။ ပါဘလို ကတော့ သူ့ရဲ့ရည်ရွယ်ချက်က ဟာသလုပ်ဖို့မဟုတ်ပဲ လမ်းသွားလမ်းလာတွေ အနေနဲ့ လမ်းကို သတိထားပြီးလျှောက်မိဖို့ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Linn

SHARE