စတန့်ထွင်ပြီး ရေလှိုင်းစီးရင်းလက်ထပ်ခွင့်တောင်းခဲ့ရာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့စုံတွဲ

Twitter/Tommy Pierucki

အရင်တုန်းက ဒူးလေးထောက်ပြီး လက်ထပ်ခွင့်တောင်းလိုက်ရုံ၊ ဘယ်နေ့အိမ်လာတောင်းမယ်ဆိုပြီး ပြောလိုက်ရုံနဲ့ propose ဆိုတဲ့ ကိစ္စကြီးဟာ ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းစွာ ပြီးသွားခဲ့ပေမယ့်လို့ အခုခေတ်မှာတော့ ဒီလောက်နဲ့တင် မလုံလောက်တော့ပါဘူးနော်။

ဘောလုံးကွင်းကြီးငှား၊ ရုပ်ရှင်ရုံတစ်ရုံ့လုံးငှား စသဖြင့် တတ်နိုင်ရင်တတ်နိုငသလို အမျိုးသားတွေကိုယ်တိုင်ကိုက စိတ်ပါလက်ပါနဲ့ ထူးထူးခြားခြားအစီအစဉ်တွေလုပ်ကာ propose လုပ်လာကြတာပြီ။ Story Pick မှာ ဖတ်ခဲ့ရတဲ့အမျိုးသားတစ်ယောက်ကတော့ ချစ်ရတဲ့သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် လုံးဝအမှတ်တရဖြစ်စေမယ့် နည်းလမ်းမျိုးနဲ့ ကြိုးစားခဲ့ရာမှ အထင်နဲ့အဖြစ် တလွဲစီဖြစ်ကာ ကိုယ်ကျိုးနည်းသွားရတဲ့အကြောင်းလေးတစ်ခုပါ။

အမျိုးသားကတော့ ဟာဝိုင်အီမှ Chris Garth ပါ။ ကမ်းခြေမြို့လေးတစ်မြို့ဖစ်တဲ့အတွက် ရေလှိုင်းမစီးဖူးတဲ့သူဆိုလို့ မရှိသလောက်ပါပဲ။ ဒီလိုရေလှိုင်းစီးတာ နှစ်ခြိုက်တဲ့သူတွေထဲ Chris နဲ့ သူ့ရဲ့ချစ်သူကောင်မလေးလည်း အပါအဝင်ပါပဲ။ ဒါကြောင့်လည်း အမှတ်တရဖြစ်အောင်ဆိုပြီး Chris က ချစ်သူကိုလက်ထပ်ခွင့်တောင်းတာကို ရေလှိုင်းစီးရင်းတောင်းမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။

READ
တော်ဝင်မိသားစုရဲ့ရုပ်သံတိုက်ရိုက်လွှင့်နေတုန်း ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား
Twitter/Tommy Pierucki
Twitter/Tommy Pierucki
Twitter/Tommy Pierucki

တကယ်လည်း Chris တစ်ောက်အကောင်အထည်ဖော်ခဲ့ပါတယ်။ နေရာကိုတော့ သူတို့နှစ်ယောက်စတွေ့ခဲ့တဲ့ Waikiki ရဲ့ Queen’s ကမ်းခြေကိုပဲ ရွေးချယ်ထားခဲ့ပါတယ်။ နှစ်ယောက်သား ပင်လယ်ထဲမှာ ရေလှိုင်းစီးနေတုန်း Chris က ရုတ်တရက် ဘုတ်ပြားပေါ်ကို ဒူးထောက်ခဲ့ပါတော့တယ်။ အိတ်ထဲမှာ ထည့်ထာားတဲ့လက်စွတ်ကို ထုတ်နေရုံပဲရှိသေးတယ် ချစ်သူလေးက သဘောပေါက်စွာနဲ့ပဲ Chris ကို “YES” လို့ပြောခဲ့ပါတော့တယ်။ နောက် လက်စွပ်လည်းအထုတ်၊ ပင်လယ်လှိုင်းပုတ်တာနဲ့ လက်စွတ်က ပင်လယ်ထဲကို စုန်းစုန်းမြဲပ်သွားပါတော့တယ်။

Twitter/Tommy Pierucki

Queen’s ကမ်းခြေမှာက ရေလှိုင်းစီးသူတွေကို အမြဲတမ်း ဓာတ်ပုံစောင့်ရိုက်နေတတ်တဲ့ ဓာတ်ပုံဆရာတွေရှိပါတယ်။ ဒီတစ်ခေါက် Chris တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ကမ်းခြေမှ ဓာတ်ပုံဆရာတွေက မိမိရရကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လက်စွန်ပြုတ်ကျလို့ Chris တ်ယောက် ဖြစ်ပျက်သွားတဲ့ မျက်နှာဘေးကအစပေါ့။

ဒါပေမဲ့ စိတ်မပူပါနဲ့။ Chris က ဒီလိုအကွက်တွေကို ကြိုမြင်နေလို့လားမသိဘူး တကယ့်လက်စွပ်အစစ်ကိုတော့ ကမ်းခြေပေါ်ရောက်မှ ပေးမယ်ဆိုပြီး စီစဉ်ထားခဲ့တာပါတဲ့လေ။

READ
ရည်းစားကို ဓားနဲ့ထိုးပေမယ့် စာတော်လွန်းလို့ထောင်ဒဏ်ကင်းလွတ်ခဲ့တဲ့ကျောင်းသူ

Penny

 

SHARE