ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူကောင်လေးဆီကနေပြီးတော့ လက်ထပ်ခွင့်တောင်းတာကို လိုချင်ကြပါတယ်။ နှစ်ယောက်တည်းအတူတူ ရှိနေတဲ့ အချိန်မျိုးတွေ၊ ခရီးအတူတူ ထွက်နေတဲ့ အချိန်မျိုးတွေ၊ လူတွေအများကြီး ရှိနေတဲ့ အချိန် အစရှိတဲ့ အချိန်တော်တော်များများမှာ ချစ်သူကောင်လေးတွေဟာ သူတို့ကောင်မလေးတွေကို လက်ထပ်ခွင့်တောင်းလေ့ ရှိကြပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ ခရစ်ကတ်ပွဲ ယှဉ်ပြိုင်ကျင်းပနေတဲ့ ကွင်းကြီးထဲက လူတွေ အများကြီးရှိနေတဲ့ အချိန်မျိုးမှာ သူ့ချစ်သူ ကောင်မလေးကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က သြစတြေးလျနိုင်ငံ၊ Sydney မြို့မှာ အိန္ဒိယအသင်းနဲ့ သြစတြေးလျအသင်းတို့ရဲ့ ခရစ်ကတ်ပွဲစဉ်တစ်ခု ရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ Dipen Mandaliya လို့ အမည်ရတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်က သူ့ရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ သြစတြေးလျ နိုင်ငံသူလေး Rose Wimbush ကို လူပုံအလယ်မှာ ရုတ်တရက် လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။
Where dreams come true 💍 ❤️#LoveOurSCG #AUSvIND pic.twitter.com/MqS3XZMaig
— Sydney Cricket Ground (@scg) November 29, 2020
ပွဲမစခင် အချိန်မှာ Dipen ဟာ Rose ရဲ့ အရှေ့မှာ ဒူးထောက်ထိုင်ချခဲ့ပြီး သူ့ရဲ့လက်ထပ်မှာ လက်စွပ်ဗူးလေးတစ်ဗူးကိုင်ကာ Rose ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကင်မရာရိုက်တဲ့သူက အဆိုပါ အဖြစ်အပျက်ကို ကွင်းအတွင်းမှာရှိတဲ့ big screen ပေါ်မှာ ကွက်တိ ရိုက်ပြခဲ့ပါတယ်။ တစ်ကွင်းလုံးရှိ ပရိသတ်များက ဝိုင်းဝန်းအားပေးခဲ့ရုံသာမက ကွက်းထဲမှာ ရောက်နေတဲ့ နှစ်ဖက် ခရစ်ကတ် ကစားသမားတွေကပါ လက်ခုပ်သြဘာများ ချီးမြှင့်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Rose ကနေပြီးတော့ Dipen ရဲ့ လက်ထပ်ခွင့်တောင်းမှုကို ခေါင်းငြိမ့်ကာ လက်ခံခဲ့ပါတယ်။

“ကျွန်မတို့ နှစ်ယောက်က တွဲလာတာ တော်တော်ကြာပါပြီ။ လက်ထပ်ဖို့ ကိစ္စကို စဉ်းစားနေတာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ ဒီအချိန်ဒီနေရာမှာ Dipen တစ်ယောက် ကျွန်မကို လက်ထပ်ခွင့်တောင်းမယ်ဆိုတာ ကျွန်မအနေနဲ့ လုံးဝမသိခဲ့ရပါဘူး။ ကျိန်းသေတာ တစ်ခုကတော့ ကျွန်မတော်တော်ပျော်ပြီး ရင်တွေလဲ အရမ်းခုန်ရပါတယ်”လို့ Rose က သြစတြေးလျ အခြေစိုက် ရေဒီယိုသတင်းဌာနတစ်ခုသို့ ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw