Live အင်တာဗျုးမေးနေတဲ့ သတင်းထောက်ကို ရုပ်တည်ကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

Twitter- @arunbothra

တချို့သော နိုင်ငံတွေ၊ ဓလေ့တွေမှာဆိုရင် အမျိုးသားက အမျိုးသမီးကို တင်တောင်းရတာမျိုးမဟုတ်ဘဲ အမျိုးသမီးက အမျိုးသားကို တင်တောင်းရတဲ့ အလေ့အထတွေရှိနေတတ်ပါတယ်။ အဲဒီကိစ္စဟာလည်း မင်္ဂလာပွဲရဲ့ မဖြစ်မနေလုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲမှာ ပါဝင်လို့နေပါတယ်။ ဥပမာဆိုရရင် ကိုရီးယား၊ တရုတ်နဲ့ အိန္ဒိယတွေလိုမှာပေါ့

ဒါပေမဲ့လည်း ဒီလို တစ်ယောက်နဲ့တစ်ယောက် ငွေကြေးတွေ၊ ပစ္စည်းတွေအတိအကျနဲ့ တင်တောင်းမှ မင်္ဂလာဆောင် လက်ထပ်ရမယ်ဆိုတဲ့ ဓလေ့ကြီးဟာ ယနေ့ခေတ် လူငယ်တွေအတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုမျိုးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း အများစုသော ခေတ်လူငယ်တွေဟာ ဒီလို ဓလေ့ထုံးတမ်းကိစ္စတွေကို ဆန့်ကျင်လာခဲ့ကြပါတယ်။

Twitter- @arunbothra

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယမှာရှိနေတဲ့ ပြည်တွင်းသတင်းဌာနတစ်ခုကနေပြီး Bihar ဒေသမှာရှိနေတဲ့ လူငယ်အမျိုးသားတွေရဲ့ အမြင်ကို အင်တာဗျူးလိုက်မေးခဲ့ပါတယ်။ အင်တာဗျုးတဲ့ သတင်းထောက်အမျိုးသမီးဟာ လူငယ်အမျိုးသားတစ်ဦးကို ခန်းဝင်ပစ္စည်းလက်ဖွဲ့တွေနဲ့ တင်တောင်းစရိတ်တွေပေါ် ဘယ်လိုမြင်မိလဲဆိုပြီး မေးခွန်းမေးခာခဲ့ပါတယ်။

READ
Social Distancing ကို လိုက်နာကျင့်သုံးနေတဲ့ ဖိလစ်ပိုင်နိုင်ငံက လမ်းဘေးကြောင်လေးများ
Twitter- @arunbothra

ဒါကို အမျိုးသားက သူ့အနေနဲ့တော့ သူ့ကို တစ်ဖက်မိန်းကလေးက ဘာနဲ့မှ တင်တောင်းစရာလည်းမလိုဘူး၊ မင်္ဂလာလည်းဆောင်ပေးစရာမလိုဘဲနဲ့ အလကမတ်တင်းကို လက်ထပ်ပေးဦးမှာဆိုပြီး ပြောလာခဲ့ပါတယ်။ နောက် တစ်ဆက်တည်းမှာတင် လူငယ်လေးဟာ အင်တာဗျူးနေတဲ့ သတင်းထောက်မလေးကို “Aap dahej leke shaadi karoge?”  ဆိုပြီးမေးလာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့  “Will you marry me?” ပါတဲ့လေ။ ခပ်တည်တည်နဲ့ကို ကြုံကြိုက်တုန်း ဈေးဗန်းပစ်ခင်းပစ်လိုက်တာ။ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့အစီအစဉ်ဖြစ်တာကြောင့် ဒီအဖြစ်အပျက်လေးဟာ တမဟုတ်ချင်းပဲ အင်တာနက်ပေါ် တက်သွားပါတော့တယ်။ အင်တာနက်အသုံးပြုသူတွေကတော့ အိန္ဒိယအရှေ့ပိုင်း Bihar သားတွေရဲ့သတ္တိကို အုတ်အောသောင်းနင်းကို ချီးကျူးနေကြပါတော့တယ်။ ဒါလေးကတော့ အင်တာဗျူးဗီဒီယိုလေးပါ။

Twitter- @arunbothra

penny

SHARE